မသန်စွမ်းပေမဲ့လည်း ကိုယ့်အားကိုယ်ကိုးပြီး ရေခဲသုပ်ရောင်းကာ စားဝတ်နေရေးအတွက် ဝီးရှဲလေးနဲ့ ဝင်ငွေရှာနေခဲ့တဲ့ အမျိုးသား

unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက အမျိုးသားတစ်ဦးရဲ့ စိတ်ဓာတ်ကတော့ အထင်ကြီးလေးစားဖွယ်ကောင်းလွန်းလှပါတယ်

မသန်စွမ်းပေမဲ့လည်း မိသားစုဝင်တွေကိုကျွေးမွေးထောက်ပံ့နိုင်ဖို့ ဈေးရဲ့အပြင်ဖက်လေးမှာ ဝီးရှဲလေးနဲ့ ရေခဲသုပ်လေးလိုက်လံရောင်းချနေခဲ့တာပါ

အဆိုပါအဖြစ်အပျက်ကို Sabalza အမည်ရှိတဲ့ အမျိုးသားကတွေ့ရှိပြီး ဓာတ်ပုံရိုက်ကူးကာ social media ပေါ် ဝေမျှခဲ့ပါတယ်

အဆိုပါဓာတ်ပုံအတော်လေးပျံ့နှံ့သွားခဲ့ချိန်မှာတော့ သူများဆီက စာနာသနားမှုတွေကိုမလိုချင်ဘဲ ကိုယ့်ပိုက်ဆံ ကိုယ်ရှာပြီး ၊ ကိုယ့်ကိုယ်ကိုသာ အားကိုတတ်တဲ့အဆိုပါအမျိုးသားရဲ့ စိတ်ဓာတ်ကို လူအတော်အများကချီးကျူးခဲ့ကြပြီး

အဆိုပါအနီးဝန်းကျင်ရောက်ခဲ့ရင်တော့ ဝယ်ယူအားပေးကြဖို့ကိုပါ တိုက်တွန်းခဲ့ကြကြောင်း သိရပါတယ် ။
Jasmine (kbdailynews)
Reference : rachfeed

zawgyi





Jasmine (kbdailynews)
Reference : rachfeed

Add a Comment

Your email address will not be published. Required fields are marked *