အသက်ရှုဖို့ခက်ခဲနေခဲ့တဲ့ဖခင်အတွက် လေထိုးတံလေးကိုတွန်းဖိပြီး အသက်ရှုနိုင်အောင်အမြဲကူညီပေးနေခဲ့တဲ့ 6 နှစ်အရွယ်ကလေးမလေး (ရုပ်သံ)

unicode

ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်လျက်ရှိတဲ့ Catherine Cadiente အမည်ရှိတဲ့ 6 နှစ်သားအရွယ်ကလေးမလေး ရဲ့ မိသားစုဟာ အတော်လေးကို ဆင်းရဲတဲ့လူတန်းစားထဲပါဝင်နေခဲ့ပါတယ် ။

သူမရဲ့ဖခင်ဟာ အသက်ရှုဖို့အတော်လေးကိုခက်ခဲတဲ့ အဆုတ်အားမကောင်းတဲ့ရောဂါဝေဒနာမျိုးခံစားနေရတာပါ ။ အောက်စီဂျင်စက်ဝယ်ဖို့ ငွေကြေးမလုံလောက်လို့ အခုလို လေထိုးတံနဲ့ တွန်းဖိပြီး အသက်ရီုနိုင်အောင်ကြံဖန်ကြိုးစားနေကြရတာပါ ။

မိခင်ဖြစ်သူက အပြင်ထွက်ပြီး ငွေရှာနေရတာမို့ Catherine နဲ့ သူမရဲ့အစ်ကို့ဖစ်သူတို့ဟာ တစ်လှည့်စီ ဖခင်အသက်ရှုနိုင်ဖို့အတွက် လေထိုးတံကို ဖိတွန်းပြီး အနီးကပ်ပြုစုစောင့်ရှောက်နေရတာပါ ။

သို့ပေမဲ့လည်း အရွယ်နဲ့မလိုက်အောင်သိတတ်လွန်းတဲ့ Catherine လေးဟာ ပင်ပန်းပေမဲ့လည်း ဖခင်အတွက်စိတ်ရှည်ပြီး အပြုံးမပျက်ခဲ့ပါဘူး ။ သူတို့မိသားစုရဲ့အကြောင်းကို လူသိများလာတော့ ဆေးစရိတ်တွေ ၊

အသက်ရှုစက်တွေ လှူဒါန်းပေးခဲ့တဲ့ စေတနာရှင်မျိုး တွေ့ရှိခဲ့ပါတယ် ။ အစားအသောက်တွေကိုလည်း ထောက်ပံ့ကူညီပေးခြင်းမျိုး လက်ခံရရှိခဲ့ကြောင်းလည်း သိရှိရပါတယ် ။
Jasmine (kbdailynews)
Reference : gtgoodtimes

ရုပ်သံကြည့်ရှု့ရန်

zawgyi





Jasmine (kbdailynews)

Add a Comment

Your email address will not be published. Required fields are marked *