အုန်းသီးမှုန့်နှင့် ပဲငံပြာရည်ကိုသာ စားသုံးနေရပြီး တစ်ခါတစ်လေ ဘာမှမစားရဘဲ နေနေရတဲ့ မိဘမဲ့မောင်နှမသုံးယောက်

unicode

အုန်းသီးမှုန့်နှင့် ပဲငံပြာရည်ကိုသာစားသုံးနေရပြီးတစ်ခါတစ်လေ ဘာမှမစားရဘဲနေနေရတဲ့ မိဘမဲ့မောင်နှမသုံးယောက်

ကျွန်တော်တို့အားလုံးဟာ မိဘဆိုလို့ဖြစ်လာတာနဲ့ကလေးများကို ပြုစုစောင့်ရှောက်ရန်၊အစားအစာ၊အဝတ်အထည်၊အိမ်တစ်လုံးနှင့် ၎င်းတို့လိုအပ်သမျှကိုဖြည့်ဆည်းပေးကာထောက်ပံ့ပေးရမယ်လို့မျှော်လင့်ထားရပါတယ်။

သို့ပေမဲ့ ဝမ်းနည်းစရာကောင်းတာကအချို့သောကလေးများစွာဟာ ၎င်းတို့ရဲ့မိဘများကိုဆုံးရှုံးသွားရတာကြောင့်ထိုကဲ့သို့သော ခံစားခွင့်မျိုးကို မခံစားနိုင်ကြသလိုရပိုင်ခွင့်လေးလည်း မရှိကြရပါဘူး။

ခုလည်း ဒီကလေးသုံးယောက်ဟာ ဖိလစ်ပိုင်နိုင်ငံ Camarines Norteပြည်နယ် San Roqueမြို့ရှိ Brgy ရပ်ကွက်မှာမိဘမရှိဘဲ မောင်နှမသုံးယောက်သားအတူတူနေထိုင်နေကြပါတယ်။

၎င်းတို့ရဲ့မိခင်ဖြစ်သူဟာ သူမရဲ့ရည်းစားအသစ်နောက်ကိုလိုက်သွားကာ ၎င်းတို့အားဖခင်ဖြစ်သူနှင့်ကျန်ထားခဲ့ပါတယ်။

ကလေးများဟာဖခင်ဖြစ်သူရဲ့စောင့်ရှောက်မှုကို ခံခဲ့ရပေမဲ့လည်း ၎င်းတို့ဟာပြီးခဲ့တဲ့နှစ်ဩဂုဏ်လ ၁၇ရက်မှာဖခင်ဖြစ်သူကို ဝမ်းနည်းစွာဆုံးရှုံးခဲ့ကြရပါတယ်။

ဖခင်ဖြစ်သူကွယ်လွန်ပြီးနောက်မှာတော့ မောင်နှမထဲမှအကြီးဆုံးတစ်ယောက်က ကျန်တဲ့အငယ်တွေကိုထောက်ပံ့ရန်အလုပ်ရှာခဲ့ပေမဲ့

သူကိုယ်တိုင်ကလည်းအငယ်နေသေးတာကြောင့် သူ့နဲ့သင့်တော်တဲ့အလုပ်အချို့ကိုသာလုပ်နိုင်ကာပိုက်ဆံအနည်းငယ်သာရရှိခဲ့ပါတယ်။

ထို့ကြောင့် ၎င်းမောင်နှမများအနေဖြင့် အုန်းသီးနှင့်ပဲငံပြာရည်သာလျှင်၎င်းတို့အတွက်အလွယ်တကူရရှိနိုင်တဲ့အစားအစာများဖြစ်လာခဲ့ရပါတယ်။

အခုလိုအချိန်မျိုးမှာ ၎င်းကလေးများဟာသူတို့ရဲ့မိခင်ကိုအမှန်ပင် လိုအပ်နေသော်လည်း ၎င်းတို့ကိုအိမ်နီးချင်းများကသာကူညီပေးနေခဲ့ရပါတယ်။

သို့ပေမဲ့အိမ်နီးချင်းများကဆင်းရဲပြီး အနည်းငယ်မျှသာကူညီနိုင်ကြတာကြောင့်ကလေးများဟာ များသောအားဖြင့်အစားအစာမစားရတဲ့အချိန်တွေလည်းရှိနေခဲ့ပါတယ်။

၎င်းကလေးငယ်များကို သနားသောအားဖြင့် အိမ်နီးချင်းဖြစ်သူ Jopay T De Guia ဟာ netizenများထံမှ အကူအညီများတောင်းခံပေးခဲ့ပါတယ်။သို့ပေမဲ့လှူဒါန်းမှုများကနည်းလွန်းပြီး ရပ်လိုက်တာနဲ့ ကုန်သွားတာကြောင့်၎င်းတို့အတွက်အစားအစာနှင့် ပိုက်ဆံများက မလုံလောက်နေခဲ့ပါဘူး။

အဆိုပါကလေးများဟာ ထင်ထားတာထပ်အကူအညီအများကြီးလိုအပ်နေတာကြောင့် netizenများက ကလေးများရဲ့မိခင်ဖြစ်သူက သူမရဲ့အမှားကိုအမြန်သုံးသပ်နိုင်ပြီးသူမရဲ့ကလေးများထံသို့ အမြန်ပြန်လာစေရန်အတွက်ဘဲမျှော်လင့်ထားခဲ့ကြပါတော့တယ်။
Mia (kbdailynews)

zawgyi

အုန္းသီးမႈန့္ႏွင့္ ပဲငံျပာရည္ကိုသာစားသုံးေနရၿပီးတစ္ခါတစ္ေလ ဘာမွမစားရဘဲ ေနေနရတဲ့မိဘမဲ့ေမာင္ႏွမသုံးေယာက္

ကြၽန္ေတာ္တို႔အားလုံးဟာ မိဘဆိုလို႔ျဖစ္လာတာနဲ႕ ကေလးမ်ားကို ျပဳစုေစာင့္ေရွာက္ရန္၊အစားအစာ၊အဝတ္အထည္၊ အိမ္တစ္လုံးႏွင့္ ၎တို႔လိုအပ္သမွ်ကို ျဖည့္ဆည္းေပးကာ ေထာက္ပံ့ေပးရမယ္လို႔ ေမွ်ာ္လင့္ထားရပါတယ္။

သို႔ေပမဲ့ ဝမ္းနည္းစရာေကာင္းတာကအခ်ိဳ႕ေသာ ကေလးမ်ားစြာဟာ၎တို႔ရဲ႕မိဘမ်ားကိုဆုံးရႈံးသြားရတာေၾကာင့္ ထိုကဲ့သို႔ေသာခံစားခြင့္မ်ိဳးကိုမခံစားနိုင္ၾကသလို ရပိုင္ခြင့္ေလးလည္းမရွိၾကရပါဘူး။

ခုလည္း ဒီကေလးသုံးေယာက္ဟာဖိလစ္ပိုင္နိုင္ငံ Camarines Norte ျပည္နယ္ San Roque ၿမိဳ႕ရွိ Brgyရပ္ကြက္မွာမိဘမရွိဘဲ ေမာင္ႏွမသုံးေယာက္သားအတူတူေနထိုင္ေနၾကပါတယ္။၎တို႔ရဲ႕မိခင္ျဖစ္သူဟာသူမရဲ႕ရည္းစားအသစ္ေနာက္ကို လိုက္သြားကာ ၎တို႔အားဖခင္ျဖစ္သူႏွင့္ က်န္ထားခဲ့ပါတယ္။

ကေလးမ်ားဟာ ဖခင္ျဖစ္သူရဲ႕ေစာင့္ေရွာက္မႈကိုခံခဲ့ရေပမဲ့လည္း ၎တို႔ဟာၿပီးခဲ့တဲ့ႏွစ္ ဩဂုဏ္လ၁၇ရက္မွာဖခင္ျဖစ္သူကို ဝမ္းနည္းစြာ ဆုံးရႈံးခဲ့ၾကရပါတယ္။

ဖခင္ျဖစ္သူကြယ္လြန္ၿပီးေနာက္မွာေတာ့ ေမာင္ႏွမထဲမွအႀကီးဆုံးတစ္ေယာက္ကက်န္တဲ့အငယ္ေတြကို ေထာက္ပံ့ရန္ အလုပ္ရွာခဲ့ေပမဲ့

သူကိုယ္တိုင္ကလည္း အငယ္ေနေသးတာေၾကာင့္ သူ႕နဲ႕သင့္ေတာ္တဲ့အလုပ္အခ်ိဳ႕ကိုသာလုပ္နိုင္ကာပိုက္ဆံအနည္းငယ္သာရရွိခဲ့ပါတယ္။

ထို႔ေၾကာင့္ ၎ေမာင္ႏွမမ်ားအေနျဖင့္ အုန္းသီးႏွင့္ ပဲငံျပာရည္သာလွ်င္ ၎တို႔အတြက္ အလြယ္တကူရရွိနိုင္တဲ့အစားအစာမ်ားျဖစ္လာခဲ့ရပါတယ္။

အခုလိုအခ်ိန္မ်ိဳးမွာ ၎ကေလးမ်ားဟာသူတို႔ရဲ႕မိခင္ကိုအမွန္ပင္ လိုအပ္ေနေသာ္လည္း ၎တို႔ကိုအိမ္နီးခ်င္းမ်ားကသာကူညီေပးေနခဲ့ရပါတယ္။

သို႔ေပမဲ့ အိမ္နီးခ်င္းမ်ားကဆင္းရဲၿပီးအနည္းငယ္မွ်သာ ကူညီနိုင္ၾကတာေၾကာင့္ ကေလးမ်ားဟာမ်ားေသာအားျဖင့္ အစားအစာမစားရတဲ့အခ်ိန္ေတြလည္းရွိေနခဲ့ပါတယ္။

၎ကေလးငယ္မ်ားကို သနားေသာအားျဖင့္ အိမ္နီးခ်င္းျဖစ္သူ Jopay T De Guiaဟာ netizenမ်ားထံမွအကူအညီမ်ားေတာင္းခံေပးခဲ့ပါတယ္။

သို႔ေပမဲ့ လႉဒါန္းမႈမ်ားကနည္းလြန္းၿပီးရပ္လိုက္တာနဲ႕ ကုန္သြားတာေၾကာင့္ ၎တို႔အတြက္ အစားအစာႏွင့္ ပိုက္ဆံမ်ားကမလုံေလာက္ေနခဲ့ပါဘူး။

အဆိုပါကေလးမ်ားဟာထင္ထားတာထပ္ အကူအညီအမ်ားႀကီးလိုအပ္ေနတာေၾကာင့္ netizenမ်ားက ကေလးမ်ားရဲ႕မိခင္ျဖစ္သူကသူမရဲ႕အမွားကိုအျမန္သုံးသပ္နိုင္ၿပီးသူမရဲ႕ကေလးမ်ားထံသို႔ အျမန္ျပန္လာေစရန္အတြက္ဘဲ ေမွ်ာ္လင့္ထားခဲ့ၾကပါေတာ့တယ္။
Mia (kbdailynews)

Add a Comment

Your email address will not be published. Required fields are marked *