တရုတ်နိုင်ငံကို သဘာဝတရာကြီးက ဒဏ်ခတ်နေပီ ဝဋ်ဆိုတာကြားဖူးတယ်မလား

unicode

တောင်တရုတ် ပင်လယ်ထဲက Cempaka နဲ့ In-Fa ဆိုတဲ့ တိုင်ဖွန်း အမွှာမုန်တိုင်းကြီးရဲ့ အဖျားခတ်တဲ့ အနမ်းဒဏ်ကိုအ ကြီးမားဆုံး ခံစားလိုက်ရပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း Henanပြည်နယ် Zhengzhou မြို့တော်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၀ရက်နေ့ကတည်းကမိုးအဆက်မပြတ်ရွာသွန်းပြီး

တည်ဆောက်ထားတဲ့ရေကာတာကြီးတွေရဲ့အသက်သွေကြောဖြစ်တဲ့မြစ်လက်တက်တွေကရေကြီးရေလျှံမှုကြောင့်

ရေကာတာက ရေတွေလျှံ၊မြို့တော်တွေအထဲ ၆၂၄မီလီမီတာအမြင့်ထိနစ်မြုပ်ခဲ့တယ်မြေအောက်မီးရထားလမ်းတွေအထိနစ်မြုပ်ခဲ့တယ်။

နေရာအနှံ့မှာသဘာဝအရင်းအမြစ်တွေကိုဟန့်တားကာရေကာ တာကြီးတွေဆောက်လုပ်ပြီးဆယ်စုနှစ်များစွာတိုးတက်ပြောင်း လဲမှုတွေကို

အသာစံခဲ့ကြတော့လည်းတစ်ခါတစ်လေသဘာဝတရားဒဏ်ခတ်ခြင်းရဲ့အရသာကိုလည်းပြန်ခံစားရတာမဆန်းပါဘူး။ရာစုနှစ်များစွာမှာဒါဟာအဆိုးရွားဆုံးရေကြီးမှုပါဘဲလို့ဆိုကြတယ်။

ကံတရားပေါ့ဗျာတစ်ခါတစ်လေမှာ “ဝဋ်“ဆိုတဲ့စကားလုံးလေးတစ်လုံးက ကိုယ့်ထံကိုမရောက်မလာမခြင်းကိုယ်ချင်းစာတရားဆိုတာကို

သိပ်ပြီးမမြင်တတ်ကြဘူးကိုယ်ပြန်ခံစားရတဲ့အလှည့်ကျမှ “ ဝဋ်ကြွေး“ကိုအလူးအလဲနဲ့မရှု့မလှကြီးခံစားရမှကိုယ်ချင်းစာနာတတ်ကြတာမဟုတ်လား။

ကမ္ဘာကြီးကိုနိုင်ငံရေး၊စီးပွါးရေးမဟာဗျူဟာအရရော၊စစ် ရေးမဟာဗျူဟာအရပါအင်အားကြီးနိုင်ငံကြီးအဖြစ်“လောဘ မောဟဒေါသ “

တရားတွေကိန်းအောင်းကာနိုင်ရင်ပြီးရောလွှမ်းမိုးနိုင်ရင်ပြီးရောဆိုတဲ့နည်းမျိုးစုံနဲ့မပြုသင့်မပြုအပ်ခဲ့လို့အဲ့ဒီရဲ့တန်ပြန်ဝဋ်ကြွေးကို သဘာဝတရားရဲ့ဒဏ်ခတ်ခြင်းကိုဘဲခံစားနေရမှာပါ။

ကိုယ့်အလှည့်ကျရင်ကံကိုပုံမချနဲ့ကံဆိုတာကိုယ်ကအရင်ပြုခဲ့တာ ကံဆိုတာအလုပ်ကမ္ဘာ့လူသားပေါင်းသန်းပေါင်းများစွာရဲ့ မျက်ရည်စက်တွေကိုမထီမဲ့မြင်မပြုပါနဲ့လှောင်ပြောင်ပျက်ရယ်ခြင်းတွေမပြုကြပါနဲ့။

“ ဝဋ်ကြွေး“ဆိုတာကိုပြန်ဆပ်ရတဲ့အချိန်အတိုးကသိပ်များတယ်။တစ်ကြိမ်တည်းနဲ့ဆပ်လို့မပြီးဘူးအကြိမ်ကြိမ်ဆပ်တာတောင်မကျေဘူးတဲ့။နောက်ထပ်လည်းလာပါအုံးမည်။

ကျုပ်တို့ကတော့ခင်ဗျားတို့ဝူဟန်ကနေစလိုက်တဲ့ငဗစ်ကြောင့် ကပ်ဘေးမျိုးစုံကိုရင်နာနာနဲ့တွန်းလှန်နေကြတာ ၂နှစ်ပြည့်တော့မယ်ဗျချစ်သူခင်သူမိတ်ဆွေတွေနဲ့လည်းကွေကွင်းခဲ့ကြရတာ မနည်းတော့ပါဘူး။

မင်းတို့ရဲ့ကောင်းမှုကြောင့်အနာဂါတ်ကဘာတွေဆက်ဖြစ်လာအုံးမလဲဆိုတာခုထိမရေရာမသေချာသေးဘူး။မူရင်းရေးသားသူကိုလေးစားစွာခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *