ယ‌‌နေ့မနက်မှာ အောင်စီဂျင်ကျပြီး ကွယ်လွန်သွားတဲ့ ဝါရင့်လူကြမ်းသရုပ်ဆောင် ဦးအရိုင်းမင်း

unicode

အောက်ဆီဂျင် ပြတ်လပ်မှုပြသနာဟာ လတ်တလောအခြေအနေမှာ အတော်လေးကို ဆိုးရွားနေတာ ဖြစ်ပါတယ်။ကပ်ရောဂါဆိုးကြီးကြောင့် အနုပညာလောကမှ ကြယ်ပွင့်များလည်း များစွာ

ကြေလွင့် ပျောက်ကွယ်နေကြတာကိုစိတ်မကောင်းစွာဖြင့် မြင်တွေ့နေရပါတယ်။ ဒီနေ့မနက်မှာလည်း လူကြမ်းသရုပ်ဆောင် အရိုင်းမင်း အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သူချစ်ရတဲ့ မိသားစုဝင်များနဲ့ အပြီးတိုင် စွန့်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

သရုပ်ဆောင် အရိုင်းမင်းဟာ ဝါဆိုလပြည့်နေ့ မနက်ပိုင်းတွင် သန်လျင်ဘုရားကုန်းကျေးရွာနေအိမ်တွင် အောက်ဆီဂျင်ကျပြီး ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ အစကတည်းကနှလုံးရောဂါအခံရှိတယ်လို့လည်း ကြားသိရပါတယ်။

လူကြမ်းသရုပ်ဆောင် အရိုင်းမင်းဟာ မြန်မာ့ရိုးရာလက်ဝှေ့သမားဘဝကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နှစ်ပေါင်း (၄၀) ကျော်တိုင်အောင် ကျရာဇာတ်ရုပ်များတွင် ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

အနုပညာလောကမှ ညီအစ်ကိုမောင်နှမများကလည်း သရုပ်ဆောင် အရိုင်းမင်း ကွယ်လွန်တဲ့ သတင်းကြားပြီးအတော်လေးကို စိတ်မကောင်း ဖြစ်ခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီနေ့မနက်မှာလည်း ရွှေမန်းသဘင် တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့မှ ဟာသလူရွှင်တော် ဦးဒီလုံးလည်း သွေးပေါင်ကျပြီး ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။ကွယ်လွန်ကြသူများအားလုံး ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။
Credit

zawgyi

ေအာက္ဆီဂ်င္ ျပတ္လပ္မႈျပသနာဟာ လတ္တေလာအေျခအေနမွာ အေတာ္ေလးကို ဆိုး႐ြားေနတာ ျဖစ္ပါတယ္။ကပ္ေရာဂါဆိုးႀကီးေၾကာင့္ အႏုပညာေလာကမွ ၾကယ္ပြင့္မ်ားလည္း မ်ားစြာေၾကလြင့္ ေပ်ာက္ကြယ္ေနၾကတာကိုစိတ္မေကာင္းစြာျဖင့္ ျမင္ေတြ႕ေနရပါတယ္။ ဒီေန႕မနက္မွာလည္း လူၾကမ္းသ႐ုပ္ေဆာင္ အရိုင္းမင္း ေအာက္ဆီဂ်င္ျပတ္လပ္မႈေၾကာင့္ သူခ်စ္ရတဲ့ မိသားစုဝင္မ်ားနဲ႕ အၿပီးတိုင္ စြန႔္ခြာသြားခဲ့ၿပီ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ အရိုင္းမင္းဟာ ဝါဆိုလျပည့္ေန႕ မနက္ပိုင္းတြင္ သန္လ်င္ဘုရားကုန္းေက်း႐ြာေနအိမ္တြင္ ေအာက္ဆီဂ်င္က်ၿပီး ဆုံးပါးသြားခဲ့ၿပီ ျဖစ္ပါတယ္။ အစကတည္းက ႏွလုံးေရာဂါအခံရွိတယ္လို႔လည္း ၾကားသိရပါတယ္။

လူၾကမ္းသ႐ုပ္ေဆာင္ အရိုင္းမင္းဟာ ျမန္မာ့ရိုးရာလက္ေဝွ႕သမားဘဝကေန အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာခဲ့ၿပီး ႏွစ္ေပါင္း (၄၀) ေက်ာ္တိုင္ေအာင္ က်ရာဇာတ္႐ုပ္မ်ားတြင္ ပီျပင္ေျပာင္ေျမာက္စြာ သ႐ုပ္ေဆာင္နိုင္ခဲ့သူတစ္ဦး ျဖစ္ပါတယ္။

အႏုပညာေလာကမွ ညီအစ္ကိုေမာင္ႏွမမ်ားကလည္း သ႐ုပ္ေဆာင္ အရိုင္းမင္း ကြယ္လြန္တဲ့ သတင္းၾကားၿပီးအေတာ္ေလးကို စိတ္မေကာင္း ျဖစ္ခဲ့ၾကရတာ ျဖစ္ပါတယ္။

ဒီေန႕မနက္မွာလည္း ေ႐ႊမန္းသဘင္ တင္ေမာင္ဆန္းမင္းဝင္း ဇာတ္အဖြဲ႕မွ ဟာသလူ႐ႊင္ေတာ္ ဦးဒီလုံးလည္း ေသြးေပါင္က်ၿပီး ကြယ္လြန္သြားခဲ့ရတာ ျဖစ္ပါတယ္။ကြယ္လြန္ၾကသူမ်ားအားလုံး ေကာင္းရာမြန္ရာဘုံဘဝသို႔ ေရာက္ရွိၾကပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကိုတင္ဆက္ေပးလိုက္ ရပါတယ္။
Credit

Add a Comment

Your email address will not be published. Required fields are marked *