လူထုကို သတင်းမှားတွေဖြန့်ပြီး လိမ်နေတဲ့ စစ်.ကောင်စီ (ရုပ်/သံ)

unicode

စစ်.ကောင်.စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ Covid-19 တတိယလှိုင်းကိုထိန်းချုပ်နိုင်ဖို့

ကုသထိန်းချုပ်ရေး အစီအစဉ်တွေကို စနစ်တကျလုပ်ဆောင်နေပြီး၊ အောက်ဆီဂျင်နဲ့ကြက်ဥတွေလည်း

အလုံအလောက်ရှိနေတယ်လို့ သူတို့ရဲ့ဝါဒဖြန့်ရုပ်သံတွေကတဆင့်ပြောဆိုနေပါတယ်။

လက်ရှိ မြေပြင်မှာတော့ အိမ်သုံးဆေးဝါးနဲ့ ကြက်ဥလိုအခြေခံစားသောက်ကုန်တွေပါပြတ်လပ်မှုတွေကြုံတွေ့နေရပြီး၊ Covid-19ကူးစက်ခံနေရတဲ့လူနာတွေအတွက်

အလိုအပ်ဆုံးဖြစ်တဲ့ အောက်စီဂျင်အချိန်မီမရရှိတာတွေကြောင့် သေဆုံးမှုတွေ မြင့်တက်နေတယ်လို့

မြေပြင်ကကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ လူနာရှင်တွေကပြောကြပါတယ်။

ဒါ့အပြင် ဆေးရုံတွေကလူနာတွေကိုလက်မခံတာကြောင့် နေအိမ်ကို ပြန်သယ်တဲ့လမ်းမှာတင်သေ.ဆုံးခဲ့ရသူတွေ နေ့စဉ် ရှိနေသလို၊ စစ်.ကောင်စီကပြင်ပမှာ

အခမဲ့ ကုသပေးနေတဲ့ ဆရာဝန်တွေကို လိုက်လံဖမ်းဆီးတာ၊ ကူညီကယ်ဆယ်ရေး ပရဟိတအသင်းတွေကို ခြိမ်းခြောက်အကြပ် ကိုင်တာတွေကိုလည်းလုပ်ဆောင်နေပါတယ်။

ဇူလိုင်လ ဒုတိယအပတ်ကစလို့ လူဦးရေ ၅သန်းကျော်ရှိတဲ့ ရန်ကုန်တမြို့ထဲမှာတင်တအိမ်တယောက်နီးပါးကိုဗစ်ကူးစက်ခံနေရပြီး၊ ဇူလိုင် ၁၃ရက်၊တရက်တည်းမှာတင်လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။

နေ့စဉ် လူရာချီ သေဆုံးမှုတွေကြောင့်သုသာန်တွေမှာလူသေအလောင်းတွေပုံထပ်နေပြီး၊မီးသဂြိုလ်မှုတွေကို

ညဉ့်နက်တဲ့အထိ လုပ်နေရပေမယ့်မြေပြင်အဖြစ်ပျက်တွေကို စစ်.ကောင်စီကတော့ ငြင်းဆိုနေဆဲဖြစ်ပါတယ်။
credit

ရုပ်သံနားဆင်ရန်

zawgyi

စ.စ္ေကာင္စီ ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ဟာ Covid-19 တတိယလွိုင္းကို ထိန္းခ်ဳပ္ နိုင္ဖို႔

ကုသထိန္းခ်ဳပ္ေရးအစီအစဥ္ေတြကိုစနစ္တက်လုပ္ေဆာင္ေနၿပီး၊ ေအာက္ဆီဂ်င္နဲ႕

ၾကက္ဥေတြလည္းအလုံအေလာက္ ရွိေနတယ္လို႔သူတို႔ရဲ႕ဝါဒျဖန႔္႐ုပ္သံေတြကတဆင့္ ေျပာဆိုေနပါတယ္။

လက္ရွိ ေျမျပင္မွာေတာ့အိမ္သုံးေဆးဝါးနဲ႕ၾကက္ဥလို အေျခခံစားေသာက္ကုန္ေတြပါ ျပတ္လပ္မႈေတြႀကဳံေတြ႕ေနရၿပီး၊ Covid-19 ကူးစက္ခံေနရတဲ့လူနာေတြအတြက္

အလိုအပ္ဆုံးျဖစ္တဲ့ ေအာက္စီဂ်င္ အခ်ိန္မီ မရရွိတာေတြေၾကာင့္ ေသဆုံးမႈေတြ ျမင့္တက္ေနတယ္လို႔ ေျမျပင္က ကူညီကယ္ဆယ္ေရးလုပ္ေဆာင္ေနသူေတြနဲ႕လူနာရွင္ေတြက ေျပာၾကပါတယ္။

ဒါ့အျပင္ ေဆး႐ုံေတြကလူနာေတြကိုလက္မခံတာေၾကာင့္ ေနအိမ္ကို ျပန္သယ္တဲ့လမ္းမွာတင္ ေသဆုံးခဲ့ရသူေတြ ေန႕စဥ္ ရွိေနသလို၊စ.စ္ေကာင္စီက ျပင္ပမွာ

အခမဲ့ ကုသေပးေနတဲ့ဆရာဝန္ေတြကိုလိုက္လံဖမ္းဆီးတာ၊ ကူညီကယ္ဆယ္ေရး

ပရဟိတအသင္းေတြကိုၿခိမ္းေျခာက္အၾကပ္ ကိုင္တာေတြကိုလည္းလုပ္ေဆာင္ေနပါတယ္။

ဇူလိုင္လ ဒုတိယ အပတ္ကစလို႔လူဦးေရ ၅သန္းေက်ာ္ရွိတဲ့ ရန္ကုန္တၿမိဳ႕ထဲမွာတင္ တအိမ္တေယာက္နီးပါးကိုဗစ္ကူးစက္ခံေနရၿပီး၊ ဇူလိုင္ ၁၃ရက္၊တရက္တည္းမွာတင္ လူ၅၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

ေန႕စဥ္ လူရာခ်ီ ေသဆုံးမႈေတြေၾကာင့္ သုသာန္ေတြမွာ လူေသအေလာင္းေတြပုံထပ္ေနၿပီး၊မီးသၿဂိဳလ္

မႈေတြကိုညဉ့္နက္တဲ့အထိလုပ္ေနရေပမယ့္ ေျမျပင္အျဖစ္ပ်က္ေတြကို စ.စ္ေကာင္စီကေတာ့ ျငင္းဆိုေနဆဲ ျဖစ္ပါတယ္။

ရုပ်သံနားဆင်ရန်

Add a Comment

Your email address will not be published. Required fields are marked *