အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်မယ့်သူများအတွက် မြေနေရာ အခမဲ့ငှားပေးမယ်လို့ သတင်းကောင်းပါးလာတဲ့ သရုပ်ဆောင်နေထူးနိုင်

unicode

သရုပ်ဆောင် နေထူးနိုင်ကတော့ ထူးခြားဆန်းပြားတဲ့ဇာတ် ကောင်တွေနဲ့အတူ ပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကိုအခိုင် အမာရရှိထားတဲ့မင်းသားကြီးပဲဖြစ်ပါတယ်နော်။ နေထူးနိုင်က တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူအမှန်တရား ဘက်ကနေပါဝင်ခဲ့ပါတယ်နော်

မင်းသားကြီးနေထူးနိုင်ကတော့ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ပရိသတ်အချစ်တော်တစ်ယောက်ပါ။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ခြင်းမရှိတော့ဘဲ ချစ်ရတဲ့သူရဲ့မိသားစုနဲ့အတူပျော်ရွှင်စွာနေထိုင်ရင်း ဘဝကိုအေးချမမ်းစွာနဲ့ဖြတ်သန်းနေခဲ့ပါတယ်။

အလှူအတန်းရက်ရောတဲ့ နေထူးနိုင်ကတော့ ဇနီးဖြစ်သူနဲ့စီး ပွားရေးလုပ်ငန်းကိုလုပ်ဆောင်ပြီး တော်လှန်ရေးကြောင့်ခက်ခဲနေတဲ့ ပြည်သူများကိုလဲလှူဒါန်းပေးနေခဲ့ပါတယ်နော်။

လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကြီးနဲ့ ပတ်သတ်ပြီးတော့ ကူးစက်မှုတွေဟာ တစ်နေ့ထက်တစ်နေ့ များပြားလာပါတယ်။ အောက်ဆီဂျင်မလုံလောက်မှုကြောင့်လဲ အသက်ဆုံးရှုံးရတဲ့ သူတွေလဲများပြားလာပါတယ်။

ဒါကြောင့်အလှူရှင်များကလဲ အောက်ဆီဂျင်တွေအလွယ်တကူရနိုင်ဖို့ တတ်နိုင်တဲ့ဘက်ကနေပါဝင်လှူဒါန်းပေးနေကြပါတယ်။

နေထူးနိုင်ဟာဆိုရင်လဲအောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ချင်သူ များအတွက်မြေနေရာကို အခမဲ့ငှားရန်းပေးမယ့်အကြောင်းကို အခုလိုပြောကြားလာပါတယ်ခင်ဗျာ။

နေထူးနိုင်က ရေနံချောင်းမှာ အောက်ဆီဂျင်စက်ရုံထောင်ချင်ရင် မြေနေရာအခမဲ့အငှားအလှူပေးပါ့မယ်ခင်ဗျာ ဆိုပြီးတော့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ရေးသားဖော်ပြ ထားပါတယ်နော်။

ယခုလို တက်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ကူညီပေးတဲ့ နေထူးနိုင်ကိုလဲအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ယခုလို ပြီးဆုံးအောင် ဖတ်ပေးကြတဲ့ စာဖတ်သူပရိသတ်အပေါင်းတို့ ကပ်ရောဂါဆိုးကြီးမှလွတ်ကင်းနိုင်ကြပါစေခင်ဗျာ။
crd to

zawgyi









crd to

Add a Comment

Your email address will not be published. Required fields are marked *