မိခင်ဖြစ်သူကိုပြုစုပေးရင်း ကိုဗစ်ရောဂါကူးစက်ခံလိုက်ရကြောင်းပရိတ်သတ်တွေကို အသိပေးပြောကြားလိုက်တဲ့ တင်ဇာမော်

unicode

တင်ဇာမော်ကတော့ အဆိုတော်လောကမှာ အချိန်အတော်ကြာ ရပ်တည်ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တွေများစွာကိုလည်း ရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ် သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့ပြီး ယနေ့အချိန်ထိ ပရိသတ်အားပေးမှုကို ရရှိနေသူပါ ။

မနေ့ကညပိုင်းလောက်မှာတော့ တင်ဇာမော်က သူရဲ့ ဖေ့ဘွတ်စာမျက်နှာလေးထက်ကနေ စိတ်မကောင်းစရာ သတင်းလေးတစ်ခုကိုဝေမျှလာပါတယ်

ကိုဗစ်ရောဂါကို သူကိုယ်တိုင်ခံစားနေရပြီဖြစ်ကြောင်းကို ရေးသားဖော်ပြထားတာတွေ့ရပါတယ်

ဒါ့အပြင် နေမကောင်းဖြစ်နေတာ ၃ရက်ရှိပြီလို့လည်း သိရပါတယ် သူကိုယ်တိုင်စစ်ထားတဲ့ Test Kit လေးနဲ့အတူ ” ဒီနေ့… တစ်နေကုန် မနက်ကနေ ည‌နေထိတောက်လျှောက်မနားတမ်း မေမေ့အတွက် လုပ်စရာတွေလုပ်နေရင်းက တီတီခိုင့်သတင်းကြားတော့… ခဏလောက်တော့ထိုင်ချလိုက်ရတယ်.

ညနေ ရောက်တော့ ကိုယ့်ဖာသာဝယ်ထားတဲ့ Test kit ကိုသုံးပြီး ဆရာမလေးတစ်ယောက်ကိုအကူအညီတောင်း နှာခေါင်းနှိုက်ပြီးစစ်တော့ ကျမဆီဧည့်သည်ရောက်နေပါ‌ရောလား… မေမေ Day7 TZM Day 3 မေမေအမြန်ဆုံးသက်သာပါစေ..

မေမေ့အတွက်အောက်ဆီဂျင်တတ်နိုင်သမျှကူညီပေးကြတဲ့ မိတ်ဆွေများရောကူညီကြတဲ့မိတ်ဆွေများရော အားလုံးကို ကျေးဇူး အထူးအထူးတင်ပါတယ်ရှင်.. ”

ရေးသားဖော်ပြထားရာပြန်လည်ဝေမျှပေးရင်းအမြန်နေကောင်းပါစေဆုတောင်းပေးလိုက်ပါတယ်နော်

zawgyi






