ဘရာဇီး MMA ဖိုက်တာ လီအန်ဒိုလ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရမယ့် အောင်လအန်ဆန်

unicode

One Championship ၌ မစ်ဒယ်ဝိတ်တန်းတွင်ရက်ပေါင်း(၁၂၁၈)ရက် လိုက်ဟဲဗီးဝိတ်တန်းတွင် ရက်ပေါင်း(၁၁၆၁)ရက်ကြာ ကမ္ဘာ့ချန်ပီယံခါးပတ်(၂)ခုကို ပိုင်ဆိုင်ခဲ့သူ နှစ်ထပ်ကွမ်းချန်ပီယံဟောင်း နာမည်ကြီး မြန့်မာ့စပါးကြီးမြွေ အောင်လအန်ဆန် သည် ယခုလကုန်(၃၀)ရက်နေ့တွင် စင်ကာပူ၌ ဘရာဇီးဖိုက်တာ လီအန်ဒိုလ် နဲ့ထိုးသတ်ရမည်ဟု Oneအဖွဲ့အစည်းက တွဲဆိုင်းများထုတ်ပြန်လိုက်ပြီဖြစ်သည်။

Battleground ဟုအမည်ပေးထားသည့်ယင်းပြိုင်ပွဲတွင် တွဲဆိုင်း(၆)ဆိုင်းပါဝင်ထိုးသတ်မှာဖြစ်ပြီး Main Event အဖြစ် One ​မွေထိုင်း Straw Weight ရွှေခါးပတ်ကာကွယ်ပွဲထိုးသတ်မှာဖြစ်ကာ အောင်လ နဲ့ လီရန်ဒရို တို့ကတော့ ဒုတိယခေါင်ပွဲအဖြစ် ထိုးသတ်ရမည်ဟု One ကထုတ်ပြန်ခဲ့သည်။

ခေါင်ပွဲမှာ ONE Strawweight Muay Thai World Champion ဖြစ်တဲ့ Sam-A က Prajanchai ကို ချန်ပီယံကာကွယ်ရပါမယ်။ ရှေ့ထွက်ပွဲတွေမှာ Sitthichai ၊ Ritu Phogat နဲ့ Victoria Lee တို့လည်း ပါသေးတယ်။

ယင်းပွဲစဥ်မှာ မစ်ဒယ်ဝိတ်တန်းပွဲစဥ်ဖြစ်ကာ အဲဒီပွဲမှ အနိုင်ရရ်ှိသူသည် လက်ရှိမစ်ဒယ်ဝိတ်ချန်ပီယံ နယ်သာလန်သား ဒီရိုင်ဒါ ၏ခါးပတ်ကိုစိန်ခေါ်လုယူခွင့် ရရှိမှာဖြစ်ပါတယ်။

အောင်လဟာ၂၀၁၉ခုနစ်တုန်းက World MMA Awards ဆုပေးပွဲမှာ UFC မှကမ္ဘာကျော်ဖိုက်တာများဖြစ်သည့် မိုက်ကယ်ဘစ်စပင်း ၊ ကော်နာမက်ဂရီဂေါ်၊ ခါဘစ် ၊ ရောဘတ်ဝစ်တခါ တို့ရရှိဖူးသည့်

International Fighter of the Year ဆုကြီးကို UFC ၏လက်ရှိမစ်ဒယ်ဝိတ်ချန်ပီယံ နာမည်ကြီးIsrael Adesanya ကိုကျော်ဖြတ်ကာ ရယူနိုင်ခဲ့သူဖြစ်ပါတယ်

ဒါ့အပြင် အောင်လရဲ့ လက်ရှိ မစ်ဒယ်ဝိတ်တန်းပြိုင်ဖက်ကြီး နှစ်ယောက်ဖြစ်တဲ့ ရိုင်နီယာနဲ့လီအန်ဒိုလ်အာတိုင်းစ်ဒီးစ်တို့ကတော့ Gym တစ်ခုထဲမှာ လေ့ကျင့်ပြင်ဆင်နေကြပါတယ်။

လီအန်ဒိုလ်ရဲ့မိန်းမဟာ နယ်သာလန်နိုင်ငံသူဖြစ်တာကြောင့် ရိုင်နီယာနဲ့တွေ့ဆုံပြီး ရင်းနှီးခဲ့ကြတာပါ။ ဒါ့အပြင်လက်ရှိ လီအန်ဒရိုတို့လင်မယားဟာ ကလေးမွေးဖွားထားတာကြောင့်နယ်သာလန်ကို ရောက်နေပုံပါဘဲ။

ဒါကြောင့် ရိုင်နီယာရဲ့ Gym ဖြစ်တဲ့ Combat Brothers gym မှာ တူတူလေ့ကျင့်နေကြတာဖြစ်ပါတယ်။

အောင်လကို နှစ်ကြိမ်တိတိအနိုင်ယူထားဖူးတဲ့ ရိုင်နီယာနဲ့ လီအန်ဒိုလ်တို့ တူတူလေ့ကျင့်နေတာဟာ အရမ်းကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

လီအန်ဒရိုနဲ့အောင်လကတော့ အလုံးအထည်ချင်းတူတူလောက်ပါဘဲ။ ဂျူဂျစ်စုပိုင်းမှာ ဂျူဂျစ်စုကမ္ဘာ့ချန်ပီယံဖြစ်ထားတဲ့ လီအန်ဒရိုကသာခဲ့ရင်တောင် ‌ရုန်းအားနဲ့ ကြံ့ခိုင်မှုနဲ့ striking ပိုင်းမှာတော့ အောင်လကသာတယ်လို့ယုံကြည်ပါတယ်။

ဒါကြောင့် နယ်သာလန်သား ဒီရိုင်ဒါ ၏မစ်ဒယ်ဝိတ်ခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့အတွက် (၃၀)ရက်နေ့ပွဲမှာ ဘရာဇီးသား လီရန်ဒရို နဲ့ပွဲကိုရင်ခုန်စွာနဲ့စောင့်ကြည့် ရအောင်လို့ သတင်းပေးလိုက်ပါရပါတယ်။

Leandro Ataides ကို အောင်လအင်ဆန်း က အနိုင်ရမယ်လို့ ထင်လား။ စာဖတ်သူတွေရဲ့ အမြင်တွေကိုလည်း သိပါရစေဦး။
credit

zawgyi

One Championship ၌ မစ္ဒယ္ဝိတ္တန္းတြင္ရက္ေပါင္း(၁၂၁၈)ရက္ လိုက္ဟဲဗီးဝိတ္တန္းတြင္ ရက္ေပါင္း(၁၁၆၁)ရက္ၾကာ ကမာၻ႔ခ်န္ပီယံခါးပတ္(၂)ခုကို ပိုင္ဆိုင္ခဲ့သူ ႏွစ္ထပ္ကြမ္းခ်န္ပီယံေဟာင္း နာမည္ႀကီး ျမန့္မာ့စပါးႀကီးေႁမြ ေအာင္လအန္ဆန္ သည္ ယခုလကုန္(၃၀)ရက္ေန႕တြင္ စင္ကာပူ၌ ဘရာဇီးဖိုက္တာ လီအန္ဒိုလ္ နဲ႕ထိုးသတ္ရမည္ဟု Oneအဖြဲ႕အစည္းက တြဲဆိုင္းမ်ားထုတ္ျပန္လိုက္ၿပီျဖစ္သည္။

Battleground ဟုအမည္ေပးထားသည့္ယင္းၿပိဳင္ပြဲတြင္ တြဲဆိုင္း(၆)ဆိုင္းပါဝင္ထိုးသတ္မွာျဖစ္ၿပီး Main Event အျဖစ္ One ​ေမြထိုင္း Straw Weight ေ႐ႊခါးပတ္ကာကြယ္ပြဲထိုးသတ္မွာျဖစ္ကာ ေအာင္လ နဲ႕ လီရန္ဒရို တို႔ကေတာ့ ဒုတိယေခါင္ပြဲအျဖစ္ ထိုးသတ္ရမည္ဟု One ကထုတ္ျပန္ခဲ့သည္။

ေခါင္ပြဲမွာ ONE Strawweight Muay Thai World Champion ျဖစ္တဲ့ Sam-A က Prajanchai ကို ခ်န္ပီယံကာကြယ္ရပါမယ္။ ေရွ႕ထြက္ပြဲေတြမွာ Sitthichai ၊ Ritu Phogat နဲ႕ Victoria Lee တို႔လည္း ပါေသးတယ္။

ယင္းပြဲစဥ္မွာ မစ္ဒယ္ဝိတ္တန္းပြဲစဥ္ျဖစ္ကာ အဲဒီပြဲမွ အနိုင္ရရ္ွိသူသည္ လက္ရွိမစ္ဒယ္ဝိတ္ခ်န္ပီယံ နယ္သာလန္သား ဒီရိုင္ဒါ ၏ခါးပတ္ကိုစိန္ေခၚလုယူခြင့္ ရရွိမွာျဖစ္ပါတယ္။

ေအာင္လဟာ၂၀၁၉ခုနစ္တုန္းက World MMA Awards ဆုေပးပြဲမွာ UFC မွကမာၻေက်ာ္ဖိုက္တာမ်ားျဖစ္သည့္ မိုက္ကယ္ဘစ္စပင္း ၊ ေကာ္နာမက္ဂရီေဂၚ၊ ခါဘစ္ ၊ ေရာဘတ္ဝစ္တခါ တို႔ရရွိဖူးသည့္

International Fighter of the Year ဆုႀကီးကို UFC ၏လက္ရွိမစ္ဒယ္ဝိတ္ခ်န္ပီယံ နာမည္ႀကီးIsrael Adesanya ကိုေက်ာ္ျဖတ္ကာ ရယူနိုင္ခဲ့သူျဖစ္ပါတယ္

ဒါ့အျပင္ ေအာင္လရဲ႕ လက္ရွိ မစ္ဒယ္ဝိတ္တန္းၿပိဳင္ဖက္ႀကီး ႏွစ္ေယာက္ျဖစ္တဲ့ ရိုင္နီယာနဲ႕လီအန္ဒိုလ္အာတိုင္းစ္ဒီးစ္တို႔ကေတာ့ Gym တစ္ခုထဲမွာ ေလ့က်င့္ျပင္ဆင္ေနၾကပါတယ္။

လီအန္ဒိုလ္ရဲ႕မိန္းမဟာ နယ္သာလန္နိုင္ငံသူျဖစ္တာေၾကာင့္ ရိုင္နီယာနဲ႕ေတြ႕ဆုံၿပီး ရင္းႏွီးခဲ့ၾကတာပါ။ ဒါ့အျပင္လက္ရွိ လီအန္ဒရိုတို႔လင္မယားဟာ ကေလးေမြးဖြားထားတာေၾကာင့္နယ္သာလန္ကို ေရာက္ေနပုံပါဘဲ။

ဒါေၾကာင့္ ရိုင္နီယာရဲ႕ Gym ျဖစ္တဲ့ Combat Brothers gym မွာ တူတူေလ့က်င့္ေနၾကတာျဖစ္ပါတယ္။

ေအာင္လကို ႏွစ္ႀကိမ္တိတိအနိုင္ယူထားဖူးတဲ့ ရိုင္နီယာနဲ႕ လီအန္ဒိုလ္တို႔ တူတူေလ့က်င့္ေနတာဟာ အရမ္းေကာင္းတဲ့ကိစၥေတာ့မဟုတ္ဘူးလို႔ ဆိုနိုင္ပါတယ္။

လီအန္ဒရိုနဲ႕ေအာင္လကေတာ့ အလုံးအထည္ခ်င္းတူတူေလာက္ပါဘဲ။ ဂ်ဴဂ်စ္စုပိုင္းမွာ ဂ်ဴဂ်စ္စုကမာၻ႔ခ်န္ပီယံျဖစ္ထားတဲ့ လီအန္ဒရိုကသာခဲ့ရင္ေတာင္ ‌႐ုန္းအားနဲ႕ ႀကံ့ခိုင္မႈနဲ႕ striking ပိုင္းမွာေတာ့ ေအာင္လကသာတယ္လို႔ယုံၾကည္ပါတယ္။

ဒါေၾကာင့္ နယ္သာလန္သား ဒီရိုင္ဒါ ၏မစ္ဒယ္ဝိတ္ခါးပတ္ကို ျပန္လည္ရယူနိုင္ဖို႔အတြက္ (၃၀)ရက္ေန႕ပြဲမွာ ဘရာဇီးသား လီရန္ဒရို နဲ႕ပြဲကိုရင္ခုန္စြာနဲ႕ေစာင့္ၾကည့္ ရေအာင္လို႔ သတင္းေပးလိုက္ပါရပါတယ္။

Leandro Ataides ကို ေအာင္လအင္ဆန္း က အနိုင္ရမယ္လို႔ ထင္လား။ စာဖတ္သူေတြရဲ႕ အျမင္ေတြကိုလည္း သိပါရေစဦး။
credit

Add a Comment

Your email address will not be published. Required fields are marked *