မစားမသောက်ဘဲ စုဆောင်းထားတဲ့ သူရဲ့မြေအိုးစုဗူးလေးကိုခွဲပြီး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ကူညီပေးဖို့အတွက် လှူဒါန်းပေးခဲ့တဲ့ လေးစားစရာ ကလေးမလေး

unicode

လတ်တလော နိုင်ငံရေးအခြေအနေနဲ့ တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါကြောင့် မြန်မာပြည်သူတွေကတော့ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရရှာပါတယ်။

ဒီလိုအဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့ ပြည်သူတွေအပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကူညီလုပ်ဆောင်ပေးနေတဲ့ ပရဟိတအသင်းတွေကိုလည်း စေတနာရှင် ပြည်သူတွေက စုဆောင်းထားကြတဲ့ ငွေများနဲ့ အကြပ်အတည်းတွေကြားထဲကနေ ကူညီလှူဒါန်းပေးကြတွေလည်း ရှိပါတယ်။

ယခုမှာလည်း ပြည်သူတွေကို နေ့ရောညပါကူညီလုပ်ကိုင်ပေးနေတဲ့ We love Natoegyi ပရဟိတအသင်းရဲ့ လူမှုကွန်ယက်မှာတော့ အသက် (၇)နှစ်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ လေးစားစရာ လုပ်ရက်လေးကို ဖော်ပြပေးလာတာ တွေ့ရပါတယ်။

ဒီကလေးမလေးဟာ သူ့ရဲ့ အသက်(၇)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် လပေါင်းကြာရှည်စွာ စုဆောင်းထားတဲ့ မြေအိုးစုဗူးလေးကိုပိုက်ပြီး ပရဟိအသင်းမှာ ကိုယ်တိုင်လာရောက်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ကုသိုလ်ကိုအားကျတဲ့စိတ်ကလေးနဲ့ မစားရက် မသောက်ရက်နဲ့ စုဆောင်းထားတဲ့ ချွေးနှဲစာလေးတွေကို အခက်အခဲဖြစ်နေတဲ့

ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့တဲ့ စေတနာရှင် ကလေးမလေးရဲ့ လုပ်ရက်လေးကတော့ တကယ့်ကို လေးစားဖို့ကောင်းပါတယ်။

ဒီကလေးမလေးရဲ့ လေးစားစရာ လုပ်ရက်လေးနဲ့ ပတ်သက်ပြီး We love Natoegyi ပရဟိတအသင်းရဲ့ လူမှုကွန်ယက်မှာ ချီးကျူးဂုဏ်ပြုကာ ရေးသားဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်တွေလည်း အသက် (၇)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့တဲ့ စေတနာရှင် ကလေးမလေးကို ဆုတောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်။
ប្រភព៖ Source – We love Natoegyi fb page

zawgyi

လတ္တေလာ နိုင္ငံေရးအေျခအေနနဲ႕ တစ္ေက်ာ့ျပန္ျဖစ္ပြားလာခဲ့တဲ့ ကိုဗစ္ေရာဂါေၾကာင့္ ျမန္မာျပည္သူေတြကေတာ့ စားဝတ္ေနေရးအတြက္ ခက္ခက္ခဲခဲ ႐ုန္းကန္ေနရရွာပါတယ္။

ဒီလိုအဆင္မေျပမႈေတြ ႀကဳံေတြ႕ေနရတဲ့ ျပည္သူေတြအျပင္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ကူညီလုပ္ေဆာင္ေပးေနတဲ့ ပရဟိတအသင္းေတြကိုလည္း ေစတနာရွင္ ျပည္သူေတြက စုေဆာင္းထားၾကတဲ့ ေငြမ်ားနဲ႕ အၾကပ္အတည္းေတြၾကားထဲကေန ကူညီလႉဒါန္းေပးၾကေတြလည္း ရွိပါတယ္။

ယခုမွာလည္း ျပည္သူေတြကို ေန႕ေရာညပါကူညီလုပ္ကိုင္ေပးေနတဲ့ We love Natoegyi ပရဟိတအသင္းရဲ႕ လူမႈကြန္ယက္မွာေတာ့ အသက္ (၇)ႏွစ္အ႐ြယ္ ကေလးမေလးတစ္ေယာက္ရဲ႕ ေလးစားစရာ လုပ္ရက္ေလးကို ေဖာ္ျပေပးလာတာ ေတြ႕ရပါတယ္။

ဒီကေလးမေလးဟာ သူ႕ရဲ႕ အသက္(၇)ႏွစ္ျပည့္ေမြးေန႕ အထိမ္းအမွတ္အေနျဖင့္ လေပါင္းၾကာရွည္စြာ စုေဆာင္းထားတဲ့ ေျမအိုးစုဗူးေလးကိုပိုက္ၿပီး ပရဟိအသင္းမွာ ကိုယ္တိုင္လာေရာက္လႉဒါန္းေပးခဲ့တာ ျဖစ္ပါတယ္။

ကုသိုလ္ကိုအားက်တဲ့စိတ္ကေလးနဲ႕ မစားရက္ မေသာက္ရက္နဲ႕ စုေဆာင္းထားတဲ့ ေခြၽးႏွဲစာေလးေတြကို အခက္အခဲျဖစ္ေနတဲ့

ျပည္သူေတြအတြက္ လႉဒါန္းေပးခဲ့တဲ့ ေစတနာရွင္ ကေလးမေလးရဲ႕ လုပ္ရက္ေလးကေတာ့ တကယ့္ကို ေလးစားဖို႔ေကာင္းပါတယ္။

ဒီကေလးမေလးရဲ႕ ေလးစားစရာ လုပ္ရက္ေလးနဲ႕ ပတ္သက္ၿပီး We love Natoegyi ပရဟိတအသင္းရဲ႕ လူမႈကြန္ယက္မွာ ခ်ီးက်ဴးဂုဏ္ျပဳကာ ေရးသားေဖာ္ျပထားတာကိုလည္း ေတြ႕ရပါတယ္။

ပရိသတ္ေတြလည္း အသက္ (၇)ႏွစ္ျပည့္ေမြးေန႕အေနနဲ႕ ျပည္သူေတြအတြက္ လႉဒါန္းေပးခဲ့တဲ့ ေစတနာရွင္ ကေလးမေလးကို ဆုေတာင္းေမတၱာပို႔သေပးလိုက္ပါဦးေနာ္။
ប្រភព៖ Source – We love Natoegyi fb page