ယခုနှစ် အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း မိသားစုအစား ရန်ကုန်စည်ပင်ဌာနမှူးတစ်ဦး က လွမ်းသူ့ပန်းခွေချ

unicode

ဒီကနေ့ ၂၀၂၁ ခုနှစ် ဇူလိုင်၁၉ရက်မှာကျရောက်တဲ့ ၇၄နှစ်မြောက်အာဇာနည်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်း မိသားစုကိုယ်စားဆိုကာရန်ကုန်စည်ပင်ဌာနမှူးတစ်ဦးဖြစ်တဲ့ ဒေါက်တာတိုးအောင်ဆိုသူကလွမ်းသူပန်းခွေချဂါရဝပြုခဲ့တာကို စစ်တပ်ပိုင်မြဝတီရုပ်သံမှာပြသတာတွေ့ရပါတယ်။

ဒီနှစ်အာဇာနည်နေ့အခမ်းအနားဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူနိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည် တဖန်နေအိမ်အကျယ်ချုပ်နဲ့ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မမျိုးစုံနဲ့တရားစွဲဆိုခံထားရချိန်မှာကျရောက်တဲ့အာဇာနည်နေ့အခမ်းအနားလည်းဖြစ်ပါတယ်။

ယခင်နဝတ၊ နအဖ စစ်အစိုးရလက်ထက်မှာကျင်းပခဲ့တဲ့အာဇာနည်နေ့အခမ်းအနားအများစုကို ထိုစဉ်က နေအိမ်အကျယ်ချုပ်နဲ့ထိန်းသိမ်းခံထားရတဲ့

ဗိုလ်ချုပ်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခွင့်ရှိတာတွေ့ရပါတယ်။အခုစစ်ကောင်စီလက်ထက်အာဏာသိမ်းကာလမှာတက်ရောက်တာမတွေ့တဲ့အပေါ်

ဝေဖန်မှုတွေလည်းရှိသလို တဖက်မှာလည်း ကိုဗစ် ၁၉ ကပ်ရောဂါတတိယလှိုင်းကိုအပြင်းအထန်ရင်ဆိုင်နေရတဲ့အတွက် ကျန်းမာရေးရှုထောင့်အရအတိုင်ပင်ခံအနေနဲ့ ခုလို ပြင်ပကိုမထွက်တာအန္တရာယ်ကင်းတယ်လို့လည်းပြောဆိုမှုတချို့ရှိနေပါတယ်။

ဒီကနေ့အာဇာနည်နေ့ကိုအခြား အာဇာနည်မိသားစုဝင်တွေကို ဖိတ်ကြားပေမယ့် မိသားစုဝင်အများစုကတက်ရောက်တာမရှိဘဲ ကိုယ်စားလွမ်းသူပန်းခွေချတာကိုတွေ့ရပါတယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ရက်အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးကျရောက်တဲ့ ၇၄နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကိုစစ်ကောင်စီ

ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်တာမတွေ့ရဘဲ စစ်ကောင်စီလက်အောက်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုကတက်ရောက်ဂါရဝပြုတာပဲတွေ့ရပါတယ်။
Source : BBC

zawgyi

ဒီကေန႕ ၂၀၂၁ ခုႏွစ္ ဇူလိုင္၁၉ရက္မွာက်ေရာက္တဲ့ ၇၄ႏွစ္ေျမာက္ အာဇာနည္ေန႕ အခမ္းအနားမွာဗိုလ္ခ်ဳပ္ေအာင္ဆန္း မိသားစုကိုယ္စားဆိုကာ ရန္ကုန္စည္ပင္ဌာနမႉးတစ္ဦးျဖစ္တဲ့ ေဒါက္တာတိုးေအာင္ဆိုသူကလြမ္းသူပန္းေခြခ်ဂါရဝျပဳခဲ့တာကို စစ္တပ္ပိုင္ ျမဝတီ႐ုပ္သံမွာျပသတာေတြ႕ရပါတယ္။

ဒီႏွစ္အာဇာနည္ေန႕အခမ္းအနားဟာအမ်ိဳးသားေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သမီးျဖစ္သူနိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တဖန္ေနအိမ္အက်ယ္ ခ်ဳပ္နဲ႕ဖမ္းဆီးထိန္းသိမ္း ခံထားရၿပီးပုဒ္မမ်ိဳးစုံနဲ႕တရားစြဲဆိုခံထားရခ်ိန္မွာ က်ေရာက္တဲ့ အာဇာနည္ေန႕အခမ္းအနားလည္းျဖစ္ပါတယ္။

ယခင္ နဝတ၊ နအဖစစ္အစိုးရလက္ထက္မွာက်င္းပခဲ့တဲ့အာဇာနည္ေန႕အခမ္းအနားအမ်ားစုကိုထိုစဥ္က ေနအိမ္အက်ယ္ခ်ဳပ္နဲ႕ထိန္းသိမ္းခံထားရတဲ့ဗိုလ္ခ်ဳပ္သမီးျဖစ္သူ

ေဒၚေအာင္ဆန္းစုၾကည္တက္ေရာက္ခြင့္ရွိတာေတြ႕ရပါတယ္။အခုစစ္ေကာင္စီလက္ထက္အာဏာသိမ္းကာလမွာတက္ေရာက္တာမေတြ႕တဲ့အေပၚ

ေဝဖန္မႈေတြလည္းရွိသလိုတဖက္မွာလည္းကိုဗစ္ ၁၉ ကပ္ေရာဂါတတိယလွိုင္းကို အျပင္းအထန္ရင္ဆိုင္ေနရတဲ့အတြက္ က်န္းမာေရးရႈေထာင့္အရအတိုင္ပင္ခံအေနနဲ႕ခုလို ျပင္ပကိုမထြက္တာအႏၲရာယ္ကင္းတယ္လို႔လည္း ေျပာဆိုမႈတခ်ိဳ႕ရွိေနပါတယ္။

ဒီကေန႕အာဇာနည္ေန႕ကိုအျခားအာဇာနည္မိသားစုဝင္ေတြကို ဖိတ္ၾကားေပမယ့္ မိသားစုဝင္ အမ်ားစုကတက္ေရာက္တာမရွိဘဲ ကိုယ္စားလြမ္းသူပန္းေခြခ်တာကို ေတြ႕ရပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ၁ရက္ အာဏာသိမ္းၿပီးတဲ့ေနာက္ ပထမဆုံးက်ေရာက္တဲ့၇၄ ႏွစ္ေျမာက္အာဇာနည္ေန႕အခမ္းအနားကိုစစ္ေကာင္စီဥကၠ႒

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္တက္ေရာက္တာမေတြ႕ရဘဲ စစ္ေကာင္စီလက္ေအာက္ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဦးကိုကိုကတက္ေရာက္ဂါရဝျပဳတာပဲေတြ႕ရပါတယ္။
Source : BBC

Add a Comment

Your email address will not be published. Required fields are marked *