အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ဘဝရဲ့ နောက်ဆုံးအချိန်ကို တရားအားထုတ်ရင်း ငြိမ်းချမ်းစွာအနားယူသွားတဲ့ အဘိုးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်

unicode

ကိုဗစ်တတိယလှိုင်းကတော့ မြန်မာပြည်မှာအခြေအနေတွေဆိုးရွားနေပြီး ပြည်သူတွေမှာနေ့စဉ်နဲ့အမျှသေဆုံးသူတွေ များပြားနေတာဖြစ်ပါတယ်

အောက်ဆီဂျင် ပြတ်လပ်မှုတွေအပါအဝင် ဆေးကုသမှု မရတာတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေကြရတဲ့ လူနာတွေမှာ ရောဂါရဲ့ဖိစီးမှုဒဏ်တွေကိုအလူးအလဲခံစားနေကြရတာပါ.

ကိုဗစ်ရောဂါကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့ လူနာတွေလည်းရှိပေမယ့်သေဆုံးမှုတွေဟာများလွန်းတာကြောင့်သဂြိုလ်ဖို့တောင် တန်းစီစောင့်ဆိုင်းနေကြရတဲ့အနေအထားပါ.

သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိသူတွေကူးစက်ခံရတဲ့အခါ စိုးရိမ်ရပြီး အခုတစ်ခါမှာလည်းရောဂါခံစားနေရတဲ့အဖိုးတစ်ယောက်ဟာသူ့ရဲ့နောက်ဆုံးအချိန်မှာတရားအားထုတ်ရင်း ငြိမ်းချမ်းစွာအနားယူသွားခဲ့ပါတယ်

အဖိုးကတော့ ရောဂါဝေဒနာရဲ့ ဖိစီးနှိပ်စက်မှုတွေကို အံတုရင်း သူ့ရဲ့နောက်ဆုံးအချိန်မှာဘုရားတရားကိုအာရုံပြုကာတရားအားထုတ်ရင်း အေးချမ်းစွာအနားယူသွားတာကြောင့် လေးစားစရာကောင်းသလိုချီးကျူးသာဓုခေါ်စရာလည်းကောင်းလွန်းပါတယ်

ပြည်သူတွေအနေနဲ့ လက်ရှိအခြေအနေတွေမှာ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့တိုက်တွန်းရင်း အဖိုးရဲ့ဗီဒီယိုင်လေးကို တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်.

Videoကြည့်ရန်

zawgyi







Videoကြည့်ရန်

Add a Comment

Your email address will not be published. Required fields are marked *