သောင်းလှိုင် သား တစ်ထောင် တန် ဟာသ စွယ်စုံ စာအုပ်ထုတ်ရောင်းနေ

unicode

အာ.ဏာသိမ်.းစစ်.အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ အာ.ဏာသိမ်းချိန်မှစတင်ကာ

ပြောကြားခဲ့သည့်မိန့်ခွန်းများအား စာအုပ်အဖြစ်ထုတ်ဝေကာ ပြန်ကြားရေးရုံးများ၊ပြည်သူ့ဆက်ဆံရေးဌာနနှင့် စာအုပ်ဆိုင်အချို့တွင်ဖြန့်ဖြူးထားကြောင်းသိရသည်။

ပြည်သူများကျန်းမာသန်စွမ်းရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု နှင့်စီးပွားရေးဆိုင်ရာကိစ္စများအားအပါဝင်မိန့်ခွန်း ရှစ်ကြိမ်ပြောကြားမှုကိုပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး

ဦးစီးဌာနမှစီစဉ်ထုတ်ဝေပြီး တစ်အုပ်လျှင်တစ်ထောင်ကျပ်တန်ဖြင့်ဝယ်ယူနိုင်ကြောင်းစစ်အုပ်စုလက်အောက်ခံသတင်းစာတွင်ရေးသားထားသည်။

ပြည်သူများစားသောက်မှုပုံစံကိုကျန်းမာရေးနှင့်အညီပြုပြင်ပြောင်းလဲပေးရန်၊အဓိကအားဖြင့်ဆီ၊အချိုမှုန့်စားသုံးမှုလျော့ချနိုင်ရန်နှင့် ကျန်းမာရေးကိုထိခိုက်စေနိုင်ရန်၊အရက်၊ဆေးလိပ်၊ကွမ်းယာစားသုံးမှုများ၊လျှောချနိုင်ရေးအသိပညာပေးပြီး

ကျန်းမာသန်စွမ်းကာပြည်သူများသက်တမ်းစေ့နေနိုင်ရေးစဉ်းစားဆောင်ရွက်သွားမည်ဆိုသည့်အချက်များထိုစာအုပ်တွင်ပါဝင်ကြောင်းသိရသည်။ခေတ်အဆက်ဆက်စစ်အုပ်စုခေါင်းဆောင်တွေကသူတို့တပ်အတွင်းထဲမှာ

အချင်းချင်းသမိုင်းကို ဆင့်ကဲလိမ်ညာနိုင်ဖို့နဲ့ တပ်ထဲမှာစည်းရုံးနိုင်ဖို့အတွက်ဖြစ်တယ်၊စာပေအသိုင်းအဝန်းကလဲဒါမျိုးကို လက်ခံမှာမဟုတ်ဘူးဟုမုံရွာသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်နေမျိုးမှ မှတ်ချက်ပြုပြောဆိုသည်။

zawgyi

အာ.ဏာ.သိမ္းစစ္.အုပ္စုေခါင္းေဆာင္ မင္းေအာင္လွိုင္၏ အာ.ဏာသိမ္းခ်ိန္မွစတင္ကာ

ေျပာၾကားခဲ့သည့္ မိန႔္ခြန္းမ်ားအားစာအုပ္အျဖစ္ထုတ္ေဝကာ ျပန္ၾကားေရး႐ုံးမ်ား၊ျပည္သူ႕ဆက္ဆံေရးဌာန ႏွင့္ စာအုပ္ဆိုင္အခ်ိဳ႕တြင္ ျဖန႔္ျဖဴးထားေၾကာင္းသိရသည္။

ျပည္သူမ်ားက်န္းမာသန္စြမ္းေရး၊သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈ ႏွင့္ စီးပြားေရးဆိုင္ရာကိစၥမ်ားအားအပါဝင္မိန႔္ခြန္း ရွစ္ႀကိမ္ေျပာၾကားမႈကို ျပန္ၾကားေရးႏွင့္ ျပည္သူ႕ဆက္ဆံေရး

ဦးစီးဌာနမွစီစဥ္ထုတ္ေဝၿပီးတစ္အုပ္လွ်င္ တစ္ေထာင္က်ပ္တန္ျဖင့္ဝယ္ယူနိုင္ေၾကာင္းစစ္အုပ္စုလက္ေအာက္ခံသတင္းစာတြင္ေရးသားထားသည္။

ျပည္သူမ်ားစားေသာက္မႈပုံစံကို က်န္းမာေရးႏွင့္အညီျပဳျပင္ေျပာင္းလဲေပးရန္၊အဓိကအားျဖင့္ ဆီ၊အခ်ိဳမႈန႔္စားသုံးမႈေလ်ာ့ခ်နိဳင္ရန္ႏွင့္ က်န္းမာေရးကိုထိခိုက္ေစနိုင္ရန္၊အရက္၊ ေဆးလိပ္၊ကြမ္းယာစားသုံးမႈမ်ား၊ ေလွ်ာခ်နိဳင္ေရးအသိပညာေပးၿပီး

က်န္းမာသန္စြမ္းကာ ျပည္သူမ်ားသက္တမ္းေစ့ေနနိုင္ေရးစဥ္းစားေဆာင္႐ြက္သြားမည္ဆိုသည့္ အခ်က္မ်ားထိုစာအုပ္တြင္ပါဝင္ေၾကာင္းသိရသည္။ ေခတ္အဆက္ဆက္စစ္အုပ္စုေခါင္းေဆာင္ေတြကသူတို႔တပ္အတြင္းထဲမွာ

အခ်င္းခ်င္းသမိုင္းကိုဆင့္ကဲလိမ္ညာနိုင္ဖို႔နဲ႕တပ္ထဲမွာစည္း႐ုံးနိုင္ဖို႔အတြက္ျဖစ္တယ္၊စာေပအသိုင္းအဝန္းကလဲဒါမ်ိဳးကိုလက္ခံမွာမဟုတ္ဘူးဟုမုံ႐ြာသပိတ္ေခါင္းေဆာင္တစ္ဦးျဖစ္သူကိုေအာင္ေနမ်ိဳးမွ မွတ္ခ်က္ျပဳေျပာဆိုသည္။

Add a Comment

Your email address will not be published. Required fields are marked *