အောက်ဆီဂျင်အတွက်ပိုက်ဆံမပြည့်ရင် တသင်းလုံးကျောက်ကပ်ရောင်းလှုမယ် ဆိုတဲ့ ပရဟိတအဖွဲ့လေး
unicode
အောက်စီဂျင်အတွက် ပိုက်ဆံမပြည့်ရင် တစ်သင်းလုံးကျောက်ကပ်ရောင်းလှူမယ် ဆိုပြီး ပရဟိတအသင်းတခုက ပြောခဲ့တာပါ။ကိုဗစ် တတိယလှိုင်းရဲ့ ရိုက်ခတ်မှု့တွေကြောင့် အောက်စီဂျင်မရလို့ မသေသင့်ပဲ သေခဲ့ရတဲ့ ပြည်သူတွေရဲ့
အသက်တွေကတော့ အတော်လေး နှမြောစရာပါနော်။နေ့နေ့ညည ကိုယ့်မိသားစုထဲက အတွက် အောက်စီဂျင်ရဖို့ နေပူပူ မိုးရွာရွာ အောက်စီဂျင်ဖြည့်ဖို့အတွက် စောင့်နေရတဲ့ မြင်ကွင်းတွေ မြင်ရတာတကယ်ကို
နာကြင်စရာ မြင်ကွင်းတွေပါပဲနော်။ကွမ်းခြံကုန်းက မုဒိတာ လူမှု့ပရဟိတအသင်းကတော့ အောက်စီဂျင် အ တွက် အလှူခံရင်း အခုလို အားလုံးသိအောင် ပြောပြထားတာပါ။တို့မြို့သားတွေ စိတ်မပူနဲ့ အောက်စီဂျင်အတွက် ခဏလေးပဲစောင့်
တစ်လအတွင်း ဖြစ်စေရမယ်… ပိုက်ဆံ မပြည့်ရင် တစ်သင်းလုံး ကျောက်ကပ်ရောင်း လှူမယ် ဆိုပြီးတော့ ကိုရဲထွဍ်က သူရဲ့လူမှု့ကွန်ရက် စာမျက်နှာမှာ အားလုံးသိအောင်
ရေးတင်ထားတာပဲ ဖြစ်ပါတယ်နော်။ပရဟိတသမားတွေရဲ့ ပြည်သူတွေအပေါ် ကူညီချင်လွန်းတဲ့ စိတ်ဓာတ်တွေကတော့မြင်တွေ့ရ ကြားရသူအပေါင်း ကြက်သီးထလောက်စရာ ကောင်းလွန်းပါတယ်ဗျာ။Credit
zawgyi
Add a Comment
Your email address will not be published. Required fields are marked *