သိန်း ၂၀၀၀ ကျော်တန်တဲ့ အိမ်နဲ့ခြံကို ရောင်းပြီး အောက်ဆီဂျင်လှူမယ့်သူ

unicode

ဟင်္သာတခရိုင် လူနာတင်ယာဉ်၊ နာရေးနှင့် သဘာဝဘေးကူညီမှုပရဟိတအဖွဲ့များကွန်ရက်ရဲ့ ဒု ဥက္ကဌ(စီမံ)ဖြစ်တဲ့ ဦးထွန်းထွန်းနိုင်ဟာ ဟသ်ာတကသူတို့ မိသားစုနေထိုင်တဲ့မြန်မာကျပ်ငွေ သိန်း ၂၀၀၀ကျော်တန်တဲ့ အိမ်နဲ့ခြံကိုရောင်းချပြီး အောက်ဆီဂျင်အိုးတွေ လှူဖို့စီစဉ်နေတာဖြစ်ပါတယ်။

လူဟာ အသက်ရှင်နေသမျှ ကာလပတ်လုံး ဘဝကို ပြန်စလို့ရတယ်။ အားလုံးကိုအသက်ရှင်ခွင့်ပေးချင်ပါတယ်။ ဒါကြောင့်မို့လို့ အိမ်ကိုရောင်းချပြီးတော့ တကယ်လို့များအောက်ဆီဂျင်အိုးနဲ့ လဲလှယ်ပေးမယ့်သူရှိရင် ကျွန်တော့မြို့ကလူတွေရော ပြည်သူတွေကိုပါ ပေးချင်ပါတယ်”

” အောက်စီဂျင် အိုးကြီး ၅၀၀နှင့် အလဲအထပ်ရိုက်ချင်ပါသည်။ မြေဂရံ အမည်ပေါက်မြေဝယ်အခွန်အိမ်အမြတ်ခွန်ဆောင်ပြီးနောက်ဘက်ခြံငယ်တစ်ကွက်ပါ (ညှိနှိုင်း) ၊ အိုးမရှိလို့ မရှူရသူတွေကိုပေးချင်လို့ပါ။”ဟု သူ၏လူမှုကွန်ယက်မှာတင်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဟင်္သာတမြို့ရဲ့အရေးပေါ်အောက်ဆီဂျင်လိုအပ်ချက်များကို အားလုံးကနည်းမျိုးစုံနဲ့ အားကြိုးမာန်တက်ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။

ရေရှည်အဆင်ပြေနိုင်ရန်အတွက် မြို့မိမြို့ဖကြီးများ နှင့် အလှူရှင်များမှ Oxygen Plantထားရှိနိုင်ရေးစီစဉ်ဆောင်ရွက်ပေးနေပါတယ်။

အဆိုပါ အစီအစဉ်များဆောင်ရွက်နေစဉ် ကြားကာလအတွင်း အောက်ဆီဂျင်လိုအပ်ချက်များ လတ်တလောပြေလည်နိုင်စေရန်အတွက် ဦးထွန်းထွန်းနိုင်တို့ရဲ့ ဟင်္သာတခရိုင်ကွန်ရက် မှတတတ်တအားအနေဖြင့်ကူညီဆောင်ရွက်ပေးလျှက်ရှိတယ်လို့ဆိုပါတယ်။

ပိုက်ဆံရှိတိုင်းဝယ်လို့မရတော့တဲ့ ရှားပါးပစ္စည်းထဲမှာ အလကားရတိုင်း ရှူနေခဲ့တဲ့ လေ (အောက်ဆီဂျင်) ပါဝင်လာမယ်ဆိုတာ လွန်ခဲ့တဲ့ တလလောက်ထိကိုမြန်မာပြည်သူတွေ မစဉ်းစားမိတဲ့အခြေအနေပါ။

ခုတော့ ကိုဗစ်တတိယလှိုင်းကို ပြင်းထန်စွာရင်ဆိုင်ကြုံတွေ့နေရတဲ့မြန်မာနိုင်ငံမှာ အသွင်းပြောင်းကိုဗစ်ဗိုင်းရပ်မျိုးကွဲတွေ့ တွေ့ရှိထားရပြီး မျိုးကွဲဗီဇပိုးကူးစက်ခံရသူတွေထဲ အောက်ဆီဂျင်ကျတဲ့လက္ခဏာကိုအသက်အရွယ်မရွေးရင်ဆိုင်လာနေရပါပြီ။

လူနာတွေအတွက်လိုအပ်တဲ့အောက်ဆီဂျင်ရဖို့အရေးကလည်း သေရေးရှင်ရေးဖြစ်လာနေတာပါ။

လာမယ့်သီတင်းပတ်ကို အများပြည်သူရုံးပိတ်ရက်သီတင်းပတ်အဖြစ် စစ်ကောင်စီကသတ်မှတ်ပြီးတနိုင်ငံလုံးကိုနေအိမ်ထဲမှာပဲနေကြဖို့နဲ့ မလိုအပ်ဘဲအပြင်မထွက်ဖို့အမိန့်ထုတ်ထားပါတယ်။

ဒီအမိန့်ဟာ အောက်ဆီဂျင် အရေးတကြီးရှာနေရ သူတွေ အခက်အခဲတွေဖြစ်နိုင်တယ်လို့ ဝေဖန်နေကြပါတယ်။

အောက်ဆီဂျင်ရဖို့ တန်းစီနေကြတဲ့ လူတွေကလည်းလျော့သွားတယ်လို့မရှိဘဲဆက်လက်များပြားနေပါတယ်။

zawgyi

ဟသၤာတခရိုင္ လူနာတင္ယာဥ္၊ နာေရးႏွင့္ သဘာဝေဘးကူညီမႈပရဟိတအဖြဲ႕မ်ားကြန္ရက္ရဲ႕ ဒု ဥကၠဌ(စီမံ) ျဖစ္တဲ့ ဦးထြန္းထြန္းနိုင္ဟာဟသ္ာတက သူတို႔မိသားစုေနထိုင္တဲ့ ျမန္မာက်ပ္ေငြ သိန္း၂၀၀၀ ေက်ာ္တန္တဲ့အိမ္နဲ႕ၿခံကို ေရာင္းခ်ၿပီး ေအာက္ဆီဂ်င္အိုးေတြ လႉဖို႔စီစဥ္ေနတာ ျဖစ္ပါတယ္။

လူဟာ အသက္ရွင္ေနသမွ် ကာလပတ္လုံး ဘဝကို ျပန္စလို႔ရတယ္။ အားလုံးကို အသက္ရွင္ခြင့္ေပးခ်င္ပါတယ္။ ဒါေၾကာင့္မို႔လို႔ အိမ္ကိုေရာင္းခ်ၿပီးေတာ့တကယ္လို႔မ်ား ေအာက္ဆီဂ်င္အိုးနဲ႕ လဲလွယ္ေပးမယ့္သူရွိရင္ ကြၽန္ေတာ့ၿမိဳ႕က လူေတြေရာ ျပည္သူေတြကိုပါ ေပးခ်င္ပါတယ္”

ေအာက္စီဂ်င္ အိုးႀကီး ၅၀၀ ႏွင့္ အလဲအထပ္ ရိုက္ခ်င္ပါသည္။ ေျမဂရံ အမည္ေပါက္ ေျမဝယ္အခြန္ အိမ္ အျမတ္ခြန္ေဆာင္ၿပီး ေနာက္ဘက္ ၿခံငယ္တစ္ကြက္ပါ (ညွိႏွိုင္း) ၊ အိုးမရွိလို႔ မရႉရသူေတြကို ေပးခ်င္လို႔ပါ။” ဟု သူ၏လူမႈကြန္ယက္မွာတင္ထားတာျဖစ္ပါတယ္။

ဒါ့အျပင္ ဟသၤာတၿမိဳ႕ရဲ႕အေရးေပၚေအာက္ဆီဂ်င္ လိုအပ္ခ်က္မ်ားကို အားလုံးကနည္းမ်ိဳးစုံနဲ႕အားႀကိဳးမာန္တက္ ေဆာင္႐ြက္ေနၾကတယ္လို႔သိရပါတယ္။

ေရရွည္အဆင္ေျပနိုင္ရန္အတြက္ ၿမိဳ႕မိၿမိဳ႕ဖႀကီးမ်ား ႏွင့္ အလႉရွင္မ်ားမွ Oxygen Plantထားရွိနိုင္ေရးစီစဥ္ေဆာင္႐ြက္ေပးေနပါတယ္။

အဆိုပါ အစီအစဥ္မ်ားေဆာင္႐ြက္ေနစဥ္ ၾကားကာလအတြင္း ေအာက္ဆီဂ်င္လိုအပ္ခ်က္မ်ား လတ္တေလာေျပလည္နိုင္ေစရန္အတြက္ ဦးထြန္းထြန္းနိုင္ တို႔ရဲ႕ဟသၤာတခရိုင္ကြန္ရက္ မွ တတတ္တအားအေနျဖင့္ ကူညီေဆာင္႐ြက္ေပးလွ်က္ ရွိတယ္လို႔ ဆိုပါတယ္။

ပိုက္ဆံရွိတိုင္း ဝယ္လို႔မရေတာ့တဲ့ ရွားပါးပစၥည္းထဲမွာ အလကားရတိုင္း ရႉေနခဲ့တဲ့ ေလ (ေအာက္ဆီဂ်င္) ပါဝင္လာမယ္ဆိုတာ လြန္ခဲ့တဲ့တလေလာက္ထိကို ျမန္မာျပည္သူေတြ မစဥ္းစားမိတဲ့အေျခအေနပါ။

ခုေတာ့ ကိုဗစ္တတိယလွိုင္းကို ျပင္းထန္စြာရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ျမန္မာနိုင္ငံမွာ အသြင္းေျပာင္းကိုဗစ္ဗိုင္းရပ္မ်ိဳးကြဲေတြ႕ ေတြ႕ရွိထားရၿပီး မ်ိဳးကြဲဗီဇပိုးကူးစက္ခံရသူေတြထဲ ေအာက္ဆီဂ်င္က်တဲ့လကၡဏာကိုအသက္အ႐ြယ္မေ႐ြး ရင္ဆိုင္လာေနရပါၿပီ။

လူနာေတြအတြက္လိုအပ္တဲ့ေအာက္ဆီဂ်င္ရဖို႔အေရးကလည္း ေသေရးရွင္ေရးျဖစ္လာေနတာပါ။

လာမယ့္သီတင္းပတ္ကို အမ်ားျပည္သူ႐ုံးပိတ္ရက္သီတင္းပတ္အျဖစ္ စစ္ေကာင္စီက သတ္မွတ္ၿပီး တနိုင္ငံလုံးကို ေနအိမ္ထဲမွာပဲေနၾကဖို႔နဲ႕ မလိုအပ္ဘဲ အျပင္မထြက္ဖို႔အမိန႔္ထုတ္ထားပါတယ္။

ဒီအမိန႔္ဟာ ေအာက္ဆီဂ်င္ အေရးတႀကီးရွာေနရသူေတြ အခက္အခဲေတြျဖစ္နိုင္တယ္လို႔ ေဝဖန္ေနၾကပါတယ္။

ေအာက္ဆီဂ်င္ရဖို႔ တန္းစီေနၾကတဲ့လူေတြကလည္း ေလ်ာ့သြားတယ္လို႔မရွိဘဲဆက္လက္မ်ားျပားေနပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *