ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုဗစ်-၁၉ နဲ့ သတိလစ်သွားလို့ ဆေးရုံတင်ထားရ

unicode

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကိုဗစ်-၁၉နဲ့ သတိလစ်သွားလို့ ဆေးရုံတင်ထားရ

ဖမ်းဆီးခံနေရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ သူ့ဇနီးဒေါ်ခင်မိကြွယ်တို့နှစ်ဦးလုံး ကိုဗစ် ၁၉ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး ဒီကနေ့မနက်ပိုင်းမှာဦးဖြိုးမင်းသိန်းသတိလစ်သွားတဲ့အတွက်မင်္ဂလာဒုံစစ်ဆေးရုံကိုအရေးပေါ်ပို့ဆောင်ထားရပါတယ်။

ဦးဖြိုးမင်းသိန်းကို အခုအောက်ဆီဂျင်ပေးထားရတယ်လို့ ခိုင်လုံတဲ့သတင်းပေးသူတဦးက RFAကိုပြောပါတယ်။ဖမ်းဆီးခံနေရတဲ့ဇနီးဖြစ်သူလည်း ဦးဖြိုးမင်းသိန်းနဲ့အတူဆေးရုံမှာရှိနေတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဦးဖြိုးမင်းသိန်းစတင်ဖျားနာတဲ့အတွက် ဆေးစစ်ရာမှာကိုဗစ်ပိုးကူးစက်နေတာတွေ့ရှိရတာလို့သိရပါတယ်။

သူ့ဇနီး ဒေါ်ခင်မိမိကြွယ်ကိုတော့ ဗုဒ္ဓဟူးနေ့ ဆေးစစ်ရာမှာဗိုင်းရပ်စ်ပိုး ကူးစက်နေတာကိုသိရှိရတာပါ။ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီး ခြောက်ရက်အကြာမှာဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအခုလို သတိလစ်သွားတာဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းနဲ့ ဇနီးဖြစ်သူကိုရေကြည်အိုင်စစ်.တပ်စစ်ကြောရေးစခန်းမှာဖမ်းဆီးထားတာဖြစ်ပြီး မိသားစုကဆေးဝါးနဲ့အစားအစာပို့ခွင့်ရတယ်လို့ဆိုပါတယ်။သူတို့နှစ်ဦးကိုရေကြည်အိုင်က သီးသန့်အိမ်တစ်လုံးမှာထားရှိတာဖြစ်ပါလျှက်နဲ့

ကိုဗစ်-၁၉ပိုးဘယ်လိုကူးစက်ခဲ့တာလဲဆိုတာကိုတော့မသိရသေးပါဘူး။သူတို့ကိုစောင့်ကြပ်နေတဲ့ဗိုလ်ကြီးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးမှာလည်းဗိုင်းရပ်စ်ပိုးကူးစက်နေတာတွေ့ရတယ်လို့ဆိုပါတယ်။

အဲဒီ စောင့်ကြပ်သူတွေမှာ ကိုဗစ်ပိုးကူးစက်နေမှန်းစစ်.ကောင်စီကကြိုတင်သိရှိခဲ့ခြင်း ရှိမရှိဆိုတာကိုလည်းမသိရသေးပါဘူး။

အခုလိုဦးဖြိုးမင်းသိန်းနဲ့ဇနီး ဒေါ်ခင်မိမိကြွယ်တို့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာနဲ့ပတ်သက်ပြီးစစ်.ကောင်စီက သတင်းတစ်စုံတစ်ရာထုတ်ပြန်တာလည်းမရှိသေးပါဘူး။

zawgyi

ဖမ္းဆီးခံေနရတဲ့ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း နဲ႕ သူ႕ဇနီး ေဒၚခင္မိႂကြယ္တို႔ ႏွစ္ဦးလုံးကိုဗစ္ ၁၉ ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရၿပီး ဒီကေန႕မနက္ပိုင္းမွာဦးၿဖိဳးမင္းသိန္း သတိလစ္သြားတဲ့အတြက္ မဂၤလာဒုံစစ္ေဆး႐ုံကို အေရးေပၚပို႔ေဆာင္ထားရပါတယ္။

ဦးၿဖိဳးမင္းသိန္းကို အခု ေအာက္ဆီဂ်င္ ေပးထားရတယ္လို႔ ခိုင္လုံတဲ့ သတင္းေပးသူတဦးက RFAကို ေျပာပါတယ္။ဖမ္းဆီးခံေနရတဲ့ဇနီးျဖစ္သူလည္းဦးၿဖိဳးမင္းသိန္းနဲ႕အတူ ေဆး႐ုံမွာရွိေနတယ္လို႔ဆိုပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႕က ဦးၿဖိဳးမင္းသိန္းစတင္ဖ်ားနာတဲ့အတြက္ ေဆးစစ္ရာမွာ ကိုဗစ္ပိုးကူးစက္ေနတာ ေတြ႕ရွိရတာလို႔သိရပါတယ္။

သူ႕ဇနီး ေဒၚခင္မိမိႂကြယ္ကိုေတာ့ ဗုဒၶဟူးေန႕ ေဆးစစ္ရာမွာ ဗိုင္းရပ္စ္ပိုး ကူးစက္ေနတာကို သိရွိရတာပါ။ဗိုင္းရပ္စ္ပိုး ေတြ႕ရွိၿပီး ေျခာက္ရက္အၾကာမွာဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအခုလိုသတိလစ္သြားတာ ျဖစ္ပါတယ္။

ဦးၿဖိဳးမင္းသိန္းနဲ႕ ဇနီးျဖစ္သူကို ေရၾကည္အိုင္ စစ္တပ္စစ္ေၾကာေရးစခန္းမွာဖမ္းဆီးထားတာျဖစ္ၿပီးမိသားစုက ေဆးဝါးနဲ႕အစားအစာပို႔ခြင့္ရတယ္လို႔ဆိုပါတယ္။သူတို႔ ႏွစ္ဦးကို ေရၾကည္အိုင္ကသီးသန႔္အိမ္တစ္လုံးမွာထားရွိတာျဖစ္ပါလွ်က္နဲ႕

ကိုဗစ္-၁၉ပိုး ဘယ္လိုကူးစက္ခဲ့တာလဲဆိုတာကိုေတာ့မသိရေသးပါဘူး။သူတို႔ကို ေစာင့္ၾကပ္ေနတဲ့ဗိုလ္ႀကီးတစ္ဦးနဲ႕ တပ္ၾကပ္ႀကီးတစ္ဦးမွာလည္းဗိုင္းရပ္စ္ပိုးကူးစက္ေနတာေတြ႕ရတယ္လို႔ဆိုပါတယ္။

အဲဒီ ေစာင့္ၾကပ္သူေတြမွာကိုဗစ္ပိုးကူးစက္ေနမွန္းစစ္ေကာင္စီကႀကိဳတင္သိရွိခဲ့ျခင္းရွိမရွိဆိုတာကိုလည္းမသိရေသးပါဘူး။

အခုလိုဦးၿဖိဳးမင္းသိန္းနဲ႕ဇနီး ေဒၚခင္မိမိႂကြယ္တို႔ ဗိုင္းရပ္စ္ပိုးကူးစက္ခံရတာနဲ႕ပတ္သက္ၿပီးစစ္ေ.ကာင္စီက သတင္းတစ္စုံတစ္ရာထုတ္ျပန္တာလည္းမရွိေသးပါဘူး။

Add a Comment

Your email address will not be published. Required fields are marked *