ယနေ့ ရောက်ရှိလာတဲ့အောက်ဆီဂျင်အိုးတွေကို ပြည်သူတွေထံ ချက်ခြင်းပဲလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

unicode

ပရိသတ်ကြီးရေ ပရဟိတမင်းသမီးလေးလို့ လူသိများနေတဲ့ ခိုင်နှင်းဝေကတော့ သူမရဲ့အောက်ဆီဂျင်အိုးအလှူလေး ဒီနေ့ပဲအထမြောက်သွားပါပြီနော်

ပြည်သူတွေကို အယုတ်၊အလတ်၊အမြတ်မရွေး ဘယ်သူကိုမှ မခဲခြားဘဲ အလှူအတန်းကို လက်နဲ့မပြတ်အောင် လှူဒါန်းနေတဲ့ တကယ့်ကို ပရဟိတမင်းသမီး ပီသပါပေတယ်

ယနေ့ ရောက်ရှိလာတဲ့အောက်ဆီဂျင်အိုးတွေကို ခိုင်နှင်းဝေက ပြည်သူတွေထံ ချက်ခြင်းပဲလှူဒါန်းပေးခဲ့ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်လို့ ခိုင်းနှင်းဝေက အခုလိုဖြေကြားထားပါတယ်

“အောက်ဆီဂျင်အိုးလေးတွေတော့ ရောက်လာပါပြီ။ရှင်.အရေးပေါ်လူနာများကိုလှုပေးဖြစ်ခဲ့ပါတယ်.ရှားပါးနေတဲ့ချိန်ဖြစ်တဲ့ အတွက်လူစုံအောင်မလှုပေးနိုင်တာကိုလဲနားလည်ပေးကြပါရှင်

နောက်ထပ်လဲ လှူနိုင်အောင်ကျမတတ်နိုင်သလောက်ကြိုးစားသွားပါမယ်.အရေးပေါ်လူနာများအား ငွေကြေးတစုံတရာ ကောက်ခြင်းမရှိပဲလှုပေးပြီး မိမိတို့အသုံးပြုပြီးပါကလည်းတဆင့် လိုအပ်သူများအား ပြန်လည်လှုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင်

လိုအပ်သူများပြားလွန်းတာကြောင့် ဖုန်းမဖြေနိုင်တာလဲ နားလည်ပေးကြပါနော်..ကျမကိုယ်တိုင်လဲနေမကောင်းတာတပတ်လောက်ရှိနေပြီး ကျမအတွက် မချန်ထားပဲလှူပေးနေပါတယ်.တကယ်လိုအပ်မှသာ အကူအညီတောင်းမယ် မဆောင်ထားဘူးဆိုတဲ့အသိနဲ့ပါ

ကျမနဲ့ အတူ ပါဝင်လှူဒါန်းပေးကြသော ခုနှစ်ရက် သားသမီး အလှူရှင်များအားလုံး ကုသိုလ်ထပ်တူ ရကြ၍ ပီတိဖြစ်နိုင်ကြပါစေရှင်.”လို့ ခိုင်နှင်းဝေက လူမူကွနိယက်မှာရေးသားထားပါတယ်။

zawgyi






