ဝေဠုကျော်ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ကုန်ကျမည့် ရွေ့လျားအောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်ရန် စီစဉ်နေ

unicode

ဝေဠုကျော်ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ကုန်ကျမည့် ရွေ့လျားအောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်ရန် စီစဉ်နေ

လက်ရှိဖြစ်ပွားနေသည့် ကိုဗစ် (၁၉) ရောဂါ တတိယလှိုင်းတွင် အောက်ဆီဂျင် လိုအပ်ချက်များ များပြားလာသည့်အတွက် ရွေ့လျားအောက်ဆီဂျင်ထုတ်စက်ရုံပုံစံ တည်ဆောက်နိုင်ရန် စီစဉ်နေကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းမှ သိရသည်။

ရန်ကုန်မြို့တွင် ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ကုန်ကျမည့် အောက်ဆီဂျင်ထုတ် စက်ရုံတည်ဆောက်ရန်အတွက် ဝေဠုကျော်ဖောင်ဒေးရှင်းက စီစဉ်နေပြီး ဖောင်ဒေးရှင်းက ကျပ်သိန်း ၁၀၀ မတည်ပေးမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာပြည်မှာ အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် တတိယလှိုင်းပိုးက အောက်ဆီဂျင် အဓိကလိုအပ်လာပါ တယ်။ လူနာတွေ တိုးလာတာနဲ့အမျှ အောက်ဆီဂျင် လိုအပ်ချက်က မနိုင်မနင်း ဖြစ်လာပါပြီ။ အောက်ဆီဂျင်အိုးတွေရလာတော့လည်း လေဖြည့်တဲ့နေရာတွေမှာ အချိန်အကြာကြီး တန်းစီရပါတယ်။

မြို့တိုင်းမှာလည်း အောက်ဆီဂျင်ထုတ် စက်ရုံတွေတည်ဆောက်ဖို့ ပြင်လာကြပါပြီ။ကျွန်တော်တို့ ရန်ကုန်မြို့အတွက်လည်း အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ဖို့လိုအပ်လာပါပြီ။

ကျွန်တော်တို့ ဖောင်ဒေးရှင်းမှမတည်သိန်းတစ်ရာကျပ်နှင့်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ဖို့အလှူခံပါရစေ။“သိန်း၁၅၀၀တန်လောက် မှန်းဆပြီးအလှူခံပါမယ်။

လောလောဆယ်တော့ ကုမ္ပဏီနဲ့ ချိတ်ဆက်နေပါတယ်။ မှန်းထားတာကမိုဘိုင်းရွေ့လျားပုံစံ တည်ဆောက်ဖို့ပါ။ အဆင်မပြေမှမြေပြင်စက်ရုံတည်ဆောက်ပါမယ်”ဟု ဝေဠုကျော်ဖောင်ဒေးရှင်း၏ လူမှုကွန်ရက် စာမျက်နှာတွှင် ရေးသားထားသည်။
crd-original

zawgyi







crd-original

Add a Comment

Your email address will not be published. Required fields are marked *