မီးသဂြိုလ်ဖို့မနိုင်တော့တာကြောင့် ကြမ်းပြင်မှာ ချထားရတဲ့ Dead Body များစွာကိုဗီဒီယိုရိုက်ပြီး ပြသခဲ့တဲ့ ပြည်သူတစ်ဦး
unicode
ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေဟာ တစ်နေ့ထက်တစ်နေ့ တော်တော်လေးကို အခြေအနေဆိုးရွားနေတာ ဖြစ်ပါတယ်။ ထိန်းချုပ်ကာကွယ်လို့တောင်မရနိုင်တော့ဘဲလူကြီးလူငယ်မရွေး နေ့စဉ်နဲ့အမျှ ကွယ်လွန်နေကြတာကိုဝမ်းနည်းစွာမြင်တွေ့နေကြရပါတယ်။
ရေဝေးသုဿာန်မှာတွင်လည်း မနေ့ကနေ့လည်ကနေ ညအထိ သဂြိုလ်စက်ရှေ့တွင် ကွယ်လွန်သွားကြသူများကို းမီးသဂြိုလ်ဖို့ စောင့်ဆိုင်းနေကြသူတွေရာနဲ့ချီရှိနေပါတယ်။
ဒီလိုမြင်ကွင်းမျိုးဟာ မြန်မာနိုင်ငံတွင်တစ်ခါမှမဖြစ်ဖူးတဲ့ အခြေအနေတစ်ခု းဖြစ်ပါတယ်။ပရဟိတလုပ်ဆောင်နေသူတစ်ဦးမှလည်းသူ့ရဲ့လူမှုကွန်ယက်တွင်မှောင်ရီစပျိုးချိန်အထိသဂြိုလ်ဖို့ များစွာကျန်ရှိနေတာကြောင့်ကြမ်းပြင်မှာတောင်ချထားရတဲ့အခြေအနေကို
ကြေကွဲစွာ ယမြင်တွေ့ရမယ့် ဗီဒီယိုဖိုင်တစ်ခုကိုရိုက်ကူးဝေမျှထားတာဖြစ်ပါတယ်။မနေ့ကတစ်နေ့တည်းနဲ့တင် သဂြိုလ်ရတဲ့ အလောင်းအရေအတွက် (၂၀၀)ကျော်ရှိတယ်လို့လည်း ကနဦးသတင်းများအရသိရှိရပါတယ်။
” မိခင်အသင်းဖြစ်သောလူမှုကူညီရေးအသင်း(ရန်ကုန်)တွင် မနေ့ကနာရေးကားမောင်းကုသိုလ်ပြုခဲ့ပါတယ်။ရေဝေး သုဿန် နှင့်ကျီစုသုဿန်များသို့ပိုဆောင်ပေးခဲ့ပါသည်။နာရေးပို့ဆောင်သူတွေကိုတစ်ဦးသာစောင့်ရှောက်ခွင့်ပေးပါတယ် အနားကိုအလာမခံပါဘူး။ဆေးရုံဆေးခန်းတွေမှာကွယ်လွန် ကြတဲ့သူများကိုတော့အအေးခန်းထားခွင့်ပေးပါတယ်။
နေအိမ်တွင်ကွယ်လွန်သွားရင်တော့ နေ့ချင်းသဂြိုလ်ကြရပါတယ်..အခုဆိုအရင်ထက်ကွယ်လွန်သူတွေများပြားနေတာ (5)ရက်လောက်တော့ရှိနေပြီဒီနေ့လည်းဘယ်လောက်ဖြစ်မလည်း ယမသ်ပါဘူး
” ဆိုပြီး သုဿာန်များတွင် လက်ရှိဖြစ်နေတဲ့ အခြေအနေများကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရတဲ့ ပရဟိတလုပ်ဆောင်နေသူတစ်ဦးမှ ရေးသားဝေမျှထားပါတယ်။
ကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားတဲ့ Dead bodyများကို ထုတ်ပိုးတာလည်း အရမ်းစနစ်ကျဖို့လိုသလို၊သယ်ဆောင်သူဟာလည်း PPEဝတ်ပုံ၊ချွတ်ပုံတွေ SOPအတိုင်း စနစ်တကျ လိုက်နာဖို့လိုအပ်ပါတယ်။
Dead bodyနား အပြင်လူသာမန်အဝတ်အစားတွေနဲ့ ကပ်မိရင်တောင်တော်တော်လေးကိုအန္တရာယ်ရှိတဲ့ အနေအထားဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီကာလမှာ ပြည်သူတွေအားလုံးအသက်ရှင်သန်ဖို့ အစွမ်းကုန် ကာကွယ်ကြဖို့လိုပါတယ်။လိုအပ်မှသာအပြင်သွားလာကြဖို့ တိုက်တွန်းပြောကြားရင်းဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။
Videoကြည့်ရန်
zawgyi
ရေဝေးသုဿာန်မှာတွင်လည်းမနေ့က နေ့လည်ကနေညအထိ သဂြိုလ်စက်ရှေ့တွင် ကွယ်လွန်သွားကြသူများကိုမီးသဂြိုလ်ဖို့ စောင့်ဆိုင်းနေကြသူတွေရာနဲ့ချီရှိနေပါတယ်။
နေအိမ်တွင် ကွယ်လွန်သွားရင်တော့ နေ့ချင်း သဂြိုလ်ကြရပါတယ်..အခုဆိုအရင်ထက်ကွယ်လွန်သူတွေများပြားနေတာ(5)ရက်လောက်တော့ ရှိနေပြီဒီနေ့လည်းဘယ်လောက်ဖြစ်မလည်းမသ်ပါဘူး
Videoကြည့်ရန်
Add a Comment
Your email address will not be published. Required fields are marked *