အရေးပေါ်ကိုဗစ်လူနာတွေများပြားလာတာကြောင့် ကိုယ်တိုင် PPE၀တ်စုံ၀တ်ကာ ကူညီပေးနေတဲ့ သံဃာတော်တစ်ပါး

unicode

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ခံရတဲ့လူနာတွေ၊ အသက်ရှူကြပ်လူနာတွေ၊ကိုဗစ်ရောဂါကြောင့်သေဆုံးသွားတဲ့ ပြည်သူတွေလည်း တစ်ဖြည်းဖြည်းများပြားလာနေခဲ့ပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုအခြေအနေက တော်တော်လေးဆိုးရွားနေပြီး ဆေးရုံမတင်လိုက်ရဘဲ သေဆုံးသွားသူတွေရှိသလို အောက်ဆီဂျင်စက်မရရှိဘဲအသက်ရှူကြပ်သေဆုံးသွားတဲ့ပြည်သူတွေလည်းရှိကြပါတယ်။

နိုင်ငံရေးအခြေအနေတွေကြောင့်လည်းကိုဗစ်ကုသရေးစင်တာတွေကောင်းကောင်းမရှိတော့တာကြောင့်ပြည်သူတွေချင်း အချင်းချင်းကူညီပေးနေကြရတာဖြစ်ပါတယ်။

ဆရာ၀န်တွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ online ကနေတစ်ဆင့်အခမဲ့ဆွေးနွေးမှုတွေပြုလုပ်ပေးနေသလို

ပြည်သူချင်းလည်းလှူဒါန်းမှုတွေပြုလုပ်ပေးနေပြီး ပရဟိတအဖွဲ့အစည်းတွေကလည်းတတ်နိုင်သရွေ့ကူညီပေးနေကြတာဖြစ်ပါတယ်။

သို့သော်လည်း ကိုဗစ်လူနာအရေအတွက်ဟာတစ်ဆထက်တစ်ဆများပြားနေတာကြောင့်ကူညီပေးနေကြတဲ့ပရဟိတလူတွေလည်းပင်ပန်းနေကြရပြီဖြစ်ပါတယ်။

အခုလိုများပြားလာတဲ့ ကိုဗစ်လူနာတွေကို ကူညီဖို့အတွက် ဦးဇင်းတစ်ပါးဟာကိုယ်တိုင် PPE၀တ်ကာတတ်အားသရွေ့တစ်ထောင့်တစ်နေရာကနေပါ၀င်ကူညီနေတာကိုတွေ့ရပါတယ်။

အခုလိုလုပ်ရပ်လေးဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ချက်ချင်းပျံ့နှံ့လာခဲ့ပြီး လေးစားချီးကျူးမှုတွေနဲ့အတူ

ဆရာ့တော်အပေါ်ကြည်ညိုသူတွေများပြားနေတာတွေ့ရပါတယ်။ အခုလိုလေးစားဖွယ်ကောင်းတဲ့ ဆရာတော်ရဲ့ဖြစ်စဉ်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Credit

zawgyi









Credit