ပရိတ်သတ်တွေရဲ့ အချစ်ကိုပြန်ရဖို့ အလှူအတန်းတွေရက်ရောနေတဲ့ ဆယ်လီ နေဆန်း

unicode

ပရိတ်သတ်တွေရဲ့အချစ်ကိုပြန်ရအောင် အလှူအတန်းတွေပြုနေတဲ့ ဆယ်လီနေဆန်း

ဆယ်လီနေဆန်းကတော့လူမှုကွန်ယက်ထက်မှာဟာသဗွီဒီယိုဇာတ်လမ်းတိုတွေရိုက်ကူးတင်ဆက်ရာမှပရိတ်သတ်တွေစတင်သတိထားမိလားပြီးအောက်မြင်လာတဲ့ဆယ်လီအနေနဲ့ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိခဲ့ပါတယ်၊

နေဆန်းကသူရတဲ့ဝင်ငွေတွေနဲ့မကြာခဏဆိုသလိုအလှူအတန်းတွေလဲပြုလုပ်ပါသေးတယ်၊သူကတော့လူငယ်အချို့ကိုလဲခေါ်ယူပြီးသူ့ရဲ့ဇာတ်လမ်းတိုတွေမှာပါဝင်သရုပ်ဆောင်ခိုင်းပြီးအောင်မြင်အောင်ဆွဲခေါ်ခဲ့ပါသေးတယ်။

နေဆန်းကတော့တော်လှန်ရေးအစပိုင်းလမ်းထွက်လှုပ်ရှားမှုတွေပဲခနတာတွေ့ရပြီးနောက်ပိုင်းမှာပျောက်ချင်းမလှပျောက်ဆုံးနေခဲ့ပါတယ်။

ဒါကြောင့်လဲပရိတ်သတ်တွေရဲ့ဝေဖန်ပြောမှုကိုလဲခံရပါသေးတယ်၊လုပ်ငန်းအချို့ကလဲပရိတ်သတ်တွေရဲ့တောင်းဆိုမှုကြောင့်သူနဲ့လက်တွဲဖြုတ်ကြောင်းလူမှုကွန်ယက်ထက်မှာရေးသားဖော်ပြလာကြတာလဲတွေ့ရပါတယ်။

ယခုတစ်ခါမှာခဲနေဆန်းကပရိတ်သတ်တွေရဲ့အားပေးမှုကိုပြန်လည်ရရှိစေဖို့အလှူအတန်းတစ်ခုလုပ်ခဲ့ပါတယ်၊

ဒါကတော့ခိုင်နှင်းဝေရင်ခွင်ရိပ်မြုံဂေဟာအတွက်နေဆန်းမှအောက်စီဂျင်အိုးဝယ်ယူရန်အတွက်အလှူငွေငါးသိန်းကျပ်လှုဒါန်း၍လက်ခံရရှိပါတယ်ရှင်၊

အလှူရှင်တယောက်စီတိုင်းကိုမခိုင်နှင်းဝေနှင့်အသင်းသူ၊သားများမှအထူးကျေးဇူးတင်ရှိပါတယ်ရှင်ဆိုပြီးတော့ခိုင်နှင်းဝေရင်သွေးလေးများဂေဟာရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်။

zawgyi









Add a Comment

Your email address will not be published. Required fields are marked *