အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

unicode

အောက်ဆီဂျင်ကိစ္စ နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

လတ်တလောမှာမြန်မာနိုင်ငံအတွင်း အောက်ဆီဂျင်လုံလုံလောက်လောက်ရှိတဲ့အနေအထားဖြစ်ပြီး အောက်ဆီဂျင်ကိစ္စကို နိုင်ငံရေးအရ

အမြတ်ထုတ်ဖို့ဆောင်ရွက်နေတဲ့လူတွေ ရှိတယ်လို့ အာ.ဏာ.သိမ်းစစ်.ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

အောက်ဆီဂျင်အိုးတွေကို တချို့ကလည်းဝယ်ထားပြီးတချို့ကလည်း မသမာတဲ့နည်းနဲ့နိုင်ငံရေးအရအမြတ်ထုတ်လိုတာကြောင့်

အောက်ဆီဂျင်အိုးတွေ ဝယ်ထိန်းပြီးအောက်ဆီဂျင်ပြတ်သွားပြီ ဆိုတဲ့ကောလာဟလထုတ်ပြီးလူတွေကိုအထိတ်တလန့်ဖြစ်အောင်

အနှောင့်အယှက်ပေးနေတာကို သတိပြုကြဖို့လည်း စစ်ကောင်စီဥက္ကဋ္ဌကပြောကြားကြောင်း ဒီနေ့ ဇူလိုင် ၁၃ ရက်နေ့ ထုတ် စစ်.ကောင်.စီထိန်းချုပ်ထားတဲ့မြန်မာ့အလင်းသတင်းစာမှာဖော်ပြထားပါတယ်။အောက်ဆီဂျင်စက်ရုံတစ်ရုံကိုအလှူရှင်တစ်ဦးက

လွှဲပြောင်းလှူဒါန်းဖို့ ဆွေးနွေးလာတဲ့အပေါ်လက်ခံထားပြီးဖြစ်ပြီး အဲဒီစက်ရုံကနေ တစ်နေ့အလုံးပေါင်း ၁၄၄၀ ထုတ်နိုင်မယ်လို့လည်း သူကဆက်ပြောပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုမဖြစ်ဖို့နဲ့မလိုအပ်တဲ့ကောလာဟလတွေမဖြန်ဖို့၊

ဒါဟာ နိုင်ငံရေးကိစ္စမဟုတ်ဘဲ ကျန်းမာရေးနဲ့ လူ့အသက်ကိစ္စဖြစ်နေတာကြောင့် ဒီအပေါ်မှာဒုက္ခရောက်အောင်မလုပ်ဖို့နဲ့ အဲဒီလိုလုပ်လာတယ်ဆိုရင်မိုက်မဲရာကျတဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့ပါတယ်။ဒါ့အပြင်ရောဂါကူးစက်ရင်အိမ်မှာ

ကြိတ်မကုဘဲ ဒေသန္တရကိုအရင်သွားအစစ်အခံဖို့နဲ့ ဆေးရုံကိုချက်ချင်းသွားဖို့မလိုအပ်သေးဘဲဒေသန္တရကစစ်ဆေးပြီးမှ လွှဲပြောင်းပေးမှာဖြစ်တယ်လို့

စစ်.ကောင်.စီဥက္ကဋ္ဌကပြောပါတယ်။ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ အောက်ဆီဂျင်တွေကို

မလိုအပ်ဘဲနေအိမ်မှာမဆောင်ထားဖို့နဲ့ ကျွမ်းကျင်သူဆေးပညာရှင်ရဲ့ထောက်ခံချက်လမ်းညွှန်ချက်နဲ့သာအောက်ဆီဂျင်ကိုသုံးစွဲသင့်တယ်လို့လည်းအကြံပြုထားပါတယ်။လက်တွေ့မြေပြင်မှာတော့ကိုဗစ်လူနာတွေအပါအဝင် ကိုဗစ်သံသယနဲ့ရောဂါလက္ခဏာ

ခံစားရသူတွေဟာသက်ဆိုင်ရာဒေသန္တရကျန်းမာရေးအာဏာပိုင်တွေထံဆက်သွယ်ပေမယ့် ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိတာ၊ အဆက်သွယ်မရနိုင်တာ၊အောက်ဆီဂျင်ပြတ်လပ်နေပြီဆိုတဲ့သတင်းစကားတွေ ပါးပေမယ့်လုံလောက်တဲ့ကုသမှုတွေမရရှိတာ၊

နေ့စဉ်အောက်ဆီဂျင်လိုအပ်ချက်ကြောင့်မိသားစုဝင်တွေဟာ အောက်ဆီဂျင်ရရှိနိုင်မယ့်စက်ရုံတွေရှေ့မှာနာရီနဲ့ချီပြီးတန်းစီစောင့်ဆိုင်းနေရတာတွေရှိနေပါတယ်။

zawgyi

ေအာက္ဆီဂ်င္ကိစၥနိုင္ငံေရးအရအျမတ္မထုတ္ဖို႔ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာ

လတ္တေလာမွာျမန္မာနိုင္ငံအတြင္း ေအာက္ဆီဂ်င္လုံလုံေလာက္ေလာက္ရွိတဲ့အေနအထားျဖစ္ၿပီး ေအာက္ဆီဂ်င္ကိစၥကို နိုင္ငံေရးအရ

အျမတ္ထုတ္ဖို႔ေဆာင္႐ြက္ေနတဲ့လူေတြရွိတယ္လို႔အာ.ဏာ.သိမ္းစစ္ေ.ကာင္စီဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာၾကားပါတယ္။

ေအာက္ဆီဂ်င္အိုးေတြကိုတခ်ိဳ႕ကလည္းဝယ္ထားၿပီးတခ်ိဳ႕ကလည္း မသမာတဲ့နည္းနဲ႕

နိုင္ငံေရးအရအျမတ္ထုတ္လိုတာေၾကာင့္ ေအာက္ဆီဂ်င္အိုးေတြ ဝယ္ထိန္းၿပီး ေအာက္ဆီဂ်င္ျပတ္သြားၿပီ ဆိုတဲ့ေကာလာဟလထုတ္ၿပီး လူေတြကို အထိတ္တလန႔္ျဖစ္ေအာင္

အေႏွာင့္အယွက္ေပးေနတာကိုသတိျပဳၾကဖို႔လည္း စစ္ေကာင္စီဥကၠ႒က ေျပာၾကားေၾကာင္းဒီေန႕ဇူလိုင္ ၁၃ ရက္ေန႕ထုတ္

စစ္ေ.ကာင္စီ.ထိန္းခ်ဳပ္ထားတဲ့ ျမန္မာ့အလင္းသတင္းစာမွာေဖာ္ျပထားပါတယ္။ေအာက္ဆီဂ်င္စက္႐ုံတစ္႐ုံကိုအလႉရွင္တစ္ဦးက..

လႊဲေျပာင္းလႉဒါန္းဖို႔ ေဆြးေႏြးလာတဲ့အေပၚလက္ခံထားၿပီးျဖစ္ၿပီးအဲဒီစက္႐ုံကေန တစ္ေန႕အလုံးေပါင္း ၁၄၄၀ ထုတ္နိုင္မယ္လို႔လည္း

သူကဆက္ေျပာပါတယ္။ဒါေၾကာင့္ ျပည္သူေတြအေနနဲ႕ စိုးရိမ္ပူပန္မႈမျဖစ္ဖို႔နဲ႕မလိုအပ္တဲ့ ေကာလာဟလေတြ မျဖန္ဖို႔၊

ဒါဟာနိုင္ငံေရးကိစၥမဟုတ္ဘဲက်န္းမာေရးနဲ႕ လူ႕အသက္ကိစၥျဖစ္ေနတာေၾကာင့္ ဒီအေပၚမွာဒုကၡေရာက္ေအာင္မလုပ္ဖို႔နဲ႕အဲဒီလိုလုပ္လာတယ္ဆိုရင္ မိုက္မဲရာက်တဲ့လုပ္ရပ္ျဖစ္တယ္လို႔လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာခဲ့ပါတယ္။ဒါ့အျပင္ ေရာဂါကူးစက္ရင္အိမ္မွာ

ႀကိတ္မကုဘဲ ေဒသႏၲရကိုအရင္သြားအစစ္အခံဖို႔နဲ႕ ေဆး႐ုံကိုခ်က္ခ်င္းသြားဖို႔မလိုအပ္ေသးဘဲ ေဒသႏၲရက စစ္ေဆးၿပီးမွ လႊဲေျပာင္းေပးမွာျဖစ္တယ္လို႔

စစ္ေ.ကာင္စီဥကၠ႒ကေျပာပါတယ္။က်န္းမာေရးနဲ႕အားကစားဝန္ႀကီးဌာနကေတာ့ ေအာက္ဆီဂ်င္ေတြကို

မလိုအပ္ဘဲေနအိမ္မွာမေဆာင္ထားဖို႔နဲ႕ ကြၽမ္းက်င္သူေဆးပညာရွင္ရဲ႕ေထာက္ခံခ်က္လမ္းၫႊန္ခ်က္နဲ႕သာ ေအာက္ဆီဂ်င္ကိုသုံးစြဲသင့္တယ္လို႔လည္း

အႀကံျပဳထားပါတယ္။လက္ေတြ႕ေျမျပင္မွာေတာ့ ကိုဗစ္လူနာေတြအပါအဝင္ ကိုဗစ္သံသယနဲ႕ ေရာဂါလကၡဏာ

ခံစားရသူေတြဟာ သက္ဆိုင္ရာ ေဒသႏၲရက်န္းမာေရးအာဏာပိုင္ေတြထံ ဆက္သြယ္ေပမယ့္ ဖုန္းျပန္လည္ေျဖဆိုျခင္းမရွိတာ၊ အဆက္သြယ္မရနိုင္တာ၊ ေအာက္ဆီဂ်င္ျပတ္လပ္ေနၿပီဆိုတဲ့သတင္းစကားေတြပါးေပမယ့္ လုံေလာက္တဲ့ကုသမႈေတြမရရွိတာ၊

ေန႕စဥ္ေအာက္ဆီဂ်င္လိုအပ္ခ်က္ေၾကာင့္ မိသားစုဝင္ေတြဟာ ေအာက္ဆီဂ်င္ရရွိနိုင္မယ့္ စက္႐ုံေတြေရွ႕မွာနာရီနဲ႕ခ်ီၿပီးတန္းစီေစာင့္ဆိုင္းေနရတာေတြရွိေနပါတယ္။