မြန်မာပြည်ဘက်ကရေတွေ တရုတ်ပြည်ဘက် ရောက်လာလို့ ကိုဗစ်ပိုး ပါမပါ ရေကို swab test ယူနေကြတဲ့ တရုတ်နိုင်ငံက ဗီဒီယိုဖိုင်

unicode

ကိုဗစ် ရောဂါကတော့ တစ်မ္ဘာလုံးကပြည်သူတွေကြုံတွေ့ ခံစားနေရတဲ့ကပ်ရောဂါတစ်ခုပါ ပထမလှိုင်း ၊ ဒုတိယလှိုင်း ခုဆိုရင် တတိယလှိုင်းအထိနိုင်ငံတိုင်းကိုတစ်ကျော့ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်

ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ဒီရောဂါကြီးကို ကြုံတွေ့ရင်ဆိုင်နေရပေမယ့်လည်း နည်းပညာတွေအရမ်းကောင်းမွန်သလိုအစစအရာရာကြိုတင်ပြင်ဆင်ပြီးကုသမှုတွေကြောင့်ရောဂါဒဏ်ကို သိပ်ပြီးဆိုးဆိုးရွားရွားမခံကြရပါဘူး

သူတို့ နိုင်ငံသားတွေ အပေါ်မှာလည်းအရမ်းတန်ဖိုးထားတာကြောင့် အမြဲတမ်းအကောင်းမွန်ဆုံးတွေပြင်ဆင်ကာကွယ်လျက်ရှိပါတယ် ဒီနေ့ဆိုရင်လည်း မြန်မာရွှေလီနယ်စပ်မှာ မိုးရွာသွန်းမှုတွေကြောင့်တရုတ်ပြည်ဘက်ကိုရေများစွာစီးဆင်းလျက်ရှိပါတယ်

ဒီလိုစီးဆင်းလာတဲ့ မြန်မာပြည်ဘက်ကရေထဲမှာကိုဗစ်ပိုးပါလာမှာ စိုးရိမ်ပြီးတရုတ်နိုင်ငံသက်ဆိုင်ရာအဖွဲ့အစည်းတွေက ရေကိုswab testယူနေတဲ့ ဗီဒီယိုလေးလူမှုကွန်ရက် စာမျက်နှာထက်မှာပျံ့နှံ့ခဲ့ပါတယ်

ဒီဗီဒီယိုလေးကိုကြည့်ပြီး သူတို့နိုင်ငံသားတွေအတွက် ဘယ်လောက်တောင် ကြိုတင်ကာကွယ်မှုတွေပေးနေလည်းဆိုတာ အသိသာပါပဲ

မြန်မာနိုင်ငံသားတွေအတွက်ကတော့ ခုလို အခြေအနေဆိုးတွေကိုရင်ဆိုင်နေရအချိန်မှာဒီဗီဒီယိုလေးကတော့တကယ်ကိုအားကျစရာဖြစ်ရပ်လေးပါပဲ

ပရိသတ်ကြီးလည်း မြန်မာပြည်ဘက်ကစီးဆင်းလာတဲ့ရေတွေကို swab testယူနေကြတဲ့ တရုတ်နိုင်ငံကတက်ကျွမ်းသူတွေရဲ့ဗီဒီယိုလေးကိုကြည့်ရှုနိုင်စေရန်ပြန်လည်ဝေမျှပေးလိုက်ပါတယ်

Videoကြည့်ရန်

zawgyi








Videoကြည့်ရန်

Add a Comment

Your email address will not be published. Required fields are marked *