စစ်ကောင်စီတပ်က ရှာဖွေဝရမ်းမပါဘဲ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ပေါ်ပေါက်

unicode

စစ်.ကောင်.စီတ.ပ်က ရှာဖွေဝရမ်းမပါဘဲ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကိုဝင်ရောက်ရှာဖွေခဲ့ကြောင်းပေါ်ပေါက်

စစ်.ကောင်.စီ.တပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ကိုဝင်ရောက်ရှာဖွေစဉ် ဥပဒေအရအဓိကအရေးပါသည့် ရှာဖွေဝရမ်းမပါလာခဲ့ကြောင်းယနေ့တရားခွင်အတွင်းစစ်ဆေးမေးမြန်းမှုများကတဆင့်ပေါ်ပေါက်ခဲ့သည်။

ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးယနေ့ ရုံးချိန်းတွင်ဒေါ်အောင်ဆန်းစုကြည်အားတရားစွဲဆိုထားသော ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၈အမှုအတွက်စစ်ဆေးရာနေအိမ်သို့ဝင်ရောက်ရှာဖွေစဉ်က ဦးဆောင်ပါဝင်ခဲ့သူဗိုလ်မှူးဝင်းထွဋ်ဦးအားရှေ့နေများကအပြန်အလှန်စစ်ဆေးမေးမြန်းစဉ်

ရှာဖွေဝရမ်းမပါခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်သူ ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေအဖွဲ့ဝင်တစ်ဦးဖြစ်သောတရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်အပြောအရ သိရသည်။

ပို့ကုန်သွင်းကုန်ပုဒ်မ၈အမှုအတွက် ဗိုလ်မှူးဝင်းထွဋ်ဦးအပါအဝင် သက်သေသုံးယောက်ကိုစစ်ဆေးမေးမြန်ခဲ့သည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားသော ဆက်သွယ်ရေးဥပဒေပုဒ်မ၆၇အမှုအတွက်အထက်ပါသက်သေများကိုပင် ဆက်လက်စစ်ဆေးခဲ့သည်။

ယနေ့ ရုံးချိန်းတွင်အမှုလိုက်ရှေ့နေအဖွဲ့လေးဦးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့နှင့်နာရီဝက်ကြာတွေ့ဆုံစကားပြောခွင့် ရခဲ့ကြသည်။

ယင်းသို့တွေ့ဆုံစဉ်ဒေါ်အောင်ဆန်းစုကြည်က COVID-19 တတိယလှိုင်းနှင့်ပတ်သက်၍ ပြည်သူအပေါ် စိုးရိမ်သောကရောက်နေရကြောင်းနှင့်နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကလည်း တစ်ဟုန်ထိုးမြင့်တက်လာနေသည့်

ကိုဗစ်ကပ်ရောဂါကြောင့် ပြည်သူတွေအတွက်စိုးရိမ်ပူပန်နေသလို ရောဂါကင်းဝေးပြီးကျန်းမာကြစေရန်ဆုတောင်းမေတ္တာပို့သပေးနေကြောင်းရှေ့နေအဖွဲ့ကတဆင့်မှာကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းမြင့်တို့အပေါ်သီးခြားစီ တရားစွဲဆိုထားသောသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅အမှုအတွက်တရားလိုသက်သေနှစ်ဦးခေါ်ယူခဲ့သော်လည်း

ရုံးချိန်းတွင်တစ်ဦးသာရောက်ရှိလာပြီး ကျန်တစ်ဦးမှာရောက်မလာခဲ့ချေ။ကိုဗစ်-၁၉ကူးစက်မှုခံနေရ၍သက်သေတစ်ဦး ရောက်မလာခဲ့ကြောင်းတရားရုံးကိုတင်ပြသည်။

ယင်းအမှုများနှင့်ပတ်သက်၍ အပတ်စဉ်တနင်္လာနှင့်အင်္ဂါနေ့တို့တွင် ပုံမှန်ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သော်လည်းလာမည့် တနလာင်္နေ့ချိန်းသည်ဇူလိုင်၁၉ ရက်(အာဇာနည်နေ့)နှင့် တိုက်ဆိုင်နေသောကြောင့်ဇူလိုင်၂၀ ရက်(အင်္ဂါနေ့) သို့ ပြန်လည်ချိန်းဆိုထားသည်။
Crd-Mizzima

zawgyi

စ.စ္ေက.ာင္စီ.တပ္ကရွာေဖြဝရမ္းမပါဘဲ ေဒၚေအာင္ဆန္းစုၾကည္ေနအိမ္ကိုဝင္ေရာက္ရွာေဖြခဲ့ေၾကာင္း ေပၚေပါက္

စ.စ္ေကာ.င္စီတပ္ကနိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ေနအိမ္ကို ဝင္ေရာက္ရွာေဖြစဥ္ဥပေဒအရအဓိကအေရးပါသည့္ရွာေဖြဝရမ္းမပါလာခဲ့ေၾကာင္းယေန႕တရားခြင္အတြင္းစစ္ေဆးေမးျမန္းမႈမ်ားကတဆင့္ေပၚေပါက္ခဲ့သည္။

ဇဗၺဴသီရိ ၿမိဳ႕နယ္ အထူးသီးသန႔္တရား႐ုံးယေန႕ ႐ုံးခ်ိန္းတြင္ ေဒၚေအာင္ဆန္းစုၾကည္အားတရားစြဲဆိုထားေသာပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈အမႈအတြက္စစ္ေဆးရာ ေနအိမ္သို႔ဝင္ေရာက္ရွာေဖြစဥ္က ဦးေဆာင္ပါဝင္ခဲ့သူ ဗိုလ္မႉးဝင္းထြဋ္ဦးအား ေရွ႕ေနမ်ားကအျပန္အလွန္ စစ္ေဆးေမးျမန္းစဥ္

ရွာေဖြဝရမ္းမပါခဲ့ေၾကာင္း ေပၚေပါက္ခဲ့သည္ဟုအမႈလိုက္ပါေဆာင္႐ြက္သူ ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနအဖြဲ႕ဝင္တစ္ဦးျဖစ္ေသာတရားလႊတ္ေတာ္ေရွ႕ေနဦးခင္ေမာင္ေဇာ္ အေျပာအရသိရသည္။

ပို႔ကုန္သြင္းကုန္ပုဒ္မ ၈အမႈအတြက္ ဗိုလ္မႉးဝင္းထြဋ္ဦးအပါအဝင္ သက္ေသသုံးေယာက္ကိုစစ္ေဆးေမးျမန္ခဲ့သည္။

ယင္းေနာက္ ေဒၚေအာင္ဆန္းစုၾကည္အေပၚစြဲဆိုထားေသာ ဆက္သြယ္ေရးဥပေဒပုဒ္မ၆၇အမႈအတြက္ အထက္ပါသက္ေသမ်ားကိုပင္ ဆက္လက္စစ္ေဆးခဲ့သည္။

ယေန႕ ႐ုံးခ်ိန္းတြင္ အမႈလိုက္ေရွ႕ေနအဖြဲ႕ေလးဦးႏွင့္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊နိုင္ငံေတာ္သမၼတဦးဝင္းျမင့္တို႔ ႏွင့္ နာရီဝက္ၾကာ ေတြ႕ဆုံစကားေျပာခြင့္ရခဲ့ၾကသည္။

ယင္းသို႔ ေတြ႕ဆုံစဥ္ ေဒၚေအာင္ဆန္းစုၾကည္က COVID-19 တတိယလွိုင္းႏွင့္ပတ္သက္၍ ျပည္သူအေပၚစိုးရိမ္ေသာကေရာက္ေနရေၾကာင္းႏွင့္နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကလည္း

တစ္ဟုန္ထိုးျမင့္တက္လာ ေနသည့္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျပည္သူေတြအတြက္ စိုးရိမ္ပူပန္ေနသလို ေရာဂါကင္းေဝးၿပီးက်န္းမာၾကေစရန္ ဆုေတာင္းေမတၱာပို႔သေပးေနေၾကာင္း ေရွ႕ေနအဖြဲ႕ကတဆင့္ မွာၾကားခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္တို႔အေပၚ သီးျခားစီ တရားစြဲဆိုထားေသာသဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ၂၅အမႈအတြက္တရားလို

သက္ေသႏွစ္ဦးေခၚယူခဲ့ေသာ္လည္း႐ုံးခ်ိန္းတြင္ တစ္ဦးသာေရာက္ရွိလာၿပီးက်န္တစ္ဦးမွာ ေရာက္မလာခဲ့ေခ်။ကိုဗစ္-၁၉ ကူးစက္မႈခံေနရ၍ သက္ေသတစ္ဦး ေရာက္မလာခဲ့ေၾကာင္း တရား႐ုံးကိုတင္ျပသည္။

ယင္းအမႈမ်ားႏွင့္ ပတ္သက္၍အပတ္စဥ္ တနလၤာႏွင့္ အဂၤါေန႕တို႔တြင္ ပုံမွန္ ႐ုံးထုတ္စစ္ေဆးသြားမည္ျဖစ္ ေသာ္လည္းလာမည့္ တနလာေနၤ့ခ်ိန္းသည္ဇူလိုင္၁၉ ရက္ (အာဇာနည္ေန႕) ႏွင့္ တိုက္ဆိုင္ေနေသာေၾကာင့္ ဇူလိုင္၂၀ ရက္ (အဂၤါေန႕)သို႔ ျပန္လည္ခ်ိန္းဆိုထားသည္။
Crd-Mizzima