ပြည်သူတွေ အောက်စီဂျင်လိုအပ်မှုတွေကို လှူဒါန်းရန်သူမရဲ့ ပွဲတက်ဝတ်စုံတွေ ထုတ်ရောင်းမယ့် ဝါဆိုမိုးဦး

unicode

အနုပညာရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဝါဆိုမိုးဦး ကတော့ အောင်မြင်တဲ့လမ်းကြောင်းပေါ်မှာ လျောက်လှမ်းနေခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

သူမဟာ အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းလေကတည်းက ပြည်သူတွေနဲ့ တစ်သားထဲရပ်တည်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေတဲ့ အတွက် ပရိတ်သတ်တွေအတွက် ကျန်းမာရေးဗဟုသုတ postလေးတွေ မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။

ယနေ့မှာတော့ ကိုဗစ်တတိယလှိုင်းမှာ ပြည်သူတွေ ခက်ခဲစွာကျော်ဖြတ်နေရတဲ့ အောက်ဆီဂျင်ခက်ခဲမှု ပြဿနာကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းပေးဖို့အတွက် သူမတစ်ခါမျှဝတ်ရသေးတဲ့ ပွဲတက်ဝတ်စုံလေးတွေ ကို ရောင်းချမယ်ဆိုတဲ့အကြောင်း ရေးသားဖော်ပြလာခဲ့ပါတယ်။

” အခုကြုံတွေ့နေရတဲ့ Covid Third Wave ကြောင့် Oxygen တွေလိုအပ်နေပါတယ် ဝါဆိုမွေးလလေးမှာ အလှူလေးလဲလုပ်ချင်လို့ တစ်ခါလောက်ပဲဝတ်ထားတဲ့ ပွဲတက်ဝတ်စုံလေးတွေကို စျေးအလျော့ဆုံးနဲ့ ပြန်ရောင်းပြီး ရတဲ့ငွေများကို oxygen လိုအပ်နေသူများကို များများလှူနိုင်ဖို့ ဒီအင်္ကျီလေးတွေပြန်ရောင်းတာပါ

အင်္ကျီလေးတွေဝယ်ပြီးအလှူလေးမှာပါဝင်ပေးကြပါလို့ တောင်းဆိုပါရစေနော် အင်္ကျီဆိုဒ်တွေက Small size တွေပါ လိုချင်တဲ့သူများ Cbကိုဆက်သွယ်ပေးပါနော် ” ဆိုပြီး ရေးသဖော်ပြလာခဲ့ပြီး Kpay ,KBZ banking နဲ့ဝယ်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်း ထပ်ဆောင်းရေးသားဖော်ပြလာခဲ့ပါတယ်။
Source and Photos – Warso Moe Oo’s Facebook

zawgyi




” အခုကြုံတွေ့နေရတဲ့ Covid Third Wave ကြောင့် Oxygen တွေလိုအပ်နေပါတယ် ဝါဆိုမွေးလလေးမှာ အလှူလေးလဲလုပ်ချင်လို့ တစ်ခါလောက်ပဲဝတ်ထားတဲ့ ပွဲတက်ဝတ်စုံလေးတွေကို ဈေးအလျော့ဆုံးနဲ့ ပြန်ရောင်းပြီး ရတဲ့ငွေများကို oxygen လိုအပ်နေသူများကို များများလှူနိုင်ဖို့ ဒီအင်္ကျီလေးတွေပြန်ရောင်းတာပါ


Add a Comment

Your email address will not be published. Required fields are marked *