လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်.ကောင်.စီမှ ဇော်မင်းထွန်း ပြော

unicode

လျှပ်စစ်ဓာတ်အားသုံးစွဲထားတဲ့သတ်မှတ်ယူနစ်အတိုင်း လျှပ်စစ်မီတာခတွေ ပေးဆောင်ရမှာဖြစ်ပြီးပြည်သူတွေအနေနဲ့ နိုင်ငံကြီးသားပီသကြဖို့ အာ.ဏာ.သိမ်းစစ်.ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စ.စ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့တာဖြစ်ပါတယ်။

“လျှပ်စစ်ဓာတ်အားနဲ့ပတ်သက်ပြီးပြန်လည်စဉ်းစားသုံးသပ်နေတာတွေ ရှိပါတယ်။

ပြန်လည်စဉ်းစားသုံးသပ်ပေးနိုင်မယ့်အထဲမှာ တကယ့်ကိုအကျပ်အတည်းတွေ့နေတဲ့အခြေခံလူတန်းစားတွေဖြစ်ပါတယ်။

ဒီဟာတွေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေ၊လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်သုံးစွဲထားတဲ့သူတွေကတော့ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အဓိကတော့ နိုင်ငံကြီးသားပီသကြဖို့ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

တချို့လူတွေဟာသုံးစွဲထားတဲ့လျှပ်စစ်မီတာခအကြွေးတွေကို မပေးဆောင်ချင်တဲ့အတွက် “ပွဲလန့်တုန်းဖျာခင်း” တဲ့ ပုံစံမျိုး လုပ်ဆောင်နေကြတာလို့လည်းဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

အာ.ဏာ.သိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်.ကောင်စီဝင်ငွေရမယ့် လျှပ်စစ်မီခတွေကို ငါးလနီးပါးကြာမပေးဆောင်ဘဲ

ပြည်သူတွေက သပိတ်မှောက်နေကြတာဖြစ်သလိုစစ်.ကောင်.စီကလည်းလျှပ်စစ်မီတာခတွေကိုပေးဆောင်ကြဖို့အတင်းအကျပ်ဖိအားပေးနေပါတယ်။

လျှပ်စစ်မီတာခ မပေးဆောင်တဲ့နေအိမ်တိုက်ခန်းတွေကို အာ.ဏာ.သိမ်း.စစ်.ကောင်စီကလျှပ်စစ်မီးဖြတ်တောက်လိုက်တာတွေ လုပ်ဆောင်နေသလို မီတာရုံးတချို့မှာဆက်တိုက်ဗုံးပေါက်ကွဲမှုတွေလည်းရှိနေပါတယ်။
Source : #Mizzima

zawgyi

လွ်ပ္စစ္ဓာတ္အားသုံးစြဲထားတဲ့သတ္မွတ္ယူနစ္အတိုင္းလွ်ပ္စစ္မီတာခေတြ ေပးေဆာင္ရမွာျဖစ္ၿပီး ျပည္သူေတြအေနနဲ႕နိုင္ငံႀကီးသားပီသၾကဖို႔အာ.ဏာ.သိမ္းစ.စ္ေ.ကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားလိုက္ပါတယ္။

ဒီကေန႕ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာစ.စ္ေက.ာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့တာ ျဖစ္ပါတယ္။

“လွ်ပ္စစ္ဓာတ္အားနဲ႕ပတ္သက္ၿပီး ျပန္လည္စဥ္းစားသုံးသပ္ေနတာေတြ ရွိပါတယ္။ ျပန္လည္စဥ္းစားသုံးသပ္ေပးနိုင္မယ့္အထဲမွာတကယ့္ကိုအက်ပ္အတည္းေတြ႕ေနတဲ့အေျခခံလူတန္းစားေတြ ျဖစ္ပါတယ္။

ဒီဟာေတြနဲ႕ပတ္သက္ၿပီးလုပ္ငန္းရွင္ေတြ၊ လွ်ပ္စစ္ဓာတ္အား သုံးစြဲထားတဲ့သတ္မွတ္သုံးစြဲထားတဲ့သူေတြကေတာ့ ေပးေဆာင္ရမွာ ျဖစ္ပါတယ္။

အဓိကေတာ့ နိုင္ငံႀကီးသားပီသၾကဖို႔ ေျပာခ်င္ပါတယ္” လို႔ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

တခ်ိဳ႕လူေတြဟာသုံးစြဲထားတဲ့လွ်ပ္စစ္မီတာခအေႂကြးေတြကို မေပးေဆာင္ခ်င္တဲ့အတြက္ “ပြဲလန႔္တုန္းဖ်ာခင္း”တဲ့ ပုံစံမ်ိဳး လုပ္ေဆာင္ေနၾကတာလို႔လည္းဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အာ.ဏာ.သိမ္းစစ္ေ.ကာင္စီကို ဆန႔္က်င္တဲ့အေနနဲ႕ စ.စ္ေ.ကာင္စီဝင္ေငြရမယ့္လွ်ပ္စစ္မီခေတြကို ငါးလနီးပါးၾကာ မေပးေဆာင္ဘဲ

ျပည္သူေတြကသပိတ္ေမွာက္ေနၾကတာ ျဖစ္သလိုစ.စ္ေကာင္စီကလည္းလွ်ပ္စစ္မီတာခေတြကို ေပးေဆာင္ၾကဖို႔ အတင္းအက်ပ္ဖိအားေပးေနပါတယ္။

လွ်ပ္စစ္မီတာခ မေပးေဆာင္တဲ့ ေနအိမ္တိုက္ခန္းေတြကိုအာ.ဏာသိမ္းစ.စ္ေက.ာင္စီကလွ်ပ္စစ္မီး ျဖတ္ေတာက္ လိုက္တာေတြ လုပ္ေဆာင္ေနသလိုမီတာ႐ုံးတခ်ိဳ႕မွာဆက္တိုက္ဗုံးေပါက္ကြဲမႈေတြလည္း ရွိေနပါတယ္။
Source : #Mizzima