ကမ္ဘာတစ်ဝန်းက ပရိသတ်တွေဆီကနေ အလှူငွေတွေ ကောက်ခံပြီးမြန်မာပြည်အတွက် အောက်ဆီဂျင် လှူဒါန်းပေးမယ့် Sinon

unicode

Sinon Loresca ကတော့ Cat Walk King အဖြစ် ထင်ရှားကျော်ကြားသလို မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်လည်း အောင်မြင်နေသူတစ်ယောက်ပါ။Sinon က မြန်မာနိုင်ငံကိုသာမက ရိုးသားတဲ့ ပြည်သူတွေကိုပါ ချစ်ခင်ပြီး မကြာခဏဆိုသလို အလှူအတန်းတွေလည်းလုပ်တတ်ပါသေးတယ်။

လမ်းမှာတွေ့တဲ့ချို့တဲ့သူတွေကိုလည်း ကာလဒါနလေးတွေလုပ်တတ်တာကြောင့် ပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်။

အခုလည်း မြန်မာနိုင်ငံမှာ အရမ်းကိုအခက်အခဲဖြစ်နေတဲ့ အောက်ဆီဂျင်လိုအပ်နေတဲ့ပြဿနာကိုကူညီဖြေရှင်းပေးမယ့်အကြောင်းလေးဝေမျှလာပါတယ်

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူရဲ့ပရိသတ်တွေဆီကနေပြီး အလှူငွေများကောက်ခံကာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ နေရာတွေကို အောက်ဆီဂျင်လှူဒါန်းပေးမယ့်အစီအစဉ်လေးဖြစ်ပါတယ်

ဒီအလှူနဲ့ ပတ်သက်ပြီး ” ကျတော်ချစ်သော မြန်မာပြည်သူပြည်သားတွေရေ အခုမြန်မာမှာဖြစ်နေတဲ့ COVID -19 THIRD WAVEကြောင့်တော်တော်ဆိုးဆိုးဒုက္ခရောက်နေတယ်လို့ ကျတော်ကြားသိရပါတယ်။

ဒါကြောင့် ကျတော်နောက်အပတ်ထဲမှာ ကမ္ဘာတစ်၀န်းမှာရှိကြတဲ့ကျတော့် ပရိတ်သတ်တွေဆီက ကျတော်အလှူငွေကောက်ခံပါ့မယ်ရလာတဲ့ ပိုက်ဆံတွေကို မြန်မာမှာအောက်ဆီဂျင်လိုအပ်နေတဲ့သူ‌တွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်ရအားတင်းထားပါအုံး

မြန်မာ ပြည်ကြီးနဲ့ပြည်သူပြည်သားတွေရေခင်ဗျားတို့မှာ ကျတော်ရယ် ကမ္ဘာကြီးရယ် ကျန်ပါသေးတယ် ကျတော်တို့တူတူ အခက်အခဲမှန်သမျှကို

ရင်ဆိုင်တိုက်ခိုက်ကြမယ် ” ဆိုပြီးရေးသားဖော်ပြထားရာ တကယ်ကို လေးစားမိတာကြောင့်ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Photo – Sinon

zawgyi

Sinon Loresca ကတော့ Cat Walk King အဖြစ် ထင်ရှားကျော်ကြားသလို မော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်လည်း အောင်မြင်နေသူတစ်ယောက်ပါ Sinon က မြန်မာနိုင်ငံကိုသာမက ရိုးသားတဲ့ ပြည်သူတွေကိုပါချစ်ခင်ပြီး မကြာခဏဆိုသလို အလှူအတန်းတွေလည်းလုပ်တတ်ပါသေးတယ်။







Photo – Sinon

Add a Comment

Your email address will not be published. Required fields are marked *