ကိုဗစ်ဖြစ်ခဲ့ပေမဲ့ စိတ်ဓါတ်မကျပဲ အဟာရရှိတဲ့အစာတွေ စားတဲ့အတွက်ကြောင့် ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အသက်၉၂ အရွယ်အဖွား
unicode
ကိုဗစ်ဖြစ်ခဲ့ပေမဲ့ စိတ်ဓါတ်မကျပဲ အစားကိုဝင်အောင်စားကာ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အသက်၉၂အဖွား
ကိုဗစ်ဖြစ်ခဲ့ပေမဲ့ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ အသက်၉၂အဖွား ပဲဖြစ်ပါတယ်။ အဖွားနဲ့ပတ်သက်လို့ မြေးဖြစ်သူက လူမူကွန်ယက်မှာ အခုလိုရေးသားထားပါတယ်။
ကိုယ့်ကြောင့်နဲ့တစ်မိသားစုလုံး P ဖြစ်ခဲ့ရတာပါ။အသက် 92 အဘွားလဲ ပါပါတယ်။အခုအကုန် ပြန်လည်သက်သာ ကြပါပြီ။အဓိက က စိတ်ဓာတ်မကျဖို့ နဲ့အစား ဝင်ဖို့ပါ။အဘွားဆိုရင် အစားမဝင်ပါဘူး။
လုံးဝကျွေးမရဘူး။တစ်နေ့ဌက်သိုက် 2 လုံး ၊ Ensure နဲ့ ဆန်ပြုတ် 3 ဇွန်းလောက်ပဲ ကျွေးလို့ရတယ်။ဒါပေမဲ့ စိတ်ဓာတ်က လုံးဝမကျပါဘူး စိတ်မာပါတယ်။
အခုအဘွားက ထူထူထောင်ထောင်ပါပဲ။အစားတွေလဲ ပြန်လိုက်လာပါပြီ။အခုတလော နာရေးသတင်းတွေချည်းဖတ်နေရလို့ အားလုံး အားတက်အောင်လို့ပါဆိုပြီး မြေးဖြစ်သူကနေ လူမှုကွန်ရက်မှာ ပြည်သူတွေအားတက်အောင် မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလဲ မိမိမှာ ကူးစက်ခံခဲ့ရရင် စိတ်ဓာတ်မကျဘဲ အားရှိစေမဲ့အစာတွေစားပေးပြီး ဂရုတစိုက်နေလိုက်ရင် ပြန်လည်သက်သာသွားမှာပါ အားမလျှော့ပါနဲ့နော် အားလုံးပဲ အားတင်းထားပါ…
zawgyi