အောက်ဆီဂျင်စက်ရုံတည်ထောင်ပြီး မြို့နယ်အတွင်းပေးဝေဖို့အတွက် ကျပ်သိန်း(၁၀၀၀)တိတိကို မတည်လှူဒါန်းခဲ့တဲ့ မိုးကုတ်မြို့ကမိသားစုတစ်စု

unicode

ကိုဗစ်တတိယလှိုင်းတွေပြန်ဖြစ်နေပြီး ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေ၊အသက်ရှူကြပ်လူနာတွေ၊ ကိုဗစ်ကူးစက်မှုတွေကြောင့် သေဆုံးသွားတဲ့ ပြည်သူတွေလည်းအများအပြားရှိနေပါတယ်။

အောက်ဆီဂျင်မရရှိဘဲ အသက်သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိနေပြီး အောက်ဆီဂျင်ဖြည့်ပေးတဲ့ဆိုင်တွေမှာ ညခင်းတွေအထိ တန်းစီစောင့်ဆိုင်းနေကြပါတယ်။

အောက်ဆီဂျင်ဖြည့်ပေးတဲ့ စက်ရုံအချို့ဟာ ပုဂ္ဂလိကပြည်သူများသို့ အောက်စီဂျင်ဖြည့်သွင်းမှု ရပ်ဆိုင်းရန်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ရပ်ဆိုင်းလိုက်ကြပြီး ပြည်သူအများအပြားဒုက္ခရောက်နေကြပါတယ်။

ယခုမှာတော့ မိုးကုတ်မြို့က မိသားစုတစ်စုဟာ မိုးကုတ်မြို့နယ်အတွင်း အောက်ဆီဂျင်စက်ရုံတည်ထောင်ထုတ်လုပ်ဖို့အတွက် ကျပ်သိန်း(၁၀၀၀)တိတိကို

မတည်လှူဒါန်းခဲ့ပါတယ်။ မိုးကုတ်မြို့မှာ နေထိုင်တဲ့ အဆိုပါမိသားစုဟာ ကသဲအနောက်ကျောင်းဆရာတော်ဦးစန္ဒရံသီအားရည်စူးပြီး အခုလိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။

အောက်ဆီဂျင်စက်တွေအရေးပေါ်လိုအပ်နေချိန်မှာ အခုလိုလှူဒါန်းခဲ့တဲ့ ဦးအေးသောင်တို့မိသားစုကို ပြည်သူတွေက ချီးကျူးနေကြပြီး သာဓုတွေခေါ်ဆိုနေကြပါတယ်။

ပြည်သူတစ်ဦးကတော့ ” မိုးကုတ်မြို့အတွက် အောက်ဆီဂျင်ထုတ်လုပ်စက် (ခန့်မှန်းကုန်ကျငွေ- သိန်းတစ်ထောင်) တစ်ဦးတည်းမတည်အလှုရှင်မှာ ကသဲအနောက်ကျောင်းဆရာတော်ဦးစန္ဒရံသီအားရည်စူးပြီး

ကသဲဗိုလ်ကုန်းရပ်ဦးအေးသောင်+ဒေါ်ညီမထင်းရူးခြံရပ်ဦးကိုး+ဒေါ်ညွှန့်ခင်တို့၏သားဦးမြင့်သိန်း+ဒေါ်သီတာညီမ မမြင့်မြင့်ကြည်သမီး ကိုဟိန်းစိုး+မပြည့်ဖြိုးမွန်သမီး တုန်ချစ်မြေး လပြည့်ဟိန်း၊ဧဝရတ်ဟိန်းမိသားစု ဖြစ်ပါတယ်ခင်ဗျာ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

အောက်ဆီဂျင်ဖြည့်စက်ဝယ်ယူဖို့အတွက် သိန်းပေါင်းများစွာလှူဒါန်းခဲ့တဲ့ မိုးကုတ်ကမိသားစုတစ်စုရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder

zawgyi

ကိုဗစ္တတိယလွိုင္းေတြျပန္ျဖစ္ေနၿပီး ကိုဗစ္ကူးစက္ခံရတဲ့ လူနာေတြ၊အသက္ရႉၾကပ္လူနာေတြ၊ ကိုဗစ္ကူးစက္မႈေတြေၾကာင့္ ေသဆုံးသြားတဲ့ ျပည္သူေတြလည္းအမ်ားအျပားရွိေနပါတယ္။

ေအာက္ဆီဂ်င္မရရွိဘဲ အသက္ေသဆုံးသြားတဲ့ ျပည္သူေတြလည္းရွိေနၿပီး ေအာက္ဆီဂ်င္ျဖည့္ေပးတဲ့ဆိုင္ေတြမွာ ညခင္းေတြအထိ တန္းစီေစာင့္ဆိုင္းေနၾကပါတယ္။

ေအာက္ဆီဂ်င္ျဖည့္ေပးတဲ့ စက္႐ုံအခ်ိဳ႕ဟာ ပုဂၢလိကျပည္သူမ်ားသို႔ ေအာက္စီဂ်င္ျဖည့္သြင္းမႈ ရပ္ဆိုင္းရန္ဆိုတဲ့ ၫႊန္ၾကားခ်က္ေၾကာင့္ ရပ္ဆိုင္းလိုက္ၾကၿပီး ျပည္သူအမ်ားအျပားဒုကၡေရာက္ေနၾကပါတယ္။

ယခုမွာေတာ့ မိုးကုတ္ၿမိဳ႕က မိသားစုတစ္စုဟာ မိုးကုတ္ၿမိဳ႕နယ္အတြင္း ေအာက္ဆီဂ်င္စက္႐ုံတည္ေထာင္ထုတ္လုပ္ဖို႔အတြက္ က်ပ္သိန္း(၁၀၀၀)တိတိကို

မတည္လႉဒါန္းခဲ့ပါတယ္။ မိုးကုတ္ၿမိဳ႕မွာ ေနထိုင္တဲ့ အဆိုပါမိသားစုဟာ ကသဲအေနာက္ေက်ာင္းဆရာေတာ္ဦးစႏၵရံသီအားရည္စူးၿပီး အခုလိုလႉဒါန္းခဲ့တာျဖစ္ပါတယ္။

ေအာက္ဆီဂ်င္စက္ေတြအေရးေပၚလိုအပ္ေနခ်ိန္မွာ အခုလိုလႉဒါန္းခဲ့တဲ့ ဦးေအးေသာင္တို႔မိသားစုကို ျပည္သူေတြက ခ်ီးက်ဴးေနၾကၿပီး သာဓုေတြေခၚဆိုေနၾကပါတယ္။

ျပည္သူတစ္ဦးကေတာ့ ” မိုးကုတ္ၿမိဳ႕အတြက္ ေအာက္ဆီဂ်င္ထုတ္လုပ္စက္ (ခန့္မွန္းကုန္က်ေငြ- သိန္းတစ္ေထာင္) တစ္ဦးတည္းမတည္အလႈရွင္မွာ ကသဲအေနာက္ေက်ာင္းဆရာေတာ္ဦးစႏၵရံသီအားရည္စူးၿပီး

ကသဲဗိုလ္ကုန္းရပ္ဦးေအးေသာင္+ေဒၚညီမထင္း႐ူးၿခံရပ္ဦးကိုး+ေဒၚၫႊန႔္ခင္တို႔၏သားဦးျမင့္သိန္း+ေဒၚသီတာညီမ မျမင့္ျမင့္ၾကည္သမီး ကိုဟိန္းစိုး+မျပည့္ၿဖိဳးမြန္သမီး တုန္ခ်စ္ေျမး လျပည့္ဟိန္း၊ဧဝရတ္ဟိန္းမိသားစု ျဖစ္ပါတယ္ခင္ဗ်ာ ” ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။

ေအာက္ဆီဂ်င္ျဖည့္စက္ဝယ္ယူဖို႔အတြက္ သိန္းေပါင္းမ်ားစြာလႉဒါန္းခဲ့တဲ့ မိုးကုတ္ကမိသားစုတစ္စုရဲ႕ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။
Source : Original Uploder