” ကုလတပ်ဖွဲ့ကို ဦးဆောင်သူ မိတ်ဆွေတစ်ယောက်၊ ကျားနာတစ်ကောင် နှင့် ကံကြမ္မာက ဖေးမလာပြီဖြစ်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး “

unicode

” ကုလတပ်ဖွဲ့ကို ဦးဆောင်သူ မိတ်ဆွေတစ်ယောက်နှင့် ကျားနာတစ်ကောင် ”

ဒေါက်တာဆာဆာက ပြင်သစ်နဲ့ R2P ဆွေးနွေးတယ် ။ ကုလသမဂ္ဂအဖွဲ့ကြီးက လက်ခံနိုင်ဖို့အတွက် ပြင်သစ်နဲ့ အရင်ဆုံး ဆွေးနွေးတာပါ ။ ပြင်သစ်ဟာ NUG ကို ကမ္ဘာသိ အသိအမှတ်ပြုတော့မယ့် အင်အားကြီးနိုင်ငံဆိုတာ အားလုံးသိကြမှာပါ ။ နွေဦးတော်လှန်ရေးမှာ ပြင်သစ်ရဲ့ အကူအညီက တော်တော်လေးကို အားရစရာ ကောင်းလှပါတယ် ။ ပြင်သစ်လို အီးယူနဲ့ ကမ္ဘာမှာ သြဇာကြီးတဲ့ နိုင်ငံက ၉၉ % NUG ကို အသိအမှတ်ပြုလာတဲ့အတွက် အခြား အင်အားကြီး နိုင်ငံတွေနဲ့ အာဆီယံ နိုင်ငံအချို့ပါ ပြောင်ပြောင်တင်းတင်းနဲ့ NUG ကို ထောက်ခံလာကြတာပါ ။

ဒေါက်တာဆာဆာဟာ ပြင်သစ်နဲ့ ဆွေးနွေးတဲ့အတွက် အခြေအနေကောင်းတယ်လို့ သတင်းကြားရတယ် ။ ဘာ့ကြောင့် ဒီလိုကောင်းရသလဲဆိုရင် ကုလသမဂ္ဂလက်အောက်ခံ လုံခြုံရေးကောင်စီရဲ့ ငြိမ်းချမ်းမှု့စစ်ဆင်ရေး ဥက္ကဌ တာဝန်ထမ်းဆောင်နေသူက ပြင်သစ်နိုင်ငံသားတစ်ယောက် ဖြစ်နေလို့ပါပဲ ။

သူ နာမည်က Jean-Pierre Lacroix ပါ ။ ပြင်သစ်အသံထွက်နဲ့ အတိုကောက်ခေါ်ရင် ” လက်ကရာ(ဇ်) ” လို့ ခေါ်ပါတယ် ။ နိုင်ငံရေးနဲ့ သံတမန်အရေး မှာ ၂၅ နှစ်ကျော် လုပ်သက်ရှိတယ် ။ ပြင်သစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ။ ဆွိဒင်နိုင်ငံ ဆိုင်ရာ ပြင်သစ်သံအမတ် ။ ပြင်သစ်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံမှုးအဖြစ် တာဝန်ထမ်းခဲ့တယ် ။ ပြင်သစ်အစိုးရရဲ့ အကြံပေးအဖွဲ့ ခေါင်းဆောင်လည်း လုပ်ပါတယ် ။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ စေလွှတ်တဲ့ စစ်ဆင်ရေးတွေမှာ စီမံခန့်ခွဲ အကြံပေးရတဲ့ ခေါင်းဆောင်ပါ ။

ပြည်သူ့အစိုးရကို အသိအမှတ်ပြု ၊ အားပေးကူညီနေတဲ့ ပြင်သစ်နိုင်ငံသား မိတ်ဆွေတစ်ယောက်ဟာ လုံခြုံရေးကောင်စီရဲ့ ငြိမ်းချမ်းမှု့စစ်ဆင်ရေး လုပ်ငန်း တာဝန်ကို အမြဲတမ်း ထမ်းဆောင်ရတဲ့ ခေါင်းဆောင် နေရာမှာ ရှိနေတာကတော့ မြန်မာပြည်သူတွေအတွက် သိပ်ကို အားတက်စရာပါ ။ အလှည့်ကျ လုံခြုံရေးကောင်စီ ဥက္ကဌနေရာ ရထားသူကလည်း ပြင်သစ်ပါပဲ ။

နောက်ထပ် အရေးကြီးသူတစ်ယောက်ကတော့ ကျားနာတစ်ကောင်ပါ ။ တယ်လီနောထွက်သွားရတဲ့ ကိစ္စဟာ စစ်ကောင်စီရဲ့ စီးပွားရေး လက်ဝါးအုပ်ချင်မှု့နဲ့ ပြည်သူကို အားပေးနေတဲ့ ဆက်သွယ်ရေး ကုမ္မဏီတစ်ခုကို နည်းအမျိူးမျိူးနဲ့ ကန်ထုတ်လိုက်တာပါ ။ ဘာ့ကြောင့်လည်းဆိုတော့ တော်လှန်ရေးသမားအချင်းချင်း သတင်းအဆက်အသွယ်တွေကို တယ်လီနောက ကူညီပေးပါတယ် ။ ဒီတော့ ….၊ သိပ်ကို အရေးကြီးနေတဲ့ D-Day မရောက်ခင်အချိန်မှာ ဆက်သွယ်မှု့တွေ ထောက်လှမ်းလို့ရအောင် စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေး ကုမ္မဏီတွေကိုပဲ ရှိစေချင်တဲ့ သဘောပါပဲ ။

တိုက်ဆိုင်မှု့ကတော့ လုံခြုံရေးကောင်စီ လက်အောက်က ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေး တပ်ဖွဲ့ရဲ့ တပ်မှုးချုပ်ပါ ။ သူ့နာမည်က ဗိုလ်ချုပ် Ingrid Gjerde ပါ ။ နော်ဝေးအသံထွက်နဲ့ အင်ဂရစ်ဂျူရှက်(ဒ်) လို့ခေါ်ပါတယ် ။ အမျိူးသမီးပါ ။ နော်ဝေးတပ်မတော်က ထူးချွန်တဲ့ ဗိုလ်ချုပ်တစ်ယောက်လို့ ဆိုပါတယ် ။ နော်ဝေးရဲ့ ဒုတိယ စစ်ဦးစီးချုပ်တာဝန် ထမ်းဆောင်ပါတယ် ။ အာဖဂန်နစ္စတန် စစ်မြေပြင် ၊ လက်ဘနွန် စစ်မြေပြင်တွေမှာ အမှု့ထမ်းခဲ့တယ် ။ နော်ဝေး စစ်တက္ကသိုလ်နဲ့ အမေရိကန် စစ်ကော်လိပ်တွေမှာ ပညာသင်ခဲ့တယ် ။

ကောင်းပြီ …။ မြန်မာပြည်ကို R2P ခွင့်ပြုမယ့် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ၊ R2P ဒါရိုက်တာ ၊ လုံခြုံရေးကောင်စီနဲ့ ထောက်ခံမဲပေးမယ့် နိုင်ငံတွေထက်စာရင် အခုပြောသူနှစ်ယောက်ဟာ အရေးမပါလှဘူးလို့ ထင်ကောင်း ထင်နိုင်ကြပါတယ် ။ တကယ်တော့ ဒီနှစ်ယောက်ဟာ ကမ္ဘာကြီးပေါ်က ငြိမ်းချမ်းမှု့ ပျောက်ဆုံးနေတဲ့ ဒေသတွေဆီကို ငြိမ်းချမ်းမှု့ထိန်းသိမ်းသင့်တယ်လို့ အဓိက အကြံပေးရသူတွေပါ ။ ရှင်းအောင်ပြောရရင် ၊ စားပွဲပေါ်က အစည်းအဝေးထက် တကယ်သွားသင့် မသွားသင့် ၊ လုပ်သင့် မလုပ်သင့် ဆိုတာတွေကို လုပ်သက် ၊ အတွေ့အကြူံနဲ့ စဉ်းစား ဆုံးဖြတ်ရသူတွေပါ ။ ကုလအဖွဲ့က မြန်မာပြည်အတွက် ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ ခွင့်ပြုလိုက်တဲ့အခါ ၊ စီမံကိန်းနဲ့ စစ်ဗျူဟာ ရေးဆွဲရမယ့် အရေးကြီးသူ နှစ်ယောက်ပါ ။

ဒီလူနှစ်ယောက်ဟာ မိတ်ဆွေ ပြင်သစ်နဲ့ ကျားနာ နော်ဝေး နိုင်ငံသားတွေ ဖြစ်နေတာကတော့ နွေဦးတော်လှန်ရေးရဲ့ ကံကြမ္မာ ဖေးမမှု့လို့ ပြောရမယ်ထင်ပါတယ် ။ဒါ့ကြောင့်လည်း R2P ဟာ ဒီရက်ပိုင်းမှာ သိသိသာ လှုပ်ရှားလာတယ် ။

သုံးသပ်ရရင် …၊ အာဏာသိမ်းကတည်းက ပြောလာခဲ့တဲ့ ကုလရဲ့ R2P ဟာ ” ငြိမ်းချမ်းမှု့ထိန်းသိမ်းရေး မစ်ရှင် ” အဖြစ်နဲ့လည်း ရောက်လာနိုင်ပါတယ် ။ ကမ္ဘာပေါ်က ငြိမ်းချမ်းမှု့ ပျောက်ဆုံးနေတဲ့ နိုင်ငံတွေကို ရှောင်တခင် ဝင်လာတာမျိူးပါ ။

ဘာ့ကြောင့် ဝင်လာနိုင်တယ်လို့ သုံးသပ်ရသလဲဆိုရင် …၊ ကုလက မြန်မာကို ကူညီဖို့ ပြောထားပါတယ် ။ ကုလ အထွေထွေအတွင်းရေးမှုးက ” စစ်အာဏာသိမ်းမှု့ကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး ” တဲ့ ။ အမေရိကန်က မြန်မာ့ဒီမိုကရေစီကို မဖြစ်မနေ ပြန်လည် လျှောက်လှမ်းနိုင်ရမယ်တဲ့ ။ ဂျပန် ၊ ကိုရီးယား ၊ သြစီ ၊ အင်္ဂလန် ၊ ဂျာမနီ ၊ အီတလီ ၊ ကနေဒါကလည်း ပြောထားပါတယ် ။

ဒီရက်ပိုင်းမှာ ဒေါက်တာဆာဆာက R2P ဆွေးနွေးနေတယ် ။ ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေး တပ်ဖွဲ့အတွက် တစ်နှစ်စာ အသုံးစားရိတ် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ချမှတ်ထားတယ် ။ အာဖရိကတိုက်သား ငြိမ်းချမ်းမှု့ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေကို လစာတိုးပေးပြီး လူသစ် စုဆောင်းနေတယ် ။

ဒါကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက မြန်မာ့အရေးအပေါ် ဖိအားပေးလာမှု့ ၊ သံတမန်အရေး ထောက်ခံလာမှု့ ၊ မဟာမိတ်နိုင်ငံတွေရဲ့ ပြောင်ပြောင်တင်းတင်း ကူညီလာမှု့နဲ့ ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေကို အဓိက ပုံဖော်ရတဲ့ တာဝန်ရှိသူနှစ်ယောက်ဟာ မိတ်ဆွေတစ်ယောက်နဲ့ ကျားနာတစ်ကောင် ဖြစ်နေတဲ့အတွက် အားလုံးကို ဆက်စပ် သုံးသပ်လိုက်တဲ့အခါ နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်ကို ကောင်းကောင်း မြင်လိုက်ရပါပြီ ။

မိတ်ဆွေတို့ သိထားရမှာက ကုလက စီစဉ်တဲ့ R2P ပဲ ဖြစ်ဖြစ် ၊ ငြိမ်းချမ်းမှု့ထိန်းသိမ်ရေး မစ်ရှင်ပဲ ဖြစ်ဖြစ် ၊ စစ်ရေးမစ်ရှင်ပါတဲ့ လုပ်ငန်းတွေကို ကြိူတင် ကြေငြာမှာ မဟုတ်ပါဘူး ။ ရှောင်တခင် ဝင်မှာပါ ။ ဘယ်အချိန် ဝင်မလဲ ဆိုတာတော့ မိတ်ဆွေတို့လည်း အခြေအနေတွေကို သုံးသပ်ကြည့်နိုင်ပါတယ် ။ စာရေးသူရဲ့ သုံးသပ်မှု့ကတော့ သေချာပေါက် ဝင်လာနိုင်ပါတယ် ။

ကဲ … မိတ်ဆွေ …။ NUG က သံတမန်အရေးမှာ အောင်မြင်နေတယ် ။ တိုင်းရင်သား အဖွဲ့တွေက တိုက်ပွဲတွေ ဖော်ဆောင်နေတယ် ။ PDF က နေရာယူထားတယ် ။ ပြည်သူ့တော်လှန်ရေးသမားတွေက ပြောက်ကျားစနစ်နဲ့ တော်လှန်နေတယ် ။ ဒါတွေအပြင် ကုလ ငြိမ်းချမ်းရေးအဖွဲ့တွေ ရောက်လာခဲ့မယ်ဆိုရင်တော့ ၊ အခြေအနေဟာ ပြည်သူတွေဘက်မှာ ရာနှုံးပြည့် ရှိနေတာပါပဲ ။
ဘကြီးအောင် LA

zawgyi

” ကုလတပ္ဖြဲ႕ကို ဦးေဆာင္သူ မိတ္ေဆြတစ္ေယာက္ႏွင့္ က်ားနာတစ္ေကာင္ ”

ေဒါက္တာဆာဆာက ျပင္သစ္နဲ႕ R2P ေဆြးေႏြးတယ္ ။ ကုလသမဂၢအဖြဲ႕ႀကီးက လက္ခံနိုင္ဖို႔အတြက္ ျပင္သစ္နဲ႕ အရင္ဆုံး ေဆြးေႏြးတာပါ ။ ျပင္သစ္ဟာ NUG ကို ကမာၻသိ အသိအမွတ္ျပဳေတာ့မယ့္ အင္အားႀကီးနိုင္ငံဆိုတာ အားလုံးသိၾကမွာပါ ။ ေႏြဦးေတာ္လွန္ေရးမွာ ျပင္သစ္ရဲ႕ အကူအညီက ေတာ္ေတာ္ေလးကို အားရစရာ ေကာင္းလွပါတယ္ ။ ျပင္သစ္လို အီးယူနဲ႕ ကမာၻမွာ ၾသဇာႀကီးတဲ့ နိုင္ငံက ၉၉ % NUG ကို အသိအမွတ္ျပဳလာတဲ့အတြက္ အျခား အင္အားႀကီး နိုင္ငံေတြနဲ႕ အာဆီယံ နိုင္ငံအခ်ိဳ႕ပါ ေျပာင္ေျပာင္တင္းတင္းနဲ႕ NUG ကို ေထာက္ခံလာၾကတာပါ ။

ေဒါက္တာဆာဆာဟာ ျပင္သစ္နဲ႕ ေဆြးေႏြးတဲ့အတြက္ အေျခအေနေကာင္းတယ္လို႔ သတင္းၾကားရတယ္ ။ ဘာ့ေၾကာင့္ ဒီလိုေကာင္းရသလဲဆိုရင္ ကုလသမဂၢလက္ေအာက္ခံ လုံၿခဳံေရးေကာင္စီရဲ႕ ၿငိမ္းခ်မ္းမႈ႕စစ္ဆင္ေရး ဥကၠဌ တာဝန္ထမ္းေဆာင္ေနသူက ျပင္သစ္နိုင္ငံသားတစ္ေယာက္ ျဖစ္ေနလို႔ပါပဲ ။

သူ နာမည္က Jean-Pierre Lacroix ပါ ။ ျပင္သစ္အသံထြက္နဲ႕ အတိုေကာက္ေခၚရင္ ” လက္ကရာ(ဇ္) ” လို႔ ေခၚပါတယ္ ။ နိုင္ငံေရးနဲ႕ သံတမန္အေရး မွာ ၂၅ ႏွစ္ေက်ာ္ လုပ္သက္ရွိတယ္ ။ ျပင္သစ္ရဲ႕ နိုင္ငံျခားေရးဝန္ႀကီး ။ ကုလသမဂၢရဲ႕ လူ႕အခြင့္အေရးအဖြဲ႕ ဒါရိုက္တာ ။ ဆြိဒင္နိုင္ငံ ဆိုင္ရာ ျပင္သစ္သံအမတ္ ။ ျပင္သစ္ရဲ႕ ကုလသမဂၢဆိုင္ရာ သံမႈးအျဖစ္ တာဝန္ထမ္းခဲ့တယ္ ။ ျပင္သစ္အစိုးရရဲ႕ အႀကံေပးအဖြဲ႕ ေခါင္းေဆာင္လည္း လုပ္ပါတယ္ ။ ကုလသမဂၢရဲ႕ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြ ေစလႊတ္တဲ့ စစ္ဆင္ေရးေတြမွာ စီမံခန့္ခြဲ အႀကံေပးရတဲ့ ေခါင္းေဆာင္ပါ ။

ျပည္သူ႕အစိုးရကို အသိအမွတ္ျပဳ ၊ အားေပးကူညီေနတဲ့ ျပင္သစ္နိုင္ငံသား မိတ္ေဆြတစ္ေယာက္ဟာ လုံၿခဳံေရးေကာင္စီရဲ႕ ၿငိမ္းခ်မ္းမႈ႕စစ္ဆင္ေရး လုပ္ငန္း တာဝန္ကို အၿမဲတမ္း ထမ္းေဆာင္ရတဲ့ ေခါင္းေဆာင္ ေနရာမွာ ရွိေနတာကေတာ့ ျမန္မာျပည္သူေတြအတြက္ သိပ္ကို အားတက္စရာပါ ။ အလွည့္က် လုံၿခဳံေရးေကာင္စီ ဥကၠဌေနရာ ရထားသူကလည္း ျပင္သစ္ပါပဲ ။

ေနာက္ထပ္ အေရးႀကီးသူတစ္ေယာက္ကေတာ့ က်ားနာတစ္ေကာင္ပါ ။ တယ္လီေနာထြက္သြားရတဲ့ ကိစၥဟာ စစ္ေကာင္စီရဲ႕ စီးပြားေရး လက္ဝါးအုပ္ခ်င္မႈ႕နဲ႕ ျပည္သူကို အားေပးေနတဲ့ ဆက္သြယ္ေရး ကုမၼဏီတစ္ခုကို နည္းအမ်ိဴးမ်ိဴးနဲ႕ ကန္ထုတ္လိုက္တာပါ ။ ဘာ့ေၾကာင့္လည္းဆိုေတာ့ ေတာ္လွန္ေရးသမားအခ်င္းခ်င္း သတင္းအဆက္အသြယ္ေတြကို တယ္လီေနာက ကူညီေပးပါတယ္ ။ ဒီေတာ့ ….၊ သိပ္ကို အေရးႀကီးေနတဲ့ D-Day မေရာက္ခင္အခ်ိန္မွာ ဆက္သြယ္မႈ႕ေတြ ေထာက္လွမ္းလို႔ရေအာင္ စစ္ေကာင္စီလက္ေအာက္ခံ ဆက္သြယ္ေရး ကုမၼဏီေတြကိုပဲ ရွိေစခ်င္တဲ့ သေဘာပါပဲ ။

တိုက္ဆိုင္မႈ႕ကေတာ့ လုံၿခဳံေရးေကာင္စီ လက္ေအာက္က ၿငိမ္းခ်မ္းမႈ႕ ထိန္းသိမ္းေရး တပ္ဖြဲ႕ရဲ႕ တပ္မႈးခ်ဳပ္ပါ ။ သူ႕နာမည္က ဗိုလ္ခ်ဳပ္ Ingrid Gjerde ပါ ။ ေနာ္ေဝးအသံထြက္နဲ႕ အင္ဂရစ္ဂ်ဴရွက္(ဒ္) လို႔ေခၚပါတယ္ ။ အမ်ိဴးသမီးပါ ။ ေနာ္ေဝးတပ္မေတာ္က ထူးခြၽန္တဲ့ ဗိုလ္ခ်ဳပ္တစ္ေယာက္လို႔ ဆိုပါတယ္ ။ ေနာ္ေဝးရဲ႕ ဒုတိယ စစ္ဦးစီးခ်ဳပ္တာဝန္ ထမ္းေဆာင္ပါတယ္ ။ အာဖဂန္နစၥတန္ စစ္ေျမျပင္ ၊ လက္ဘႏြန္ စစ္ေျမျပင္ေတြမွာ အမႈ႕ထမ္းခဲ့တယ္ ။ ေနာ္ေဝး စစ္တကၠသိုလ္နဲ႕ အေမရိကန္ စစ္ေကာ္လိပ္ေတြမွာ ပညာသင္ခဲ့တယ္ ။

ေကာင္းၿပီ …။ ျမန္မာျပည္ကို R2P ခြင့္ျပဳမယ့္ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ ၊ R2P ဒါရိုက္တာ ၊ လုံၿခဳံေရးေကာင္စီနဲ႕ ေထာက္ခံမဲေပးမယ့္ နိုင္ငံေတြထက္စာရင္ အခုေျပာသူႏွစ္ေယာက္ဟာ အေရးမပါလွဘူးလို႔ ထင္ေကာင္း ထင္နိုင္ၾကပါတယ္ ။ တကယ္ေတာ့ ဒီႏွစ္ေယာက္ဟာ ကမာၻႀကီးေပၚက ၿငိမ္းခ်မ္းမႈ႕ ေပ်ာက္ဆုံးေနတဲ့ ေဒသေတြဆီကို ၿငိမ္းခ်မ္းမႈ႕ထိန္းသိမ္းသင့္တယ္လို႔ အဓိက အႀကံေပးရသူေတြပါ ။ ရွင္းေအာင္ေျပာရရင္ ၊ စားပြဲေပၚက အစည္းအေဝးထက္ တကယ္သြားသင့္ မသြားသင့္ ၊ လုပ္သင့္ မလုပ္သင့္ ဆိုတာေတြကို လုပ္သက္ ၊ အေတြ႕အႀကဴံနဲ႕ စဥ္းစား ဆုံးျဖတ္ရသူေတြပါ ။ ကုလအဖြဲ႕က ျမန္မာျပည္အတြက္ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းဖို႔ ခြင့္ျပဳလိုက္တဲ့အခါ ၊ စီမံကိန္းနဲ႕ စစ္ဗ်ဴဟာ ေရးဆြဲရမယ့္ အေရးႀကီးသူ ႏွစ္ေယာက္ပါ ။

ဒီလူႏွစ္ေယာက္ဟာ မိတ္ေဆြ ျပင္သစ္နဲ႕ က်ားနာ ေနာ္ေဝး နိုင္ငံသားေတြ ျဖစ္ေနတာကေတာ့ ေႏြဦးေတာ္လွန္ေရးရဲ႕ ကံၾကမၼာ ေဖးမမႈ႕လို႔ ေျပာရမယ္ထင္ပါတယ္ ။ဒါ့ေၾကာင့္လည္း R2P ဟာ ဒီရက္ပိုင္းမွာ သိသိသာ လႈပ္ရွားလာတယ္ ။

သုံးသပ္ရရင္ …၊ အာဏာသိမ္းကတည္းက ေျပာလာခဲ့တဲ့ ကုလရဲ႕ R2P ဟာ ” ၿငိမ္းခ်မ္းမႈ႕ထိန္းသိမ္းေရး မစ္ရွင္ ” အျဖစ္နဲ႕လည္း ေရာက္လာနိုင္ပါတယ္ ။ ကမာၻေပၚက ၿငိမ္းခ်မ္းမႈ႕ ေပ်ာက္ဆုံးေနတဲ့ နိုင္ငံေတြကို ေရွာင္တခင္ ဝင္လာတာမ်ိဴးပါ ။

ဘာ့ေၾကာင့္ ဝင္လာနိုင္တယ္လို႔ သုံးသပ္ရသလဲဆိုရင္ …၊ ကုလက ျမန္မာကို ကူညီဖို႔ ေျပာထားပါတယ္ ။ ကုလ အေထြေထြအတြင္းေရးမႈးက ” စစ္အာဏာသိမ္းမႈ႕ကို ဘယ္လိုမွ လက္မခံနိုင္ပါဘူး ” တဲ့ ။ အေမရိကန္က ျမန္မာ့ဒီမိုကေရစီကို မျဖစ္မေန ျပန္လည္ ေလွ်ာက္လွမ္းနိုင္ရမယ္တဲ့ ။ ဂ်ပန္ ၊ ကိုရီးယား ၊ ၾသစီ ၊ အဂၤလန္ ၊ ဂ်ာမနီ ၊ အီတလီ ၊ ကေနဒါကလည္း ေျပာထားပါတယ္ ။

ဒီရက္ပိုင္းမွာ ေဒါက္တာဆာဆာက R2P ေဆြးေႏြးေနတယ္ ။ ၿငိမ္းခ်မ္းမႈ႕ ထိန္းသိမ္းေရး တပ္ဖြဲ႕အတြက္ တစ္ႏွစ္စာ အသုံးစားရိတ္ အေမရိကန္ေဒၚလာ ၆ ဘီလီယံေက်ာ္ ခ်မွတ္ထားတယ္ ။ အာဖရိကတိုက္သား ၿငိမ္းခ်မ္းမႈ႕ထိန္းသိမ္းေရး တပ္ဖြဲ႕ဝင္ေတြကို လစာတိုးေပးၿပီး လူသစ္ စုေဆာင္းေနတယ္ ။

ဒါကေတာ့ ကုလသမဂၢနဲ႕ နိုင္ငံတကာက ျမန္မာ့အေရးအေပၚ ဖိအားေပးလာမႈ႕ ၊ သံတမန္အေရး ေထာက္ခံလာမႈ႕ ၊ မဟာမိတ္နိုင္ငံေတြရဲ႕ ေျပာင္ေျပာင္တင္းတင္း ကူညီလာမႈ႕နဲ႕ ၿငိမ္းခ်မ္းမႈ႕ ထိန္းသိမ္းေရး လုပ္ငန္းစဥ္ေတြကို အဓိက ပုံေဖာ္ရတဲ့ တာဝန္ရွိသူႏွစ္ေယာက္ဟာ မိတ္ေဆြတစ္ေယာက္နဲ႕ က်ားနာတစ္ေကာင္ ျဖစ္ေနတဲ့အတြက္ အားလုံးကို ဆက္စပ္ သုံးသပ္လိုက္တဲ့အခါ ေႏြဦးေတာ္လွန္ေရးရဲ႕ အဆုံးသတ္ကို ေကာင္းေကာင္း ျမင္လိုက္ရပါၿပီ ။

မိတ္ေဆြတို႔ သိထားရမွာက ကုလက စီစဥ္တဲ့ R2P ပဲ ျဖစ္ျဖစ္ ၊ ၿငိမ္းခ်မ္းမႈ႕ထိန္းသိမ္ေရး မစ္ရွင္ပဲ ျဖစ္ျဖစ္ ၊ စစ္ေရးမစ္ရွင္ပါတဲ့ လုပ္ငန္းေတြကို ႀကိဴတင္ ေၾကျငာမွာ မဟုတ္ပါဘူး ။ ေရွာင္တခင္ ဝင္မွာပါ ။ ဘယ္အခ်ိန္ ဝင္မလဲ ဆိုတာေတာ့ မိတ္ေဆြတို႔လည္း အေျခအေနေတြကို သုံးသပ္ၾကည့္နိုင္ပါတယ္ ။ စာေရးသူရဲ႕ သုံးသပ္မႈ႕ကေတာ့ ေသခ်ာေပါက္ ဝင္လာနိုင္ပါတယ္ ။

ကဲ … မိတ္ေဆြ …။ NUG က သံတမန္အေရးမွာ ေအာင္ျမင္ေနတယ္ ။ တိုင္းရင္သား အဖြဲ႕ေတြက တိုက္ပြဲေတြ ေဖာ္ေဆာင္ေနတယ္ ။ PDF က ေနရာယူထားတယ္ ။ ျပည္သူ႕ေတာ္လွန္ေရးသမားေတြက ေျပာက္က်ားစနစ္နဲ႕ ေတာ္လွန္ေနတယ္ ။ ဒါေတြအျပင္ ကုလ ၿငိမ္းခ်မ္းေရးအဖြဲ႕ေတြ ေရာက္လာခဲ့မယ္ဆိုရင္ေတာ့ ၊ အေျခအေနဟာ ျပည္သူေတြဘက္မွာ ရာႏႈံးျပည့္ ရွိေနတာပါပဲ ။
ဘႀကီးေအာင္ LA