ပြည်သူတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ အောက်စီဂျင်ကို များများရနိုင်ဖို့ စက်ရုံတခုလုပ်ပေးမယ်လို့ ဆိုလိုက်တဲ့ နန္ဒာလှိုင်

Unicode

မြန်မာနိုင်ငံမှာ ခုဆိုရင် Covid -19 ရောဂါဟာ အရှိန်အဟုန်ပြင်းစွာ ကူးစက်ဖြစ်ပေါ်လျက်ရှိရာ သေဆုံးသူတွေလည်း များပြားနေတာတွေ့ရပါတယ်

အဓိက ဖြစ်နေရတဲ့ ပြဿနာကတော့အောက်ဆီဂျင်အိုး မလုံလောက်နေတာတွေဖြစ်ပါတယ် လူမှုကွန်ရက် စာမျက်နှာထက်မှာဆိုရင်လည်း အောက်ဆီဂျင်လိုအပ်လို့ အကူအညီ တောင်းခံကြသူတွေ နေ့ရောညရောမနည်းပါဘူး။

ဒါ့ကြောင့် ခုဆိုရင် ပရဟိတအသင်းတွေအလှူရှင်တွေ စုပေါင်းပြီး ဒီပြဿနာကို ဖြေရှင်းနေကြတာ တွေ့ရပါတယ် အောက်ဆီဂျင်ဖြည့်ဖို့တောင် လူများလွန်းလို့ တန်းစီ စောင့်ကြရပါတယ် မြို့ကြီးပြကြီးတွေမှာတောင် ဒီလောက်အခြေအနေဆိုးနေတာ နယ်မြို့တွေမှာဆိုရင် ပိုတောင်ဆိုးရွားနေတာကိုလည်း တွေ့ရပါတယ်

ဒါပေမယ့် ပြည်သူတွေ အားလုံးကတော့ အတူတူ တတ်နိုင်သလောက် ကူညီဖြေရှင်းနေကြပါတယ် မကြာခင် အချိန်ပိုင်းလောက်ကဆိုရင်လည်း နန္ဒာလှိုင်က သူရဲ့အကောင့်လေးကနေပြီး Medical Oxygen Plant အသေးတစ်ခု လှူပေးချင်ကြောင်း ခုလိုရေးသားဖော်ပြလာပါတယ်

Medical Oxygen Plant အသေးတစ်ခု လှူပေးချင်လို့ပါ။ အောက်ဆီဂျင်ထုတ်ပေးတဲ့စက်ရုံတစ်ခု ဆောက်ပေးမလို့ပါ။ ဘယ်သူ့ဆီမှာ စက်ကအဆင်သင့်ရောင်းဖို့ရှိပါသလဲ။

ပြည်ပက မှာရင် ကြာမှာစိုးလို့ပါ။တပတ်အတွင်းလောက်လိုချင်ပါတယ်။ ” ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်းသိရှိနိုင်စေရန်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်
Photo – Nandar Hlaing

Zawgyi







Photo – Nandar Hlaing

Add a Comment

Your email address will not be published. Required fields are marked *