ကိုဗစ်ကာကွယ်ဖို့အတွက် သာပေါင်းမြို့က ရဲတပ်ဖွဲ့ဝင်တွေကို ဂျင်းပြုတ်ရေတိုက်

Unicode

ကိုဗစ်ကာကွယ်ဖို့အတွက် သာပေါင်းမြို့က ရဲတပ်ဖွဲ့ဝင်တွေကို ဂျင်းပြုတ်ရေတိုက်

ကိုဗစ်ရောဂါ ကူးစက်မှုများနေတဲ့အတွက် Stay at Home ကြေညာထားတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဇူလိုင်လ ၉ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ကိုဗစ်ကာကွယ်ရေးအတွက် ဂျင်းပြုတ်ရေတိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို ဂျင်းပြုတ်ရေတိုက်တာနဲ့ ပတ်သက်ပြီး တိုင်းရဲတပ်ဖွဲ့ကတာဝန်ရှိသူတစ်ဦးက ရဲတပ်ဖွဲ့ဝင်တွေကို ကိုဗစ်ရောဂါကာကွယ်နိုင်ရေးအတွက် ဖြည့်စွက်စာအနေနဲ့ ဆောင်ရွက်တာလို့ ပြောပါတယ်။

မြန်မာ့တိုင်းရင်းဆေးနည်းတမျိုး ဖြစ်တဲ့ ဂျင်းပြုတ်ရည်ဟာ အပူစာဖြစ်လို့ COVID – 19 ကာကွယ်ပေးတယ်လို့ ဗမာလူမျိုးတချို့က ယုံကြည်ကြပြီး သောက်သုံးကြတာတွေလည်း ရှိပါတယ်။

အခုလည်း ကိုဗစ်တတိယလှိုင်း ကူးစက်မှု ပြင်းထန်လာချိန် ရဲတပ်ဖွဲ့ဝင်တွေလည်း ကူးစက်ခံနေရတဲ့အတွက် ကိုဗစ်ကာကွယ်ဖို့ ဂျင်းပြုတ်ရည်တိုက်နေတာ ဖြစ်ပါတယ်။

သို့သော် ရဲတွေနဲ့ မိသားစုတွေ ဂျင်းပြုတ်ရည်တိုက်ရာမှာ ခွက်တစ်ခုထဲကို အသုံးပြုတိုက်ကျွေးနေတာဖြစ်ပြီး အခုလို ခွက် ၁ ခွက်ထဲနဲ့ သောက်တာဟာ ကိုဗစ်ရှိသူသာပါလာရင် ဒေသတွင် ရောဂါပြန့်ပွားမှုနှုန်း ပိုမိုမြင့်တက်လာနိုင်တာကြောင့် ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

သာပေါင်းမြို့နယ်မှာ ဇူလိုင်လဆန်းပိုင်းကစတင်ကာ ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်ခဲ့လို့ Stay at Home ထုတ်ပြန်ကြေငြာခဲ့ရသလို စျေးတွေနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။
ဓာတ်ပုံ – CJ
#သာပေါင်း #COVID19 #ရဲတပ်ဖွဲ့ #ဂျင်းပြုတ်ရည် #Ayeyarwaddy_Times

Zawgyi

ကိုဗစ္ကာကြယ္ဖို႔အတြက္ သာေပါင္းၿမိဳ႕က ရဲတပ္ဖြဲ႕ဝင္ေတြကို ဂ်င္းျပဳတ္ေရတိုက္

ကိုဗစ္ေရာဂါ ကူးစက္မႈမ်ားေနတဲ့အတြက္ Stay at Home ေၾကညာထားတဲ့ ဧရာဝတီတိုင္း၊ သာေပါင္းၿမိဳ႕နယ္မွာ ဇူလိုင္လ ၉ ရက္ေန႕က ရဲတပ္ဖြဲ႕ဝင္ေတြနဲ႕ မိသားစုဝင္ေတြကို ကိုဗစ္ကာကြယ္ေရးအတြက္ ဂ်င္းျပဳတ္ေရတိုက္ခဲ့တယ္လို႔ သိရပါတယ္။

ရဲတပ္ဖြဲ႕ဝင္ေတြကို ဂ်င္းျပဳတ္ေရတိုက္တာနဲ႕ ပတ္သက္ၿပီး တိုင္းရဲတပ္ဖြဲ႕ကတာဝန္ရွိသူတစ္ဦးက ရဲတပ္ဖြဲ႕ဝင္ေတြကို ကိုဗစ္ေရာဂါကာကြယ္နိုင္ေရးအတြက္ ျဖည့္စြက္စာအေနနဲ႕ ေဆာင္႐ြက္တာလို႔ ေျပာပါတယ္။

ျမန္မာ့တိုင္းရင္းေဆးနည္းတမ်ိဳး ျဖစ္တဲ့ ဂ်င္းျပဳတ္ရည္ဟာ အပူစာျဖစ္လို႔ COVID – 19 ကာကြယ္ေပးတယ္လို႔ ဗမာလူမ်ိဳးတခ်ိဳ႕က ယုံၾကည္ၾကၿပီး ေသာက္သုံးၾကတာေတြလည္း ရွိပါတယ္။

အခုလည္း ကိုဗစ္တတိယလွိုင္း ကူးစက္မႈ ျပင္းထန္လာခ်ိန္ ရဲတပ္ဖြဲ႕ဝင္ေတြလည္း ကူးစက္ခံေနရတဲ့အတြက္ ကိုဗစ္ကာကြယ္ဖို႔ ဂ်င္းျပဳတ္ရည္တိုက္ေနတာ ျဖစ္ပါတယ္။

သို႔ေသာ္ ရဲေတြနဲ႕ မိသားစုေတြ ဂ်င္းျပဳတ္ရည္တိုက္ရာမွာ ခြက္တစ္ခုထဲကို အသုံးျပဳတိုက္ေကြၽးေနတာျဖစ္ၿပီး အခုလို ခြက္ ၁ ခြက္ထဲနဲ႕ ေသာက္တာဟာ ကိုဗစ္ရွိသူသာပါလာရင္ ေဒသတြင္ ေရာဂါျပန့္ပြားမႈႏႈန္း ပိုမိုျမင့္တက္လာနိုင္တာေၾကာင့္ ေဒသခံေတြက ေဝဖန္ေျပာဆိုေနၾကပါတယ္။

သာေပါင္းၿမိဳ႕နယ္မွာ ဇူလိုင္လဆန္းပိုင္းကစတင္ကာ ကိုဗစ္ေရာဂါ ကူးစက္မႈျမင့္တက္ခဲ့လို႔ Stay at Home ထုတ္ျပန္ေၾကျငာခဲ့ရသလို ေစ်းေတြနဲ႕ စာသင္ေက်ာင္းေတြလည္း ပိတ္ထားရပါတယ္။
ဓာတ္ပုံ – CJ
#သာေပါင္း #COVID19 #ရဲတပ္ဖြဲ႕ #ဂ်င္းျပဳတ္ရည္ #Ayeyarwaddy_Times