Covid-19 တတိယလှိုင်း အတွက် ကန်ထရိုက်စနစ်ဖြင့် ဆရာဝန်များ ငှားရမ်းမည်ဟု စစ်.ကောင်.စီ ခေါင်းဆောင် မင်းအောင်လှိုင်ပြော

Unicode

ကိုဗစ်-၁၉ တတိယလှိုင်းတွင် လိုအပ်သည့် ဆရာဝန်များအတွက် ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းအသုံးပြုမည်ဟုအာ
ဏာ.သိမ်းစစ်.ကောင်.စီ၏ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်ကပြောကြောင်း မြဝတီသတင်းဌာနမှ တဆင့်ပြောသည်။

လိုအပ်သည့် ဆရာဝန်များအပြင် လုပ်အားပေး ကူညီပေးမည့်သူများ Volunteer များကိုပါနေ့စားစနစ်ဖြင့် ငှားရမ်းရန် စီစဥ်ထားကြောင်း၊ မကြာမီဖြစ်လာမည်ဟု ၎င်းက ပြောဆိုကြောင်းဆက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင်မေလတတိယအပတ်တွင် ကိုဗစ်တတိယလှိုင်း ဖြစ်ပွားခဲ့ပြီးစာသင်ကျောင်းများဇူလိုင်လ ၈ရက်နေ့တွင်ပိတ်ခဲ့ရသည်။

လက်ရှိအချိန်တွင်ကိုဗစ်ပိုးလူနာတွေ့ရှိမှုမြင့်တက်လျက်ရှိပြီး သေဆုံးသူလည်းမြင့်တက်လျက်ရှိနေသည်။

ပြည်သူများအနေဖြင့် ကိုဗစ်တတိယလှိုင်းတွင် ကိုဗစ်ရောဂါ ပြဿနာ၊ နှာခေါင်းစီး(Mask) ပြဿနာ၊ အောက်ဆီဂျင် ပြဿနာများကို တနေ့တခြားဆိုးရွားစွာရင်ဆိုင်ရလျက်ရှိသည်။

ကိုဗစ်-၁၉ ကိုအဆိုးရွားဆုံးခံစားနေရတဲ့ ကလေးမြို့မှာ အိမ်တိုင်းနီးပါး ကိုဗစ်ကူးစက်ခံနေရလို့

အောက်ဆီဂျင် အိုးကြီး၊အိုးသေး ဖြည့်ပေးတဲ့နေရာ၁၀နေရာလောက်ရှိပေမယ့် လိုအပ်ချက်များပြီး အောက်ဆီဂျင်ပြတ်လပ်တဲ့အထိဖြစ်နေတာလို့ ဆိုပါတယ်။

”အမှန်က တော့ အောက်ဆီဂျင်လုံလုံလောက်လောက်ရရင် အသက်တွေလည်းကယ်နိုင်မယ်၊အရင်နှစ်ရက် ဒီမှာ အောက်ဆီဂျင်လုံးဝပြတ်တော့ လူနာ၄၀ကျော်လောက်အထိသေသွားကြရတယ်၊

ဒီမှာ လုံးဝမရလို့ ရန်ကုန်၊မန္တလေး အထိဆင်းဝယ်ကြရတယ်၊ ဒါပေမယ့် ဝယ်မရကြဘူး၊ဒီရက်ကတော့နည်းနည်း ပြန်ဝင်လာတယ်၊ဒါပေမယ့်မလုံလောက်ဘူး၊

ဒီနေ့တော့ မနက်ပိုင်းက တချို့နေရာတွေဖြည့်ပေးကြတယ်၊ နေ့လည်းပိုင်းတချို့ဖြည့်ပေးကြတယ်” လို့ ကလေးမြို့မှာအောက်ဆီဂျင်ရရှိရေးကူညီပေးနေတဲ့ Lucas Tuang ဆောက်လုပ်ရေးကဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကလေးမြို့မှာ ကိုဗစ်ကူးစက်သူဦးရေ ရာချီရှိနေပြီး ကူးစက်နှုန်းမြင့်တက်နေသလို သေဆုံးသူကနေ့စဉ် ၂၀ခန့်ရှိနေတာပါ။

လတ်တလောမှာ လူနာတွေအတွက်အောက်ဆီဂျင်မရရှိသလို အောက်ဆီဂျင်ထည့်ဖို့ဘူးခွံအထိရှားပါးလာတယ်လို့ မြို့ခံတွေကပြောပါတယ်။

ယနေ့ည စစ်.ကောင်စီ၏ ထုတ်ပြန်ချက်များအရပိုးတွေ့ရှိသူ ၄၃၀၀ ကျော်ရှိပြီး သေဆုံးရသူ ၆၀ကျော်ရှိကြောင်းသိရသည်။
Credit

Zawgyi

ကိုဗစ္-၁၉ တတိယလွိုင္းတြင္ လိုအပ္သည့္ ဆရာဝန္မ်ားအတြက္ ကန္ထရိုက္စနစ္ျဖင့္ ငွားရမ္းအသုံးျပဳမည္ဟုအာ.ဏာ.သိမ္း စ.စ္ေ.ကာ.င္စီ၏ ေခါင္းေဆာင္ကာကြယ္ေရး ဦးစီးခ်ဳပ္မင္းေအာင္လွိုင္က ေျပာေၾကာင္း ျမဝတီသတင္းဌာနမွ တဆင့္ ေျပာသည္။

လိုအပ္သည့္ ဆရာဝန္မ်ားအျပင္ လုပ္အားေပးကူညီေပးမည့္သူမ်ား Volunteerမ်ားကိုပါ ေန႕စားစနစ္ျဖင့္ ငွားရမ္းရန္ စီစဥ္ထားေၾကာင္း၊မၾကာမီ ျဖစ္လာမည္ဟု၎က ေျပာဆိုေၾကာင္းဆက္ထုတ္ျပန္သည္။

ျမန္မာနိုင္ငံတြင္ ေမလတတိယအပတ္တြင္ ကိုဗစ္ တတိယလွိုင္း ျဖစ္ပြားခဲ့ၿပီး စာသင္ေက်ာင္းမ်ား ဇူလိုင္လ ၈ရက္ေန႕တြင္ပိတ္ခဲ့ရသည္။

လက္ရွိအခ်ိန္တြင္ ကိုဗစ္ပိုးလူနာ ေတြ႕ရွိမႈျမင့္တက္လ်က္ရွိၿပီး ေသဆုံးသူလည္းျမင့္တက္လ်က္ရွိေနသည္။

ျပည္သူမ်ားအေနျဖင့္ ကိုဗစ္တတိယလွိုင္းတြင္ ကိုဗစ္ေရာဂါ ျပႆနာ၊ ႏွာေခါင္းစီး(Mask) ျပႆနာ၊ ေအာက္ဆီဂ်င္ ျပႆနာမ်ားကို တေန႕တျခား ဆိုး႐ြားစြာရင္ဆိုင္ရလ်က္ ရွိသည္။

ကိုဗစ္-၁၉ ကိုအဆိုး႐ြားဆုံးခံစားေနရတဲ့ ကေလးၿမိဳ႕မွာ အိမ္တိုင္းနီးပါးကိုဗစ္ကူးစက္ခံေနရလို႔ ေအာက္ဆီဂ်င္ အိုးႀကီး၊အိုးေသး ျဖည့္ေပးတဲ့ေနရာ ၁၀ေနရာေလာက္ရွိေပမယ့္ လိုအပ္ခ်က္မ်ားၿပီး ေအာက္ဆီဂ်င္ျပတ္လပ္တဲ့ အထိျဖစ္ေနတာလို႔ ဆိုပါတယ္။

”အမွန္က ေတာ့ ေအာက္ဆီဂ်င္လုံလုံေလာက္ေလာက္ရရင္ အသက္ေတြလည္းကယ္နိုင္မယ္၊အရင္ႏွစ္ရက္ ဒီမွာ ေအာက္ဆီဂ်င္လုံးဝျပတ္ေတာ့ လူနာ ၄၀ေက်ာ္ေလာက္အထိေသသြားၾကရတယ္၊

ဒီမွာ လုံးဝမရလို႔ ရန္ကုန္၊မႏၲေလး အထိဆင္းဝယ္ၾကရတယ္၊ ဒါေပမယ့္ ဝယ္မရၾကဘူး၊ဒီရက္ကေတာ့နည္းနည္း ျပန္ဝင္လာတယ္၊ဒါေပမယ့္မလုံေလာက္ဘူး၊

ဒီေန႕ေတာ့ မနက္ပိုင္းက တခ်ိဳ႕ေနရာေတြျဖည့္ေပးၾကတယ္၊ ေန႕လည္းပိုင္းတခ်ိဳ႕ျဖည့္ေပးၾကတယ္” လို႔ ကေလးၿမိဳ႕မွာ ေအာက္ဆီဂ်င္ရရွိေရးကူညီေပးေနတဲ့ Lucas Tuang ေဆာက္လုပ္ေရးကဝန္ထမ္းတစ္ဦးကေျပာပါတယ္။

လက္ရွိမွာ ကေလးၿမိဳ႕မွာ ကိုဗစ္ကူးစက္သူဦးေရ ရာခ်ီရွိေနၿပီး ကူးစက္ႏႈန္းျမင့္တက္ေနသလို ေသဆုံးသူကေန႕စဥ္ ၂၀ ခန႔္ရွိေနတာပါ။

လတ္တေလာမွာ လူနာေတြအတြက္ေအာက္ဆီဂ်င္မရရွိသလို ေအာက္ဆီဂ်င္ထည့္ဖို႔ဘူးခြံအထိရွားပါးလာတယ္လို႔ၿမိဳ႕ခံေတြကေျပာပါတယ္။

ယေန႕ည စစ္ေကာင္စီ၏ထုတ္ျပန္ခ်က္မ်ားအရ ပိုးေတြ႕ရွိသူ ၄၃၀၀ ေက်ာ္ရွိၿပီး ေသဆုံးရသူ ၆၀ ေက်ာ္ရွိေၾကာင္း သိရသည္။
Credit

Add a Comment

Your email address will not be published. Required fields are marked *