ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ၂ သန်း မှာယူထားကြောင်း အာ.ဏာ.သိမ်းစစ်.ခေါင်းဆောင်ပြော

Unicode

“ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ၂ သန်း မှာယူထားကြောင်း အာ.ဏာ.သိမ်းစ.စ်ခေါင်းဆောင်ပြော”

တကျော့ပြန် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံကို ရုရှားနိုင်ငံကကိုဗစ်ကပ်ရောဂါကာကွယ်ဆေး ၂ သန်းဒီလကစပေးပို့မှာဖြစ်ကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေတိုးလာနေချိန်မှာ အကူအညီပေးဖို့ ရုရှားကာကွယ်ရေးဌာနအဆင့်မြင့်အရာရှိတွေက ကတိပေးခဲ့တာလို့လည်းဆိုပါတယ်။

ကာကွယ်ဆေး ၂ သန်းတောင်းခံတာကိုပေးမယ်လို့ကတိပေးခဲ့တဲ့အကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပြောကြားချက်ကို စစ်တပ်ပိုင်မြဝတီသတင်းမှာဖော်ပြပါတယ်။

ရုရှားနိုင်ငံကထုတ်လုပ်တဲ့ Sputnik V ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သုံးစွဲခွင့် တရားဝင်အတည်မပြုသေးပေမဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းအိန္ဒိယနိုင်ငံ အပါအဝင် အာရှနိုင်ငံတချို့မှာအရေးပေါ်သုံးစွဲဖို့ခွင့်ပြုထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရုရှားထုတ် ကာကွယ်ဆေး ၇သန်းရဖို့ ကြိုးပမ်းနေကြောင်းရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ပြီးခဲ့တဲ့လထဲမှာပဲပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာကပ်ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေစံချိန်တင် တိုးလာနေချိန်မှာပဲမြန်မာစစ်.ခေါင်းဆောင်ရဲ့ပြောဆိုချက် ထွက်ပေါ်လာတာပါ။

Zawgyi

“႐ုရွားထုတ္ ကိုဗစ္ကာကြယ္ေဆး ၂သန္းမွာယူထားေၾကာင္း အာ.ဏာ.သိမ္းစ.စ္ေခါင္းေဆာင္ေျပာ”

တေက်ာ့ျပန္ ကိုဗစ္ကပ္ေရာဂါကူးစက္မႈေတြႀကဳံေနရတဲ့ ျမန္မာနိုင္ငံကို ႐ုရွားနိုင္ငံကကိုဗစ္ကပ္ေရာဂါကာကြယ္ေဆး ၂ သန္း ဒီလကစ ေပးပို႔မွာျဖစ္ေၾကာင္းဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ကေျပာလိုက္ပါတယ္။

ျမန္မာနိုင္ငံမွာကပ္ေရာဂါကူးစက္မႈေတြတိုးလာေနခ်ိန္မွာ အကူအညီေပးဖို႔ ႐ုရွားကာကြယ္ေရးဌာနအဆင့္ျမင့္ အရာရွိေတြကကတိေပးခဲ့တာလို႔လည္းဆိုပါတယ္။

ကာကြယ္ေဆး ၂သန္း ေတာင္းခံတာကို ေပးမယ္လို႔ ကတိေပးခဲ့တဲ့အေၾကာင္းဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ ရဲ႕ ေျပာၾကားခ်က္ကိုစစ္တပ္ပိုင္ ျမဝတီသတင္းမွာ ေဖာ္ျပပါတယ္။

႐ုရွားနိုင္ငံက ထုတ္လုပ္တဲ့ Sputnik V ကာကြယ္ ေဆးကို ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)က သုံးစြဲခြင့္ တရားဝင္ အတည္မျပဳေသးေပမဲ့ ျမန္မာနိုင္ငံရဲ႕အိမ္နီးခ်င္း အိႏၵိယနိုင္ငံ အပါအဝင္ အာရွနိုင္ငံတခ်ိဳ႕မွာအေရးေပၚသုံးစြဲဖို႔ခြင့္ျပဳထားပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ကေတာ့ ႐ုရွားထုတ္ ကာကြယ္ေဆး ၇ သန္းရဖို႔ ႀကိဳးပမ္းေနေၾကာင္း ႐ုရွားနိုင္ငံကို သြားေရာက္ခဲ့တဲ့ ၿပီးခဲ့တဲ့လထဲမွာပဲ ေျပာဆိုထားပါတယ္။

ျမန္မာနိုင္ငံမွာကပ္ေရာဂါကူးစက္မႈေတြနဲ႕ ေသဆုံးမႈေတြ စံခ်ိန္တင္ တိုးလာေနခ်ိန္မွာပဲ ျမန္မာစစ္ေခါင္းေဆာင္ရဲ႕ ေျပာဆိုခ်က္ ထြက္ေပၚလာတာပါ။

Add a Comment

Your email address will not be published. Required fields are marked *