“လူတွေက သူများကို သာ ဆဲတတ်ကြတာ သူတို့ကို ပြန်ပြောရင် အသည်းခိုက်အောင် နာတတ်ကြတယ် ” လို့ ပေါက်ကွဲပြောဆိုလိုက်တဲ့ သရုပ်ဆောင် ခြူးလေး..

Unicode

“လူတွေက သူများကို သာ ဆဲတတ်ကြတာ သူတို့ကို ပြန်ပြောရင် အသည်းခိုက်အောင် နာတတ်ကြတယ် ” လို့ ပေါက်ကွဲပြောဆိုလိုက်တဲ့ သရုပ်ဆောင် ခြူးလေး..

ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး ခြူးလေးကတော့ ဟန်ဆောင်မှု ကင်းကင်းနဲ့ ပျော်ပျော်နေတတ်သူလေးဖြစ်ပြီး အောင်မြင်မှုရရှိနေတဲ့ မင်းသမီးချောလေးပါ။

ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူဖြစ်ပြီး အခုနောက်ပိုင်းမှာဆိုရင် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတာဖြစ်ပါတယ်။

ခြူးလေးက အခုလိုအောင်မြင်မှုတွေရရှိလာအောင်အောက်ခြေကနေကြိုးစားရုန်းကန်ခဲ့ရတဲ့သူလေးဖြစ်ပြီး ဒီနေ့မှာ တော့ သူမရဲ့ Facebook စာမျက်နှာမှာ ပေါက်ကွဲ သံစဉ်လေးတွေ ရေးသားပြီး တင်လိုက် တာပါ။

“ဟယ် လူလို စကားကောင်းကောင်းလေးဘဲပြောတာပါဟယ် ဘုရားရေ သူ့ကို လူလို ရှင်းပြတယ် ဆိုတာကလည်း လူလိုပြောရင် လူလို နားလည်လိမ့်မယ် ဦးနှောက်ရှိလိမ့်မယ်လို့ အထင်ကြီး မိလိုက်လို့ပါ

လူကဲခတ်ညံ့သွားတယ် sorry ပါ ဘာရေးလည်းဆိုတာ ရေးထားတဲ့အရေးသားက ရိုင်းလားဆိုတာ သိချင်ရင် တော့ ပြောကြပါ. စာက ရှိပါသေးတယ် ပြပါ့မယ်ရှင်

လူတိုင်းကိုလည်း လိုက်ရှင်းမပြချင်သလို ဘာမှ လည်းမလိုအပ်ဘူးလေ ရှင်းပြတော့ကော ဘာဖြစ်လာမှာမို့လို့လဲ ကိုယ့်မိသားစုတွေ သူနဲ့ fri တွေဖြစ်နေလို့ မကောင်းလို့ ရှင်းပြပေးလိုက်တာပါရှင်

So So Sorry ပါ အမရယ် ကျွန်မ ချန်ဖူးတွေကိုတော့ မစော်ကားပါနဲ့ သူတို့က ကျွန်မဘာလုပ်နေလဲ ဘယ်လိုမျိုးလဲဆိုတာ အကုန်သိထားတဲ့ သူတွေမို့လို့ပါ

ချန်ဖူးတွေလည်း အမကို ဘယ်လိုဘဲ ထင်ကြေးတွေနဲ့ ဆဲနေပါစေ စိတ်တိုပြီး ပြန်မပြောကြပါနဲ့.လူတွေက သူများကို သာ ဆဲတတ်ကြတာ သူတို့ကို ပြန်ပြောရင် အသည်းခိုက်အောင် နာတတ်ကြတယ်” ဆိုပြီး ပေါက်ကွဲထွက်လာတဲ့ စာသားတွေ ရေးတင်ခဲ့ တာပါ။ ကဲ ဘယ်သူ့ကို ဆိုတာ ပရိသတ်ကြီး သိရင် ပြောပြခဲ့အုံးနော်
Crd

Zawgyi









Crd