ဆိုင်ကယ်ရော လူပါ မနေ့က ပျောက်သွားပြီး ဒီမနက်တွင် သေဆုံးလျက်သာ ပြန်တွေ့ခဲ့ရတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ ဝမ်းနည်းစရာအဖြစ်

Unicode

လတ်တလောနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေအားလုံးစိတ်သောကများစွာကြုံတွေ့ခံစားနေကြရတာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေကြတဲ့ သတင်းတွေကလည်း နေ့စဉ်နဲ့အမျှ လူမှုကွန်ယက်များတွင် မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ဒီနေ့မနက်တွင်လည်း မွန်ပြည်နယ်ကျိုက်မရောမြို့က စိတ်မကောင်းစရာသတင်းတစ်ခုကို ပြည်သူတစ်ဦးမျှ ရေးသားဝေမျှထားတာဖြစ်ပါတယ်။

မနေ့ညနေ( ၄ )နာရီဝန်းကျင်လောက်က မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ အံကရဲကျေးရွာတွင်တာဝန်ကျနေသောမုဒုံမြို့နယ်မှကျောင်းဆရာမတစ်ဦးဟာ

စံပယ်ဂူလမ်းဟောင်းမာလကာတံတားပေါ်တွင် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ဆိုင်ကယ်ရောလူပါပျောက်ဆုံးနေတဲ့အတွက် မိသားစုဝင်များကအပူတပြင်းရှာဖွေနေခဲ့တာဖြစ်ပါတယ်။

ဒီနေ့မနက်မှာတော့စိတ်မကောင်းစွာနဲ့ပဲဆရာမလေးရဲ့ အလောင်းကိုချောင်းတစ်ခုထဲတွင်မျောနေတာကိုတွေ့ရှိခဲ့ရပါတယ်။ဆိုင်ကယ်ကိုလုပြီးလူသတ်ခဲ့တာဖြစ်မယ်လို့ဒေသခံများက ရေးသားပြောဆိုနေကြတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်စားဝတ်နေရေးခက်ခဲနေတဲ့အခြေအနေများကြောင့်လုယက်မှုတွေမကြာခဏဆိုသလိုဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီကာလကြီးမှာမိန်းကလေးတွေအနေနဲ့တစ်ယောက်တည်း အပြင်တွေမသွားသင့်ဘဲသူငယ်ချင်းအဖော်တစ်ဦးနဲ့သာ သွားကြဖို့အကြုံပြုတိုက်တွန်းလိုပါတယ်။

ကွယ်လွန်သွားတဲ့ဆရာမလေးလည်းကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader

Zawgyi

လတ္တေလာနိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ ျပည္သူေတြအားလုံးစိတ္ေသာကမ်ားစြာႀကဳံေတြ႕ခံစားေနၾကရတာ ျဖစ္ပါတယ္။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးေနၾကတဲ့ သတင္းေတြကလည္း ေန႕စဥ္နဲ႕အမွ် လူမႈကြန္ယက္မ်ားတြင္ ျမင္ေတြ႕ေနရတာ ျဖစ္ပါတယ္။

ဒီေန႕မနက္တြင္လည္းမြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕ကစိတ္မေကာင္းစရာသတင္းတစ္ခုကို ျပည္သူတစ္ဦးမွ် ေရးသားေဝမွ်ထားတာ ျဖစ္ပါတယ္။

မေန႕ညေန ( ၄ )နာရီဝန္းက်င္ေလာက္ကမြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕ရွိ အံကရဲေက်း႐ြာတြင္ တာဝန္က်ေနေသာမုဒုံၿမိဳ႕နယ္မွ ေက်ာင္းဆရာမတစ္ဦးဟာ

စံပယ္ဂူလမ္းေဟာင္းမာလကာတံတားေပၚတြင္ ေပ်ာက္ဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ဆိုင္ကယ္ေရာလူပါ ေပ်ာက္ဆုံးေနတဲ့အတြက္ မိသားစုဝင္မ်ားကအပူတျပင္းရွာေဖြေနခဲ့တာ ျဖစ္ပါတယ္။

ဒီေန႕မနက္မွာေတာ့စိတ္မေကာင္းစြာနဲ႕ပဲဆရာမေလးရဲ႕ အေလာင္းကို ေခ်ာင္းတစ္ခုထဲတြင္ ေမ်ာေနတာကို ေတြ႕ရွိခဲ့ရပါတယ္။ဆိုင္ကယ္ကိုလုၿပီးလူသတ္ခဲ့တာျဖစ္မယ္လို႔ ေဒသခံမ်ားက ေရးသားေျပာဆိုေနၾကတာလည္း ျဖစ္ပါတယ္။

ျမန္မာနိုင္ငံတြင္ စားဝတ္ေနေရးခက္ခဲေနတဲ့အေျခအေနမ်ားေၾကာင့္လုယက္မႈေတြမၾကာခဏဆိုသလို ျဖစ္ပြားေနတာ ျဖစ္ပါတယ္။

ဒီကာလႀကီးမွာမိန္းကေလးေတြအေနနဲ႕တစ္ေယာက္တည္း အျပင္ေတြမသြားသင့္ဘဲသူငယ္ခ်င္းအေဖာ္တစ္ဦးနဲ႕သာ သြားၾကဖို႔အႀကဳံျပဳတိုက္တြန္းလိုပါတယ္။

ကြယ္လြန္သြားတဲ့ဆရာမေလးလည္းေကာင္းရာဘုံဘဝသို႔ ေရာက္ရွိပါေစလို႔ဆုေတာင္းေပးရင္းဒီသတင္းကိုတင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Original Uploader