ကိုဗစ်ကြောင့် ဆေးကုသမှုခံယူနေရင်း ဒီနေ့မှာပဲဆုံးပါးကွယ်လွန်သွားတဲ့ စိုပြေမြင့်ရဲ့ဖခင်ကြီး
Unicode
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော စိုပြေမြင်ရဲ့ မိဘနှစ်ပါးကတော့ မကြာသေးခင်အချိန်က ကိုဗစ်ကူးစက်ခံရတဲ့
သတင်းလေးကို ပရိသတ်တွေ သိရှိပြီဖြစ်မာ်ထင်ပါတယ်နော်။ စိုပြေမြင့်ရဲ့ မိခင်ဖြစ်သူကတော့ ကုသမှုခံယူခဲ့ရာကနေ ပြန်လည်ကောင်းမွန်လာပြီး လက်ရှိမှာ ကျန်းမာရေးကအတော်လေးကို ကောင်းမွန်နေခဲ့ပါပြီ။
သို့ပေမဲ့လည်း ဖခင်ဖြစ်သူကတော့ ကုသမှုကို ဆက်လက်ခံယူနေရပြီး ဒီနေ့မှာတော့ ဆေးကုသမှုခံယူနေရင်းမှာပင် ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။ စိုပြေမြင့်ကတော့ ဖခင်ကြီးကွယ်လွန်သွားတဲ့ အကြောင်း
“ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်အဖေ ဒီလောကကြီးကထွက်ခွါသွားပါပြီ အဖေကောင်းရာဘုံဘဝရောက်ပါစေ။ သားအမေ့ကိုစောင့်ရှောင်ပေးမယ်နော်အဖေ”ဆိုပြီး ကြေကွဲဝမ်းနည်းစွာနဲ့ဖော်ပြလာခဲ့ပါတယ်။
ပရိသတ်တွေကလည်း စိုပြေမြင်ံနဲ့အတူ ထပ်တူစိတ်မကောင်းဝမ်းနည်းဖြစ်ကြောင်းနဲ့ ကွယ်လွန်သွားတဲ့ စိုပြေမြင့်ရဲ့ဖခင်ကြီး ကောင်းရာသုဂတိလားပါစေလို့ ဝိုင်းဝန်းဆုတောင်းအားပေးစကားပြောနေကြပါတယ်။
CeleZone ပရိသတ်ကြီးတွေထဲက စိုပြေမြင့်ရဲ့ပရိသတ်တွေအတွက် ဒီသတင်းလေးကို စိတ်မကောင်းစွာနဲ့ပဲ CeleZone က ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – So Pyay Myint
Zawgyi
Source – So Pyay Myint