နေထိလို့မရတဲ့ရောဂါ ခံစားနေရတာတောင် ပြည်သူတွေအတွက်လမ်းပေါ်ထွက်ပေးခဲ့တဲ့ ပြည်သူချစ်မင်းသမီး အခုလဲပြည်သူအတွက်လှူဒါန်းသွားမယ်တဲ့

Unicode

နေထိလို့မရတဲ့ရောဂါ ခံစားနေရတာတောင် ပြည်သူတွေအတွက်လမ်းပေါ်ထွက်ပေးခဲ့တဲ့ ပြည်သူချစ်မင်းသမီး အခုလဲပြည်သူအတွက်လှူဒါန်းသွားမယ်တဲ့

သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အနုပညာသက်တမ်း ဆယ်စုနှစ်တွေများစွာတိုင်အောင် ပရိသတ်တွေများစွာရဲ့ ချစ်ခင် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူလည်း ဖြစ်ပါတယ်။

အရေးကြုံလာရင်လည်း ပြည်သူတွေနဲ့ တစ်သွေးတည်း တစ်သားတည်း ပါဝင်ခဲ့သူဖြစ်တာကြောင့် အားလုံးက လေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။

ချစ်သက်ဟာ နေမကောင်းပေမယ့်လည်း လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ခင်ပွန်းဖြစ်သူနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ပြည်သူတွေဒီထက်ပိုပြီး ပူးပေါင်းပါဝင်ရန်အတွက်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် အမြဲတိုက်တွန်းပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်

မကြာသေးခင် နာရီပိုင်းလောက်ကလည်း သက်မွန်မြင့်ရဲ့ Facebook Page တွင် ဒီလှုပ်ရှားမှုအတွက် သူမလုပ်ပေးနိုင်တဲ့အရာလေးတစ်ခုကို ရေးသားထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနှဲစာနဲ့ပြည်သူ့ဝန်ထမ်းအတွက်တတ်အားသရွေ့ကူညီလှူဒါန်းသွားမယ့်အကြောင်းပြောပြလာတာပဲ ဖြစ်ပါတယ်။

သူမကလည်း သက်မွန် တော်တော် နေကောင်းလာလို့ ဝမ်းသာနေခဲ့တာပါ!Feb ၁ ရက်နေ့ကတည်းက နေမကောင်း ပြန်ဖြစ်တာ.. မတရားမှုကို ခံပြင်းလွန်းလို့ မနေနိုင် မခံနိုင်လို့ ထွက်ခဲ့တယ်. . တစ်တပ်တစ်အား ပါဝင်ခဲ့တယ်..ခု လဲတာ ၃ ရက်လောက်ရှိပြီ! ဒီတစ်ခေါက်ပဲ ကိုယ့်ရောဂါ ကိုယ်ဒေါသ ထွက်ဖူးတယ်!

နေကောင်းတာနဲ့ ပန်းတိုင်မရောက်မချင်း ပြည်သူနဲ့အတူ ပါဝင်မယ်!ပြည်သူ့ဝန်ထမ်းတွေအတွက် ကျွန်မ ကိုယ့်ခွန်ကိုယ့်အားနဲ့ ရှာဖွေထားတဲ့ ချွေးနှဲစာကနေလည်း လှူဒါန်းသွားပါမည်!Fighting ပါ! ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Credit

Zawgyi








Credit

Add a Comment

Your email address will not be published. Required fields are marked *