အလှူငွေတွေက ၃ပုံ ၁ပုံ ပဲစခန်းရောက်တယ် ဆိုတဲ့ အခြေအမြစ်မရှိ စွတ်စွဲချက်တွေကို တုန့်ပြန်လိုက်တဲ့ထားထက်ထက်

Unicode

အလှူငွေတွေက ၃ပုံ ၁ပုံ ပဲစခန်းရောက်တယ် ဆိုတဲ့ အခြေအမြစ်မရှိ စွတ်စွဲချက်တွေကို တုန့်ပြန်လိုက်တဲ့ထားထက်ထက်

စခန်းမှာ ထပ်တိုးလာတဲ့သူတွေ အတွက်ရယ် စခန်းရဲ့ဖွံဖြိုးတိုးတက်လာဖို့ အတွက်ရယ် နေစရာ ၊ ဝတ်စရာ နဲ့ စားစရာတွေ လိုအပ်လာတာသိလို့ အလှူငွေအတွက် ကြိုးစားတဲ့အခါ ကိုယ့်လွတ်လပ်မှုကို စတေးရပါတယ်…။လုံခြုံရေးစည်းကျိုးပေါက်သွားတဲ့အခါ ၊ ဒလံက ကိုယ့်အရေးပေါ်ပြေးလမ်းပါ သတင်းပေးလိုက်တဲ့အခါ ကိုယ်ရှောင်တိမ်းဖို့ ပြင်ထားတဲ့နေရာရဲ့ ( စခန်းတခုလုံးရဲ့လုံခြုံရေးအရ ) ဒုတိယစီမံချက်ကို လိုက်လျှောက်ရတယ်… အဲ့ဒီ အချိန်အထိလဲ အလှူရသမျှ စခန်းအတွက်ကောက်ခံပေးနေတုန်းပဲ။

အလှူငွေနဲ့ ပတ်သက်လို့ ကျွန်မ crypto currency ကို အဖွဲ့တခုရဲ့ mail နဲ့ ဖွင့်ထားလို့ သူတို့နဲ့ ဆက်သွယ်ပြီး စိတ်ကြိုက်စစ်ဆေးနိုင်ပါတယ်…. (messenger မှာမေးလို့ရပါတယ်) စင်္ကာပူက ရသမျှ ပို့တဲ့ အမထံ ငွေစာရင်းထားရှိပါတယ်။ ကျွန်မ ငွေ မကိုင်ပါ..… ကိုရီးယားက အမထံ ငွေစာရင်းထားရှိသလို ရသမျှ အမ မရွှေမိုး အသိဆုံးမို့ အများကို အသိပေးတဲ့ငွေနဲ့ စာရင်းတိုက်စစ်နိုင်ပါတယ်….။

ဂျပန် ၊ ယူကေ ၊ အမေရိက ၊ ဩစတြေးလျ တာဝန်ခံပေးတဲ့ အကို အမ တွေနဲ့ ကျွန်မ page မှာ ကြေငြာထားတာနဲ့စာရင်း အချိန်မရွေး တိုက်ဆိုင် စစ်ဆေး နိုင်ပါတယ်…..အလှူရငွေ ကျပ် သိန်း ၁၁၀၀ ဝန်းကျင်ကို တကယ်လိုအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အကူပြု ပစ္စည်းတွေမှာ အသုံးပြုခဲ့ပါတယ်။ တာဝန်ယူကောက်ခံပေးတဲ့ အကို အမ တွေ နဲ့ လက်ခံရရှိသူတွေ တိုက်ရိုက်မေးလို့ ရပါတယ်….။

အလှူလက်ခံသူတွေ ညွှန်းတဲ့ ဆိုင်မှာပဲ ပစ္စည်းတွေ မှာယူခဲ့ပြီး ကျွန်မ လက်ခံရရှိတဲ့ အလှူစာရင်းကို အားလုံး မြင်နေရပါတယ်….မြန်မာကျပ်ငွေကို July လ မှာ စတင်လက်ခံပြီး ယခုအချိန်အထိ သိန်း ၁၀၀ ဝန်းကျင်ရှိပါတယ်….. မြန်မာကျပ်ငွေအလှူဟာ အလှူရှင်တွေအတွက် လုံခြုံရေးပြသနာ ရှိနေတဲ့ အတွက် သတိကြီးကြီးထားပြီး အလှူငွေရဖို့ထက် အလှူရှင်အန္တရာယ် မဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပါတယ်…..။

ကျွန်မ မဖြစ်မနေ ဆောင်ရွက်ရန်ရှိတဲ့ ကိစ္စတချို့ကြောင့် ပထမဆုံးရှိနေခဲ့တဲ့ စခန်းနဲ့ အဝေးရောက်နေရင်ရောက်နေမယ်….. ဒါပေမယ့် ကိုယ်တတ်နိုင်တာကို ဆက်လက်ဆောင်ရွက်ပေးနေပါသေးတယ်…. အဓိက လိုအပ်နေတဲ့ လိုအပ်ချက်တွေ အတွက် ပိုကောင်းတဲ့ အဖြေတွေ ရှာပေးနေပါသေးတယ်….. အခုအထိလဲ လုပ်ဆောင်နေသလို အဖြေလဲ ရှာပေးနေပါတယ်…..။

ဘာလို့ ဒီလိုရေးနေရလဲဆိုတော့ ဒီရက်ပိုင်းမှာ ကျွန်မ စိတ်ကို နာကျင်စေတဲ့ ကိစ္စတခုရှိနေလို့ပါပဲ…အဲ့ဒါကတော့… ကျွန်မ ပထမ စခန်းကနေ အခြားနေရာတခုကို ရှောင်တိမ်းခဲ့ပြီး ရက် ၂၀ လောက်မှာ စခန်းက သတင်းတခု ကျွန်မ အသိညီမတစ်ယောက်ဆီကို ရောက်လာပါတယ်…..ပြီးခဲ့တဲ့ (၇) ရက်လောက်မှာ ဂျပန်က မိတ်ဆွေ တစ်ယောက်ရဲ့ အသိက messenger မှာသတင်းတခု ပေးလာပါတယ်…..။

ဒီရက်ပိုင်းမှာပဲ နိုင်ငံတခုက အလှူအတွက် အကူအညီတောင်းခံထားတဲ့ သူဆီက သတင်းတခု ထပ်ရောက်လာပါတယ်…..သတင်းကတော့ တခုထဲပါ…ကျွန်မဆီကိုလှူရင် အလှူငွေက ၃ ပုံ ၁ ပုံပဲ စခန်းဆီ ရောက်တယ် ဆိုတဲ့ သတင်းပါပဲ….. နေရာတွေသာ ကွဲတာ သတင်းက လုံးဝကို တခုထဲ ပါပဲ…..ကျွန်မ အလှူစကောက်တဲ့ အချိန်ကစလို့ June လကုန် အထိ သိန်း ၁,၁၀၀ ရပြီး အကုန်ပြန်လှူဒါန်းပြီးပါပြီ….. စခန်း တာဝန်ခံသည် အရောင်းသမား ဆီမှာ လိုတဲ့ပစ္စည်း ယူရုံပါပဲ….. ငွေတော့ သူတို့ လက်ထဲ မထည့်ပေးပါဘူး။ဆိုင်ရှင်က စခန်းတာဝန်ရှိသူ ညွှန်တဲ့ ဆိုင်ရှင်ပါပဲ…။

ပစ္စည်းယူတဲ့အခါမှာ Covid ကိစ္စကြောင့်နဲ့ အခြားလုံခြုံရေးကိစ္စတွေကြောင့် (ငွေအကျေချေပြီးသား) ချက်ချင်းမရောက်နိုင် ပိတ်မိနေတာမျိုးတွေလဲ ရှိပါတယ်။ကျွန်မတို့ ပစ္စည်းမှာယူ ပို့ဆောင်ရေးလမ်းကြောင်းပေါ်မှာ ဖြစ်ပေါ်နေတဲ့အရာတိုင်းကို public ထံ အသေးစိတ်ရှင်းပြ ချပြလို့မရတာတွေလဲ ရှိပါတယ်…ကျွန်မ အာမခံနိုင်တာက အခုလှူပေးနေကြတဲ့သူတွေကကိုယ့်မိသားစု စားမယ့်ထမင်း ၂ လုပ်ထဲက ၁ လုပ်ကိုလျှော့စားပြီး လှူနေကြတာဖြစ်တဲ့အတွက် ကျွန်မ အသက်သာအသေခံမယ် ဘယ်တော့မှ ကျွန်မကိုယ်ကျိုးအတွက် အလှူငွေ ထဲက တပြားတချပ် တောင် အသုံးမပြုပါဘူး။

ကျွန်မတို့စခန်းဆီကိုလှူတဲ့ပစ္စည်းတွေထဲက ကျွန်မ အတွက် သုံးမိတာ အင်္ကျီ ၂ ထည် နဲ့ ခြင်မကိုက်ဆေး ၁ ဘူးပါပဲ…..ကျွန်မ အတွက် ကိုယ်ရေး ကိုယ်တာ သုံးဖို့ ပေးတဲ့ မုန့်ဖိုးကိုတောင် အများအတွက် သုံးဖို့ပဲ အလှူထဲ ထည့်ပါတယ်…ကိုယ်တိုင်လဲ အလွဲသုံးစား မလုပ်သလို အလေအလွင့် မဖြစ်ရစေအောင် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပါတယ်…..။

ကိုယ့်စခန်းမှာ လိုအပ်တာတွေ အမြန်ဆုံးနဲ့အရင်ဖြည့်နေရင်း ၊ ကိုယ့်စခန်းတခုသာမက အခြားစခန်းတွေအတွက်ပါ ကူနိုင်အောင်ကြိုးစားရင်း ၊ ကိုယ် ကြိုးစား သည်းခံသမျှ ဒီလို အထင်လွဲ ပြောဆိုခံရမှုနဲ့ ထိုက်တန်တယ်လို့ မထင်ပါဘူး…..ဒါကြောင့်မို့လို့ ဒီလ ကုန်ရင် စခန်းအတွက် ကျွန်မ အလှူခံတဲ့ကိစ္စကို ရပ်နားပါတော့မယ်…..။

ကျွန်မ လုပ်နိုင်တဲ့ ၊ ကျွန်မ တတ်နိုင်တဲ့ အခြားအရာတွေ ဆက်လုပ်သွားပါမယ်…ကျွန်မလက်ရှိ ဆောင်ရွက်လျက်ရှိနေတဲ့ အလှူကိစ္စကို NUG နဲ့ EAO ကို အထောက်အကူပြုမယ့် ရည်ရွယ်ချက်ကိုပဲ အာရုံစိုက် ဆောင်ရွက်သွားပါတော့မယ်…ကျွန်မ ယုံကြည်ချက်နဲ့ ကျွန်မ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ ဖြစ်လို့ ချီးကျူးသံ ၊ လက်ခုပ်သံတွေ မရရင်လဲ နေတတ် ၊ ကျေနပ်ပြီးသား ဖြစ်သလို စိတ်ကိုလဲ ပြင်ဆင်ပြီးသား ဖြစ်ပါတယ်… ဒါပေမယ့် သိက္ခာပိုင်းအရ ထိခိုက်မှု ၊ တွန်းတိုက်မှုကိုတော့ ဘယ်နည်းနဲ့မှ ခွင့်လွှတ်လက်ခံမှာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်တချို့တွေက စေတနာနဲ့ မတန်ဘူး မဟုတ်လား။
Credit

Zawgyi

အလႉေငြေတြက ၃ပုံ ၁ပုံ ပဲစခန္းေရာက္တယ္ ဆိုတဲ့ အေျခအျမစ္မရွိ စြတ္စြဲခ်က္ေတြကို တုန႔္ျပန္လိုက္တဲ့ထားထက္ထက္

စခန္းမွာ ထပ္တိုးလာတဲ့သူေတြ အတြက္ရယ္ စခန္းရဲ႕ဖြံၿဖိဳးတိုးတက္လာဖို႔ အတြက္ရယ္ ေနစရာ ၊ ဝတ္စရာ နဲ႕ စားစရာေတြ လိုအပ္လာတာသိလို႔ အလႉေငြအတြက္ ႀကိဳးစားတဲ့အခါ ကိုယ့္လြတ္လပ္မႈကို စေတးရပါတယ္…။လုံၿခဳံေရးစည္းက်ိဳးေပါက္သြားတဲ့အခါ ၊ ဒလံက ကိုယ့္အေရးေပၚေျပးလမ္းပါ သတင္းေပးလိုက္တဲ့အခါ ကိုယ္ေရွာင္တိမ္းဖို႔ ျပင္ထားတဲ့ေနရာရဲ႕ ( စခန္းတခုလုံးရဲ႕လုံၿခဳံေရးအရ ) ဒုတိယစီမံခ်က္ကို လိုက္ေလွ်ာက္ရတယ္… အဲ့ဒီ အခ်ိန္အထိလဲ အလႉရသမွ် စခန္းအတြက္ေကာက္ခံေပးေနတုန္းပဲ။

အလႉေငြနဲ႕ ပတ္သက္လို႔ ကြၽန္မ crypto currency ကို အဖြဲ႕တခုရဲ႕ mail နဲ႕ ဖြင့္ထားလို႔ သူတို႔နဲ႕ ဆက္သြယ္ၿပီး စိတ္ႀကိဳက္စစ္ေဆးနိုင္ပါတယ္…. (messenger မွာေမးလို႔ရပါတယ္) စကၤာပူက ရသမွ် ပို႔တဲ့ အမထံ ေငြစာရင္းထားရွိပါတယ္။ ကြၽန္မ ေငြ မကိုင္ပါ..… ကိုရီးယားက အမထံ ေငြစာရင္းထားရွိသလို ရသမွ် အမ မေ႐ႊမိုး အသိဆုံးမို႔ အမ်ားကို အသိေပးတဲ့ေငြနဲ႕ စာရင္းတိုက္စစ္နိုင္ပါတယ္….။

ဂ်ပန္ ၊ ယူေက ၊ အေမရိက ၊ ဩစေၾတးလ် တာဝန္ခံေပးတဲ့ အကို အမ ေတြနဲ႕ ကြၽန္မ page မွာ ေၾကျငာထားတာနဲ႕စာရင္း အခ်ိန္မေ႐ြး တိုက္ဆိုင္ စစ္ေဆး နိုင္ပါတယ္…..အလႉရေငြ က်ပ္ သိန္း ၁၁၀၀ ဝန္းက်င္ကို တကယ္လိုအပ္ေနတဲ့ လူသားခ်င္းစာနာမႈ အေထာက္အကူျပဳ ပစၥည္းေတြမွာ အသုံးျပဳခဲ့ပါတယ္။ တာဝန္ယူေကာက္ခံေပးတဲ့ အကို အမ ေတြ နဲ႕ လက္ခံရရွိသူေတြ တိုက္ရိုက္ေမးလို႔ ရပါတယ္….။

အလႉလက္ခံသူေတြ ၫႊန္းတဲ့ ဆိုင္မွာပဲ ပစၥည္းေတြ မွာယူခဲ့ၿပီး ကြၽန္မ လက္ခံရရွိတဲ့ အလႉစာရင္းကို အားလုံး ျမင္ေနရပါတယ္….ျမန္မာက်ပ္ေငြကို July လ မွာ စတင္လက္ခံၿပီး ယခုအခ်ိန္အထိ သိန္း ၁၀၀ ဝန္းက်င္ရွိပါတယ္….. ျမန္မာက်ပ္ေငြအလႉဟာ အလႉရွင္ေတြအတြက္ လုံၿခဳံေရးျပသနာ ရွိေနတဲ့ အတြက္ သတိႀကီးႀကီးထားၿပီး အလႉေငြရဖို႔ထက္ အလႉရွင္အႏၲရာယ္ မျဖစ္ေအာင္ တတ္နိုင္သမွ် ႀကိဳးစားေဆာင္႐ြက္ပါတယ္…..။

ကြၽန္မ မျဖစ္မေန ေဆာင္႐ြက္ရန္ရွိတဲ့ ကိစၥတခ်ိဳ႕ေၾကာင့္ ပထမဆုံးရွိေနခဲ့တဲ့ စခန္းနဲ႕ အေဝးေရာက္ေနရင္ေရာက္ေနမယ္….. ဒါေပမယ့္ ကိုယ္တတ္နိုင္တာကို ဆက္လက္ေဆာင္႐ြက္ေပးေနပါေသးတယ္…. အဓိက လိုအပ္ေနတဲ့ လိုအပ္ခ်က္ေတြ အတြက္ ပိုေကာင္းတဲ့ အေျဖေတြ ရွာေပးေနပါေသးတယ္….. အခုအထိလဲ လုပ္ေဆာင္ေနသလို အေျဖလဲ ရွာေပးေနပါတယ္…..။

ဘာလို႔ ဒီလိုေရးေနရလဲဆိုေတာ့ ဒီရက္ပိုင္းမွာ ကြၽန္မ စိတ္ကို နာက်င္ေစတဲ့ ကိစၥတခုရွိေနလို႔ပါပဲ…အဲ့ဒါကေတာ့… ကြၽန္မ ပထမ စခန္းကေန အျခားေနရာတခုကို ေရွာင္တိမ္းခဲ့ၿပီး ရက္ ၂၀ ေလာက္မွာ စခန္းက သတင္းတခု ကြၽန္မ အသိညီမတစ္ေယာက္ဆီကို ေရာက္လာပါတယ္…..ၿပီးခဲ့တဲ့ (၇) ရက္ေလာက္မွာ ဂ်ပန္က မိတ္ေဆြ တစ္ေယာက္ရဲ႕ အသိက messenger မွာသတင္းတခု ေပးလာပါတယ္…..။

ဒီရက္ပိုင္းမွာပဲ နိုင္ငံတခုက အလႉအတြက္ အကူအညီေတာင္းခံထားတဲ့ သူဆီက သတင္းတခု ထပ္ေရာက္လာပါတယ္…..သတင္းကေတာ့ တခုထဲပါ…ကြၽန္မဆီကိုလႉရင္ အလႉေငြက ၃ ပုံ ၁ ပုံပဲ စခန္းဆီ ေရာက္တယ္ ဆိုတဲ့ သတင္းပါပဲ….. ေနရာေတြသာ ကြဲတာ သတင္းက လုံးဝကို တခုထဲ ပါပဲ…..ကြၽန္မ အလႉစေကာက္တဲ့ အခ်ိန္ကစလို႔ June လကုန္ အထိ သိန္း ၁,၁၀၀ ရၿပီး အကုန္ျပန္လႉဒါန္းၿပီးပါၿပီ….. စခန္း တာဝန္ခံသည္ အေရာင္းသမား ဆီမွာ လိုတဲ့ပစၥည္း ယူ႐ုံပါပဲ….. ေငြေတာ့ သူတို႔ လက္ထဲ မထည့္ေပးပါဘူး။ဆိုင္ရွင္က စခန္းတာဝန္ရွိသူ ၫႊန္တဲ့ ဆိုင္ရွင္ပါပဲ…။

ပစၥည္းယူတဲ့အခါမွာ Covid ကိစၥေၾကာင့္နဲ႕ အျခားလုံၿခဳံေရးကိစၥေတြေၾကာင့္ (ေငြအေက်ေခ်ၿပီးသား) ခ်က္ခ်င္းမေရာက္နိုင္ ပိတ္မိေနတာမ်ိဳးေတြလဲ ရွိပါတယ္။ကြၽန္မတို႔ ပစၥည္းမွာယူ ပို႔ေဆာင္ေရးလမ္းေၾကာင္းေပၚမွာ ျဖစ္ေပၚေနတဲ့အရာတိုင္းကို public ထံ အေသးစိတ္ရွင္းျပ ခ်ျပလို႔မရတာေတြလဲ ရွိပါတယ္…ကြၽန္မ အာမခံနိုင္တာက အခုလႉေပးေနၾကတဲ့သူေတြကကိုယ့္မိသားစု စားမယ့္ထမင္း ၂ လုပ္ထဲက ၁ လုပ္ကိုေလွ်ာ့စားၿပီး လႉေနၾကတာျဖစ္တဲ့အတြက္ ကြၽန္မ အသက္သာအေသခံမယ္ ဘယ္ေတာ့မွ ကြၽန္မကိုယ္က်ိဳးအတြက္ အလႉေငြ ထဲက တျပားတခ်ပ္ ေတာင္ အသုံးမျပဳပါဘူး။

ကြၽန္မတို႔စခန္းဆီကိုလႉတဲ့ပစၥည္းေတြထဲက ကြၽန္မ အတြက္ သုံးမိတာ အကၤ်ီ ၂ ထည္ နဲ႕ ျခင္မကိုက္ေဆး ၁ ဘူးပါပဲ…..ကြၽန္မ အတြက္ ကိုယ္ေရး ကိုယ္တာ သုံးဖို႔ ေပးတဲ့ မုန႔္ဖိုးကိုေတာင္ အမ်ားအတြက္ သုံးဖို႔ပဲ အလႉထဲ ထည့္ပါတယ္…ကိုယ္တိုင္လဲ အလြဲသုံးစား မလုပ္သလို အေလအလြင့္ မျဖစ္ရေစေအာင္ တတ္နိုင္သမွ် ႀကိဳးစားေဆာင္႐ြက္ပါတယ္…..။

ကိုယ့္စခန္းမွာ လိုအပ္တာေတြ အျမန္ဆုံးနဲ႕အရင္ျဖည့္ေနရင္း ၊ ကိုယ့္စခန္းတခုသာမက အျခားစခန္းေတြအတြက္ပါ ကူနိုင္ေအာင္ႀကိဳးစားရင္း ၊ ကိုယ္ ႀကိဳးစား သည္းခံသမွ် ဒီလို အထင္လြဲ ေျပာဆိုခံရမႈနဲ႕ ထိုက္တန္တယ္လို႔ မထင္ပါဘူး…..ဒါေၾကာင့္မို႔လို႔ ဒီလ ကုန္ရင္ စခန္းအတြက္ ကြၽန္မ အလႉခံတဲ့ကိစၥကို ရပ္နားပါေတာ့မယ္…..။

ကြၽန္မ လုပ္နိုင္တဲ့ ၊ ကြၽန္မ တတ္နိုင္တဲ့ အျခားအရာေတြ ဆက္လုပ္သြားပါမယ္…ကြၽန္မလက္ရွိ ေဆာင္႐ြက္လ်က္ရွိေနတဲ့ အလႉကိစၥကို NUG နဲ႕ EAO ကို အေထာက္အကူျပဳမယ့္ ရည္႐ြယ္ခ်က္ကိုပဲ အာ႐ုံစိုက္ ေဆာင္႐ြက္သြားပါေတာ့မယ္…ကြၽန္မ ယုံၾကည္ခ်က္နဲ႕ ကြၽန္မ ေဆာင္႐ြက္ခဲ့တဲ့ ကိစၥေတြ ျဖစ္လို႔ ခ်ီးက်ဴးသံ ၊ လက္ခုပ္သံေတြ မရရင္လဲ ေနတတ္ ၊ ေက်နပ္ၿပီးသား ျဖစ္သလို စိတ္ကိုလဲ ျပင္ဆင္ၿပီးသား ျဖစ္ပါတယ္… ဒါေပမယ့္ သိကၡာပိုင္းအရ ထိခိုက္မႈ ၊ တြန္းတိုက္မႈကိုေတာ့ ဘယ္နည္းနဲ႕မွ ခြင့္လႊတ္လက္ခံမွာ မဟုတ္ဘူးဆိုတာ သိေစခ်င္ပါတယ္တခ်ိဳ႕ေတြက ေစတနာနဲ႕ မတန္ဘူး မဟုတ္လား။
Credit

Add a Comment

Your email address will not be published. Required fields are marked *