၅၀၅(က)နဲ့အမှုပိတ်သိမ်းခံရပြီးနောက်မှာ ခွေးဂေဟာလေးမှာ အလှူလုပ်ရင်းပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာတဲ့ ကျော်ကျော်နန္ဒ

Unicode

အာဏာသိမ်းဖြစ်ပွားအပြီး တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့စစ်ဘေးရှောင်ပြည်သူတွေများစွာရှိသလို အာဏာရှင်ဆန့်ကျင်တဲ့

နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့တာကြောင့်ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တွေလည်းများစွာရှိခဲ့ပါတယ်။အခုလိုဖမ်း၀ရမ်းထုတ်ခဲ့ရတာကြောင့်ရှောင်ပုန်းခဲ့ရတဲ့အထဲမှာကျော်ကျော်နန္ဒလည်းအပါအ၀င်ဖြစ်ခဲ့ပါတယ်။

ကျော်ကျော်နန္ဒက ဆင်းရဲဒုက္ခတွေနဲ့အချိန်တစ်ခုကြာရှောင်ပုန်းခံရပြီး မကြာသေးမီအချိန်ကတော့ စစ်ကောင်စီဘက်ကနေ ၅၀၅(က)နဲ့

အမှုဖွင့်ထားခဲ့တဲ့ အနုပညာရှင်အချို့ကိုပြန်လည်ရုတ်သိမ်းပေးခဲ့တဲ့ စာရင်းထဲမှာပါ၀င်လာခဲ့တာဖြစ်ပါတယ်။အခုလိုအမှုပိတ်သိမ်းခံရပြီး

နောက်မှာတော့ ကျော်ကျော်နန္ဒကနေအိမ်ကိုပြန်ခွင့်ရခဲ့ကာ ခွေးဂေဟာလေးမှာသွားရောက်အလှူလုပ်ခဲ့တာဖြစ်ပါတယ်ဒီလိုကာလမှာ လူတွေလည်းစား၀တ်နေရေးကြပ်တည်းနေကြသလို ခွေးဂေဟာလေးတွေမှာလည်း

လှူမဲ့အလှူရှင်မရှိတာကြောင့် ခွေးလေးတွေခမျာအစားအသောက်ရှားပါးနေကြရတာပါ။

အခုလို တိလေးတွေရဲ့ဂေဟာကိုသွားကာ ပေါင်မုန့်တွေနဲ့ အသားတွေလှူဒါန်းခဲ့တဲ့ကျော်ကျော်နန္ဒရဲ့အလှူကတော့ အင်မတန်မွန်မြတ်လှပါတယ်။

ဒီအကြောင်းအရာလေးကိုလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ “ယနေ့ အေးချမ်းသောအလှူတိကလေးတွေ အတွက်ကုသိုလ်အားလုံးအေးချမ်းကြပါစေ…ဆို

တဲ့ captionလေးနဲ့အတူခွေးဂေဟာလေးမှာသွားရောက်လှူဒါန်းကုသိုလ်ယူခဲ့တဲ့ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။
ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Zawgyi







