တယ်လီနော၏ ဆက်သွယ်ရေးလုပ်ငန်းကို ဝယ်ယူသည့် M 1 Group သည် မြန်မာစစ်တပ်၏ မိတ်ဖက်ကြီးဖြစ်နေကြောင်းသိရ

Unicode

တယ်လီနော၏ ဆက်သွယ်ရေးလုပ်ငန်းကို ဝယ်ယူသည့် M 1 Groupသည် မြန်မာစစ်တပ်၏ မိတ်ဖက်စီးပွားရေးကုမ္ပဏီဖြစ်နေ၊ Irrawaddy Green Towerအမည်ဖြင့် စစ်တပ်ပိုင် My Telအတွက် တာဝါတိုင်များတည်ဆောက်ပေးခဲ့

မြန်မာနိုင်ငံရှိ တယ်လီနောဆက်သွယ်ရေးလုပ်ငန်းကိုဒေါ်လာ ၁၀၅ သန်းဖြင့်ဝယ်ယူသည့် လက်ဘနွန် M1 Groupကုမ္ပဏီသည် မြန်မာစစ်တပ်နှင့်စီးပွားရေးမိတ်ဖက်ကုမ္ပဏီဖြစ်ပြီး

My Telအတွက်ဆက်သွယ်ရေးတာဝါတိုင်များတည်ဆောက်ပေးသည့် IGT (Irrawaddy Green Tower)ကုမ္ပဏီ၏ ရှယ်ယာများကို M 1 Groupကအဓိကပိုင်ဆိုင်ထားသည်။

IGT ကုမ္ပဏီ၏ အဓိကရှယ်ယာများကို M1 Group က ပိုင်ဆိုင်ပြီး M1 Groupကို ယခင်လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း Najib Makatiမိသားစုကပိုင်ဆိုင်ကြောင်းသိရှိရသည်။

M1 Group နှင့်ICTကုမ္ပဏီတို့သည်မြန်မာစစ်တပ်နှင့် စီးပွားရေးမိတ်ဖက်လုပ်ကိုင်နေ၍ကုလသမဂ္ဂလွတ်လပ်သော စုံစမ်စစ်ဆေးရေးကော်မရှင်

FFM နှင့် Burma Campaign UKတို့ကနာမည်ပျက်စာရင်းသွင်းထားသည့်လူ့အခွင့်အရေးချိုးဖောက်မှုအားပေးသည့် ကုမ္ပဏီများဖြစ်ကြောင်းသိရှိရသည်။
Credit – KT

Zawgyi






Credit – KT