တယ်လီနောမြန်မာကုမ္ပဏီကို ဒေါ်လာ ၁၀၅ သန်းဖြင့် လက်ဘနွန်အခြေစိုက် M1 Group သို့ရောင်းချ

Unicode

တယ်လီနောမြန်မာကုမ္ပဏီကို ဒေါ်လာ ၁၀၅ သန်းဖြင့်လက်ဘနွန်အခြေစိုက် M1 Groupသို့ရောင်းချ

မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် တယ်လီနောမြန်မာကုမ္ပဏီသည်

မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းအစုအားလုံးကို M1 Group သို့ရောင်းချလိုက်ကြောင်းယနေ့သတင်းထုတ်ပြန်ခဲ့သည်။

နော်ဝေနိုင်ငံအခြေစိုက်ကုမ္ပဏီ Telenor Group ၏ အခွဲတစ်ခုဖြစ်သည့်တယ်လီနောမြန်မာကုမ္ပဏီသည်

လက်ဘနွန်နိုင်ငံအခြေစိုက် M1 Group သို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့်ရောင်းချလိုက်ခြင်းဖြစ်သည်ဟုသိရသည်။

တယ်လီနောကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် “ကုမ္ပဏီကို ရောင်းချရသည်မှာ

မြန်မာနိုင်ငံ၏ဆက်လက်ဆိုးဝါးလာသောအခြေအနေနှင့် လတ်တလောအဖြစ်အပျက်များကြောင့်ဖြစ်သည်” ဟုဖော်ပြထားသည်။

ကုမ္ပဏီကိုရောင်းချလိုက်သော်လည်း တယ်လီနောဖုန်းလိုင်း၏ဝန်ဆောင်မှုများ၊

ဝန်ထမ်းများနှင့်လုပ်ဖော်ကိုင်ဖက်များနှင့် ယခင်အတိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တယ်လီနောဖုန်းလိုင်းအသုံးပြုသူ ၁၈.၇ သန်းရှိသည်ဟု The Diplomat သတင်းဌာနကဖော်ပြထားသည်။

တယ်လီနောမြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးရာဝန်ဆောင်မှုများလုပ်ဆောင်ရန်

၂၀၁၃ ခုနှစ်တွင် ၁၅ နှစ်လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်တွင် ဖုန်းလိုင်းများရောင်းချခွင့် (လိုင်စင်)ရရှိခဲ့သည်။
Photo Credit – Myanmar Times

Zawgyi

တယ္လီေနာျမန္မာကုမၸဏီကို ေဒၚလာ ၁၀၅ သန္းျဖင့္ လက္ဘႏြန္အေျခစိုက္ M1 Group သို႔ေရာင္းခ်

မိုဘိုင္းဖုန္းကုမၸဏီတစ္ခုျဖစ္သည့္ တယ္လီေနာျမန္မာကုမၸဏီသည္ ျမန္မာနိုင္ငံဆိုင္ရာလုပ္ငန္းအစုအားလုံးကို M1 Group သို႔ေရာင္းခ်လိဳက္ေၾကာင္း ယေန႕သတင္းထုတ္ျပန္ခဲ့သည္။

ေနာ္ေဝနိုင္ငံအေျခစိုက္ကုမၸဏီ Telenor Group ၏ အခြဲတစ္ခုျဖစ္သည့္ တယ္လီေနာျမန္မာကုမၸဏီသည္

လက္ဘႏြန္နိုင္ငံအေျခစိုက္ M1 Group သို႔ အေမရိကန္ေဒၚလာ ၁၀၅ သန္းျဖင့္ ေရာင္းခ်လိဳက္ျခင္းျဖစ္သည္ဟု သိရသည္။

တယ္လီေနာကုမၸဏီ၏ ထုတ္ျပန္ခ်က္တြင္ “ကုမၸဏီကို ေရာင္းခ်ရသည္မွာ

​ြမန္မာနိုင္ငံ၏ဆက္လက္ဆိုးဝါးလာေသာ အေျခအေနႏွင့္ လတ္တေလာအျဖစ္အပ်က္မ်ားေၾကာင့္ ျဖစ္သည္” ဟု ေဖာ္ျပထားသည္။

ကုမၸဏီကိုေရာင္းခ်လိဳက္ေသာ္လည္းတယ္လီေနာဖုန္းလိုင္း၏ဝန္ေဆာင္မႈမ်ား၊

ဝန္ထမ္းမ်ားႏွင့္ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ယခင္အတိုင္းပူးေပါင္းေဆာင္႐ြက္သြားမည္ဟု ေဖာ္ျပထားသည္။

ျမန္မာနိုင္ငံတြင္ တယ္လီေနာဖုန္းလိုင္းအသုံးျပဳသူ ၁၈.၇ သန္းရွိသည္ဟု The Diplomat သတင္းဌာနက ေဖာ္ျပထားသည္။

တယ္လီေနာျမန္မာကုမၸဏီသည္ ျမန္မာနိုင္ငံတြင္ဆက္သြယ္ေရးရာဝန္ေဆာင္မႈမ်ားလုပ္ေဆာင္ရန္

၂၀၁၃ ခုႏွစ္တြင္ ၁၅ ႏွစ္လုပ္ပိုင္ခြင့္ရရွိခဲ့ၿပီး၂၀၁၄ ခုႏွစ္တြင္ ဖုန္းလိုင္းမ်ားေရာင္းခ်ခြင့္ (လိုင္စင္) ရရွိခဲ့သည္။
Photo Credit – Myanmar Times