ဘယ်သူမှမသိအောင် အိမ်ပြန်လာပီး သားလေးကိုတယုတယနမ်းခဲ့တဲ့ သရုပ်ဆောင်မင်းမော်ကွန်း

Unicode

ဘယ်သူမှမသိအောင် အိမ်ပြန်လာပီး သားလေးကိုတယုတယနမ်းခဲ့တဲ့ သရုပ်ဆောင်မင်းမော်ကွန်း

သရုပ်ဆောင်မင်းမော်ကွန်းကတော့၁၀စုနှစ်၁ခုအောင်မြင်မှုတွေရရှိထားပြီးပီပြင်လွန်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုတခဲနက်ရရှိထားတဲ့မင်းသားတစ်ပါးပဲဖြစ်ပါတယ်။

မင်းမော်ကွန်းကသရုပ်ဆောင်နေတိုး ကျော်ကျော်ဗိုလ် ထွန်းထွန်း ရဲလေးတို့နဲ့အတူနှင်းဆီအမည်ရှိတဲ့လူရွှင်တော်အဖွဲ့မှာလဲပါဝင်ပြီးတော့အငြိမ့်တော်တော်များများကခဲ့ဖူးတဲ့မင်းသားလဲဖြစ်ပါတယ်။

မင်မော်ကွန်းမှာတော့ချစ်စရာကောင်းတဲ့သားသားမီးမီးတွေလဲပိုင်ဆိုင်ထားပါသေးတယ်။သရုပ်ဆောင်မင်းမော်ကွန်ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာလဲအားတက်သရောပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဒီလိုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်အရေးယူထားခြင်းခံရတာကြောင့်ဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ် တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲသူတတ်နိုင်တဲ့ဘက်ပါနေတော်လှန်ရေးကြီးမှာတထောင့်တနေရာကနေပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။

မင်းမော်ကွန်းကမကြာခဏဆိုသလိုသူ့ရဲ့လူမှုကွန်ယက်ထက်မှာအိမ်ကိုလွမ်းကြောင်းတွေသားသားမီးမီးကိုလွမ်းကြောင်းတွေ ခံစားချက်တစ်ချို့တွေကိုလဲရေးသားပြောပြလေရှိပါတယ်။

ယခုတစ် ခါမှာလဲ သားသားလေးကိုလွမ်းတဲအကြောင်း- My Day Story မှာတင်ထားပြီးလွမ်းနေကြောင်းကိုသက်သေပြလိုက်ပါတယ်အခုလိုမိသားစုနဲ့ဝေးပြီးတိမ်းရှောင်နေရတဲ့ပြည်သူတွေအားလုံးလဲမိသားစုနဲ့အမြန်စုံစည်းနိုင်ပြီးအေးအေးချမ်းချမ်းနေထိုင်နိုင်ပါစေလို့ဆုတောင်းပေးရင်ဒီသတင်းကိုတင်ဆက်လိုက်ရပါတယ်။

Zawgyi






