နေပြည်တော်ရှိ ရဲတပ်ဖွဲ့ကွာရန်တင်းစင်တာ ရဲတပ်ရင်း ၁၇တွင် သံသယလူနာနှင့် အတည်ပြုလူနာများ ပြည့်နေ

Unicode

နေပြည်တော်ရှိ ရဲတပ်ဖွဲ့ကွာရန်တင်းစင်တာ ရဲတပ်ရင်း ၁၇တွင် သံသယလူနာနှင့်အတည်ပြုလူနာများပြည့်နေ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကွာရန်တင်းထားရှိသည့် သာဝတ္ထိအခြေစိုက် အမှတ်(၁၇)ရဲတပ်ရင်းတွင် ကိုဗစ်အတည်ပြုလူနာများနှင့်ကွာရန်တင်းထားရှိသည့် သံသယလူနာများဖြင့်ပြည့်နေကြောင်းသတင်းရရှိသည်။

နေပြည်တော်ရဲတပ်ဖွဲ့ဝင်များနှင့် နေပြည်တော်ပြင်ပမှလာရောက်သော ရဲတပ်ဖွဲ့ဝင်များထားရှိကုသပေးနေသည့်အဆိုပါရဲတပ်ရင်းတွင်

နေရာလွတ်မရှိတော့သဖြင့်စည်ပင်ဧည့်ရိပ်သာသို့ လွှဲ ပြောင်းပို့ဆောင်နေရကြောင်းနေပြည်တော်ရဲ့တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှသိရသည်။

“တပ်ရင်း ၁၇ မှာပြည့်နေလို့ စည်ပင်အဲ့ရိပ်သာဘက်ကိုလွှဲတယ်။အဲ့ဒီမှာက အခန်းခရော စားစရိတ်​ပါပေးနေရတယ်လို့သိရတယ်။ အဆင်မပြေကြဘူး”ဟုနေပြည်တော်ရဲတပ်ဖွဲ့အသိုင်း အဝိုင်းနှင့် နီးစပ်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

နေပြည်တော်ရှိ ရဲဌာနချုပ်ရုံးနှင့် ပြည်ထဲရေးရုံးများကိုပါ COVID-19 ရောဂါပိုးကူးစက်ပျံ့ပွားနေပြီးပိုးတွေ့ရှိသူများနှင့် ၄င်းတို့၏ မိသားစုဝင်များပါ ကွာရန်တင်းထားစောင့်ကြည့်စစ်ဆေးနေရကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူအချို့ထံမှသိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID- 19ရောဂါပိုး ကူးစက်မှုမြင့်တက်နေပြီးဇမ္ဗူသီရိမြို့နယ်နှင့်ပျဥ်းမနားမြို့နယ်တို့အား

Stay Home ကြေငြာထားသော်လည်း ပိုးတွေ့အများဆုံးမြို့ဖြစ်သည့် စစ်ရုံးစိုက်ရာဇေယျာသီရိမြို့နယ်မပါဝင်သေးကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့အထိ COVID-19အတည်ပြုလူနာ၂၃၀၀ ကျော်ရှိနေပြီး ၂၀ ဦးခန့်သေဆုံးပြီးဖြစ်ကြောင်းသိရသည်။
#နေပြည်တော် #ရဲတပ်ရင်း #COVID-19 #Ayeyarwaddy Times

Zawgyi

ေနျပည္ေတာ္ရွိရဲတပ္ဖြဲ႕ကြာရန္တင္းစင္တာ ရဲတပ္ရင္း ၁၇တြင္ သံသယလူနာႏွင့္ အတည္ျပဳလူနာမ်ား ျပည့္ေန

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ရဲတပ္ဖြဲ႕ဝင္မ်ား ကြာရန္တင္းထားရွိသည့္ သာဝတၳိအေျခစိုက္ အမွတ္(၁၇)ရဲတပ္ရင္းတြင္

ကိုဗစ္အတည္ ျပဳလူနာမ်ားႏွင့္ ကြာရန္တင္းထားရွိသည့္ သံသ ယလူနာမ်ားျဖင့္ ျပည့္ေနေၾကာင္း သတင္းရရွိ သည္။

ေနျပည္ေတာ္ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေနျပည္ေတာ္ျပင္ပမွလာေရာက္ေသာ ရဲတပ္ဖြဲ႕ဝင္မ်ား ထားရွိကုသေပးေနသည့္ အဆိုပါရဲတပ္ရင္းတြင္ ေနရာ

လြတ္မရွိေတာ့သျဖင့္ စည္ပင္ဧည့္ရိပ္သာသို႔လႊဲ ေျပာင္းပို႔ေဆာင္ေနရေၾကာင္း ေနျပည္ေတာ္ရဲ႕တပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးထံမွသိရသည္။

” တပ္ရင္း ၁၇ မွာျပည့္ေနလို႔ စည္ပင္အဲ့ရိပ္သာ ဘက္ကိုလႊဲတယ္။ အဲ့ဒီမွာက အခန္းခေရာစားစရိတ္​ပါေပးေနရတယ္လို႔သိရတယ္။

အဆင္မေျပၾကဘူး” ဟု ေနျပည္ေတာ္ရဲတပ္ဖြဲ႕အသိုင္း အဝိုင္းႏွင့္ နီးစပ္သူတစ္ဦးကဧရာဝတီတိုင္းမ္ကိုေျပာသည္။

ေနျပည္ေတာ္ရွိ ရဲဌာနခ်ဳပ္႐ုံးႏွင့္ ျပည္ထဲေရး႐ုံး မ်ားကိုပါ COVID-19 ေရာဂါပိုးကူးစက္ပ်ံ့ပြားေနၿပီး ပိုးေတြ႕ရွိသူမ်ားႏွင့္

၄င္းတို႔၏မိသားစုဝင္မ်ားပါကြာရန္တင္းထား ေစာင့္ၾကည့္စစ္ေဆး ေနရေၾကာင္းရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူအခ်ိဳ႕ထံမွသိရသည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း COVID- 19ေရာဂါပိုး ကူးစက္မႈျမင့္တက္ေနၿပီး ဇမၺဴသီရိၿမိဳ႕နယ္ႏွင့္ ပ်ဥ္းမနားၿမိဳ႕နယ္တို႔အား

Stay Home ေၾက ျငာထားေသာ္လည္းပိုးေတြ႕အမ်ားဆုံးၿမိဳ႕ျဖစ္သည့္ စစ္႐ုံးစိုက္ရာ ေဇယ်ာသီရိၿမိဳ႕နယ္ မပါဝင္ေသးေၾကာင္းသိရွိရသည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း ယမန္ေန႕ ဇူလိုင္လ ၆ ရက္ေန႕အထိ COVID-19အတည္ျပဳလူနာ ၂၃၀၀ ေက်ာ္ရွိေနၿပီး ၂၀ဦးခန့္ေသဆုံးၿပီးျဖစ္ ေၾကာင္းသိရသည္။
#ေနျပည္ေတာ္ #ရဲတပ္ရင္း #COVID-19 #Ayeyarwaddy Times