မိခင်ဖြစ်သူက ကိုဗစ်ကူးစက်ခံထားရတာကြောင့် နို့ဆာနေတဲ့ သမီးငယ်လေးကို နို့တိုက်ခွင့်မရတဲ့ အဖြစ်

Unicode

ကိုဗစ်ရောဂါဆိုးကြီးက တကယ်ကို ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်ခုပါပဲ လူတန်းစားမရွေး ကူးစက်နိုင်သလို အသက်အရွယ်အပိုင်းအခြားလည်း မရွေးတာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ အရမ်းလိုအပ်ပါတယ်

မိသားစုဝင် တစ်ဦးကူးစက်ရင်တောင် တစ်မိသားစုလုံးကို ကူးစက်နိုင်ခြေ အရမ်းများတာကြောင့်ရောဂါအခံရှိသူတွေ

သက်ကြီးရွယ်အိုတွေ ၊ကလေးငယ်လေးတွေအတွက် အသက် အန္တရာယ်ကို ထိခိုက်မှုတွေများစွာရှိနိုင်ပါတယ်

ခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တတိယလှိုင်း အနေနဲ့ ပြန်လည်ဖြစ်ပွားလျက်ရှိပြီး တစ်ချို့နေရာတွေဆို မထိန်းချုပ်နိုင်လောက်အောင်

သေဆုံးသူတွေများပြားနေတာပါ ကိုဗစ်ကြောင့် ရင်နာစရာအဖြစ်တွေကို နေ့စဉ်တိုင်းတွေ့နေကြားနေရတာလည်း တကယ်ကိုစိတ်မကောင်းဖြစ်မိတာအမှန်ပါပဲ

အခုလည်း ကလေးမိခင်တစ်ယောက်ဟာကိုဗစ်ကူးစက်ခံထားရတာကြောင့်(၂)လအရွယ်သူမရဲ့ရင်သွေးလေးနဲ့ခွဲနေရပြီး နို့ဆာနေချိန်တောင်

တိုက်ခွင့်မရလို့ ငိုယိုနေတဲ့သမီးလေးကို ဖခင်ဖြစ်သူက ချော့မြှူထားရတယ်ဆိုတဲ့ရင်နင့်စရာပို့စ်လေးတစ်ခုပျံ့နှံ့လျက်ရှိပါတယ်

ဘယ်မိဘမဆို ကိုယ့်သားသမီးငိုနေတာကို ထိုင်မကြည့်နိုင်ကြပါဘူး သူရဲ့ရင်ထဲမှာဘယ်လောက်တောင်ပူပန်သောကရောက်နေမလည်းဆိုတာကိုယ်ချင်းစာမိတာအမှန်ပါပဲ

ဒီလို မအိပ်နိုင်လောက်အောင် စိတ်သောကရောက်နေတဲ့ မိခင်ကို ဆရာဝန်တွေ တိုင်ပင်ပြီး ကလေးငယ်လေးကို နို့တိုက်ခွင့်ရအောင်ပြုလုပ်ပေးခဲ့ကြောင်းကိုလည်း

ပေါင်မြို့နယ်တွင် ကိုဗစ် ပိုးတွေ့တဲ့အထဲမှာမှ နို့စို့ကလေးရဲ့မိခင်ကPositive ဖြစ်ပြီး (၂)လသားသမီးလေးက Negative ဖြစ်ပါတယ်။

ကလေးအမေက P ဆိုတော့ ကလေးနဲ့ တစ်ကွဲတစ်ပြားဖြစ်သွားပါတယ်။ကလေးအမေကိုIso-2ပို့နေတဲ့အချိန် ကလေးအဖေက သူ့သမီးလေးကို သီချင်းဆိုပြီးချော့မြူနေတာကြားရတော့တွေ့မြင်ရတဲ့သူတိုင်း မျက်ရည်ဝဲခဲ့ကြရပါတယ်။

ကလေးလည်းနို့မပြတ်သေးတဲ့အရွယ် ဖြစ်နေပါတယ်။ဒီလိုနဲ့ Iso တာဝန်ခံဆရာဝန် Dr Hက ကလေးကို

မိခင်ရင်ခွင်ထဲပြန်ရောက်စေဖို့ပြောလာတော့အားလုံးတိုင်ပင်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရပါတယ်။

ကလေးက သူ့မိခင်ရဲ့ရင်ခွင်ထဲရောက်သွားပြီဖြစ်ပြီးကလေးမိခင်ဖြစ်သူကို မေးကြည့်လိုက်တော့ “ကျွန်မဒီညတော့ အိပ်ပျော်ပါပြီ”တဲ့လေ။

သမီးလေးနဲ့မိခင်လည်းအမြန်နေကောင်းကျန်းမာပါစေလို့ဆုတောင်းပေးနေကြပါတယ်။

ဆိုပြီးရေးသားဖော်ပြထားပါတယ်စာလေးဖတ်ပြီး စိတ်မကောင်းဖြစ်မိသလို ပြည်သူအားလုံးလည်း ဒီရောဂါကပ်ဆိုးကြီးကနေကင်းဝေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
Credit