စစ်ဘေးရှောင်ပြည်သူ‌တွေအတွက်အန္တရာယ်တွေကြားက လှူဒါန်းမှုတွေပြုလုပ်‌ပေးနေတဲ့ အဆိုတော် မီးနို ဖမ်းဆီးခံရကြောင်း သိရ

Unicode

ဒီကနေ့ ဂျူလိုင်လ ၆ ရက်နေ့မှာပဲ 2009 Melody World ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ တေးသံရှင်အဆိုတော်မီးနို စစ်.ကောင်.စီတပ်တွေရဲ့အဓ.မ္မဖမ်းဆီးခံလိုက်ရတယ်လို့သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ပါတ်သတ်ပြီး မီးနိုရဲ့သူငယ်ချင်းဖြစ်သူ အဆိုတော် Leoက “ကျနော့်သူငယ်ချင်းမီးနိုကိုမတရားဖမ်းဆီးသွားပါပြီ”လို့ အတည်ပြုရေးသားထားပါတယ်။

အဆိုတော် မီးနိုဟာတိုင်းရင်းသားစစ်ဘေးရှောင် ပြည်သူများအတွက်လိုအပ်နေတဲ့စားနပ်ရိက္ခာများ၊ ဆေးဝါးများပို့ဆောင် လှူဒါန်းခဲ့ပြီး၊ အခြားလိုအပ်နေတဲ့နေရာများကိုလည်းကူညီလှူဒါန်းပေးနေသူတစ်ဦးဖြစ်ပါတယ်။

Photo – Mee No’s Facebook
#MyanmarLabourNews

Zawgyi




Photo – Mee No’s Facebook
#MyanmarLabourNews