မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ Tokyo ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရ

Unicode

မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာဟာ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် Tokyo ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတယ်လို့

Badminton World Federation (BWF) ကြေညာ လိုက်ပါတယ်။ BWF ရဲ့ကြေညာချက် အရသက်ထားသူဇာဟာ တစ်ဦးချင်းပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီးပြိုင်ဖက်နိုင်ငံ ၄၂ နိုင်ငံရှိပါတယ်။

“သက်ထား နှစ်တွေချီပြီးမျှော်လင့်နေတဲ့ အိမ်မက် တကယ်ဖြစ် လာပါပြီ။ Tokyo 2020 Olympicကို တကယ်၀င်ခွင့်ရခဲ့ပါပြီ။အားလုံးခက်ခဲနေကြတဲ့အချိန် စိတ်တွေညစ်ညူးနေရတဲ့ အချိန်လေးမှာ ခဏလေးပဲဖြစ်ဖြစ်ပြုံးနိုင်‌အောင်လို့ပါ။

သက်ထားက မြန်မာပြည်သူ ပြည်သား အားလုံးအတွက် အကောင်းဆုံးကိုယ်စားပြုပါဝင်ယှဉ်ပြိုင် သွားမှာပါ သက်ထား ရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူပြည်သား

အားလုံးရဲ့ အောင်မြင်မှုတွေပါပဲ။ ” ဆိုပြီး သူမရဲ့လူမှု ကွန်ရက်မှာရေးသားထားပါတယ်။သက်ထားသူဇာ ဟာ ၂၀၂၀ မတ်လကတည်းက နိုင်ငံတကာ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရခြင်းမရှိတော့ဘဲ

တိုကျို အိုလံပစ်ပြိုင်ပွဲမှာ တစ်နှစ်ခွဲ ဝန်းကျင်ကာလအတွင်း ပထမဆုံး ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။သူမဟာ အိုလံပစ်ဝင်ခွင့်လက်ရည်စစ် ပွဲကာလအတွင်း

စုစုပေါင်း ၁၅ ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန် ပြီးခဲ့တဲနှစ် အနည်းငယ်ကတည်းကကြိုးပမ်းခဲ့ တာဖြစ်ပါတယ်။၂၀၁၈ ခုနှစ်မှ စတင်ကာ Badminton World Federation

(BWF) ကပြုလုပ်တဲ့ ပြိုင်ပွဲတွေမှာအောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး လက်ရှိ အချိန်ထိ ချန်ပီယံဆုရှစ်ကြိမ်၊ ဒုတိယဆု သုံးကြိမ်ရရှိထားပါတယ်။

အိုလံပစ် ပြိုင်ပွဲကျင်းပမယ့် အဖွဲ့အစည်းကလည်းပွဲကြည့်ပရိတ်သက်နဲ့ အားကစားသမားတွေအတွက် ကိုဗစ်ပိုးကူးစက်မခံရအောင် စီစဉ်သွားမယ်လို့ ပြောဆိုထားပါတယ်။ Photo – Thet Htar Thuzar FB

Zawgyi

ျမန္မာ့ ၾကက္ေတာင္မယ္ သက္ထားသူဇာဟာ lဂ်ပန္နိုင္ငံမွာ ျပဳလုပ္မယ့္ Tokyo ၂၀၂၀ အိုလံပစ္ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရတယ္လို႔

Badminton World Federation (BWF) ေၾကညာ လိုက္ပါတယ္။ BWF ရဲ႕ေၾကညာခ်က္ အရသက္ထားသူဇာဟာ တစ္ဦးခ်င္းၿပိဳင္ပြဲမွာဝင္ေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီးၿပိဳင္ဖက္နိုင္ငံ ၄၂ နိုင္ငံရွိပါတယ္။

“သက္ထား ႏွစ္ေတြခ်ီၿပီးေမွ်ာ္လင့္ေနတဲ့ အိမ္မက္ တကယ္ျဖစ္ လာပါၿပီ။ Tokyo 2020 Olympicကို တကယ္၀င္ခြင့္ရခဲ့ပါၿပီ။အားလုံးခက္ခဲေနၾကတဲ့အခ်ိန္ စိတ္ေတြညစ္ၫူးေနရတဲ့ အခ်ိန္ေလးမွာ ခဏေလးပဲျဖစ္ျဖစ္ၿပဳံးနိုင္‌ေအာင္လို႔ပါ။

သက္ထားက ျမန္မာျပည္သူ ျပည္သား အားလုံးအတြက္ အေကာင္းဆုံးကိုယ္စားျပဳပါဝင္ယွဥ္ၿပိဳင္ သြားမွာပါ သက္ထားရဲ႕ ေအာင္ျမင္မႈေတြဟာ ျမန္မာျပည္သူျပည္သား

အားလုံးရဲ႕ ေအာင္ျမင္မႈေတြပါပဲ။ ” ဆိုၿပီး သူမရဲ႕လူမႈ ကြန္ရက္မွာေရးသားထားပါတယ္။သက္ထားသူဇာ ဟာ ၂၀၂၀ မတ္လကတည္းက နိုင္ငံတကာ lၿပိဳင္ပြဲေတြယွဥ္ၿပိဳင္ရျခင္းမရွိေတာ့ဘဲ

တိုက်ိဳ အိုလံပစ္ၿပိဳင္ပြဲမွာ တစ္ႏွစ္ခြဲ ဝန္းက်င္ကာလအတြင္း ပထမဆုံး ယွဥ္ၿပိဳင္ရမည့္ နိုင္ငံတကာ ၿပိဳင္ပြဲလည္း ျဖစ္ပါတယ္။သူမဟာ အိုလံပစ္ဝင္ခြင့္လက္ရည္စစ္ ပြဲကာလအတြင္း

စုစုေပါင္း ၁၅ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီးအိုလံပစ္ၿပိဳင္ပြဲဝင္ခြင့္ရရန္ ၿပီးခဲ့တဲႏွစ္ အနည္းငယ္ကတည္းက ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။၂၀၁၈ ခုႏွစ္မွစတင္ကာ Badminton World Federation

(BWF)ကျပဳလုပ္တဲ့ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈေတြ ရယူနိုင္ခဲ့ၿပီး လက္ရွိ အခ်ိန္ထိ ခ်န္ပီယံဆု ရွစ္ႀကိမ္၊ ဒုတိယဆုသုံးႀကိမ္ရရွိထားပါတယ္။

အိုလံပစ္ ၿပိဳင္ပြဲက်င္းပမယ့္ အဖြဲ႕အစည္းကလည္းပြဲၾကည့္ပရိတ္သက္နဲ႕ အားကစားသမားေတြအတြက္ ကိုဗစ္ပိုးကူးစက္မခံရေအာင္ စီစဥ္သြားမယ္လို႔ ေျပာဆို ထားပါတယ္။ Photo – Thet Htar Thuzar FB

Add a Comment

Your email address will not be published. Required fields are marked *