ဒုက္ခတွေများနေတဲ့ကြားက အကိုကြီးအဖရာပီသလွန်းတဲ့ စစ်ရှောင်စခန်းက ကလေးတစ်ယောက်ရဲ့ လေးစားစရာလုပ်ရပ်

Unicode

စစ်ဘေးရှောင်ရတဲ့အခြေအနေဟာ ထင်ထားတာထက်အများကြီးပိုပြီးခက်ခဲပင်ပန်းပါတယ်။ မလုံခြုံတဲ့နေရာမှာ ဘယ်အချိန်အသက်ဘေးကြုံမလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့နေရတဲ့ ဘဝတွေပါ။ အတူတူပြေးရင်းလွှားရင်း မိသားစုတွေနဲ့လည်းဝေးကွာခဲ့ရတာတွေရှိခဲ့ပါတယ်။

ဒီလိုဒုက္ခတွေများတဲ့ စစ်ရှောင်စခန်းမှာနေနေရတဲ့ မောင်နှမနှစ်ယောက်ရဲ့ ကြည်နူးစရာ အပြုအမူလေးတစ်ခုကို အလှူသွားလုပ်ပေးတဲ့ ပရဟိတသမားတစ်ယောက်က ပြန်လည်ပြောပြလာခဲ့ပါတယ်။

အကိုအကြီးဖြစ်သူဟာ ဘာမုန့်လေးပဲရရ ညီမလေးကို အရင်ကျွေးပြီး ညီမလေးကလည်း အကိုကြီးခွံ့ကျွေးတာကိုပဲအမြဲစားသူပါ။ ညီမဖြစ်သူမစားတော့ဘူးဆိုမှ သူကစပြီး စားတတ်တယ်လို့ဆိုပါတယ်။

နောက်ထပ်ကလေးတစ်ယောက်ကလည်း ဘာကျွေးကျွေးအမြဲတမ်းဇလုံအကြီးတစ်လုံးနဲ့ အဝစားတတ်တဲ့အကြောင်းလည်းပြောပြခဲ့ပါသေးတယ်။ ကလေးတွေဆိုတာဖြူစင်ရိုးသားပြီး မကောင်းတဲ့စိတ်ဆိုတာ ထားရကောင်းမှန်းကိုမသိကြသေးပါဘူး။ ဒီလိုဖြူစင်တဲ့ကလေးတွေဟာ အရွယ်နဲ့မမျှတဲ့ဒုက္ခတွေခံစားနေရတာ စိတ်မကောင်းစရာပါ။ အလှူရှင်တွေရဲ့စေတနာတွေကြောင့်သာ စားရေးသောက်ရေး တဒင်္ဂအဆင်ပြေနိုင်ပေမယ့် ရေရှည်သာဒီလိုဆက်ဖြစ်နေမယ်ဆိုရင် စစ်ဘေးရှောင်ပြည်သူတွေအတွက် ပိုပြီးခက်ခဲတဲ့ အခြေအနေတွေဖြစ်လာမှာပါ။

ချစ်စရာကလေးလေးတွေရဲ့အပြုအမူအကြောင်းကို ” ကျွန်တော်တို့အအေးတိုက်/မိုင်လိုတိုက်တိုင်း သတိထားမိတဲ့ကလေး (၃) ယောက်။ ပထမ (၂) ယောက်ကမောင်နှမတဲ့ အစ်ကိုဖြစ်သူက အမြဲတမ်း မုန့်လေးတွေကိုခွံ့ကျွေးတယ် ညီမဖြစ်သူကလည်းအစ်ကိုခွံ့ကျွေးတာပဲစားတယ်။ စိတ်ဝင်စားဖို့ကောင်း တာကအမြဲတမ်းညီမဖြစ်သူတော်ပြီဆိုမှအစ်ကိုကစပြီးစားတာပဲ

ဒုတိယပုံက ကလေးမလေးကကျတော့ အမြဲတမ်းအဲ့ဇလုံကြီးနဲ့လာတာ။ ဘာတိုက်တိုက် အဲ့ဇလုံကြီးနဲ့ပဲအားရပါးရကစ်တာ သူ့ကိုသွားမေးတယ် ခွက်အသေးမရှိဘူးလားဆိုတော့ ရှိတယ်တဲ့ ဒါပေမဲ့အမြဲအဲ့ဇလုံကြီးပဲယူလာတယ် သူ့ကြည့်ရတာ ကိုယ်ပါအားဖြစ်တယ် အားနဲ့မာန်နဲ့သောက်တာ။

ကိုယ်စိတ်ဓာတ်ကျနေတာတောင်သူတို့လေးတွေကို ကြည့်ပြီး တကယ်ကိုပြန်အားတက်ရပါတယ် ။ ” ဆိုပြီး ကိုယ်စားလှူပေးသူ ပရဟိတအကျိုးတော်ဆောင်က ချစ်စနိုးပြောပြလာခဲ့ပါတယ်။
ប្រភព៖ Aung Khine Min’s FB Acc

Zawgyi

စစ္ေဘးေရွာင္ရတဲ့အေျခအေနဟာ ထင္ထားတာထက္အမ်ားႀကီးပိုၿပီးခက္ခဲပင္ပန္းပါတယ္။ မလုံၿခဳံတဲ့ေနရာမွာ ဘယ္အခ်ိန္အသက္ေဘးႀကဳံမလဲဆိုတာကို စိုးတထိတ္ထိတ္နဲ႕ေနရတဲ့ ဘဝေတြပါ။ အတူတူေျပးရင္းလႊားရင္း မိသားစုေတြနဲ႕လည္းေဝးကြာခဲ့ရတာေတြရွိခဲ့ပါတယ္။

ဒီလိုဒုကၡေတြမ်ားတဲ့ စစ္ေရွာင္စခန္းမွာေနေနရတဲ့ ေမာင္ႏွမႏွစ္ေယာက္ရဲ႕ ၾကည္ႏူးစရာ အျပဳအမူေလးတစ္ခုကို အလႉသြားလုပ္ေပးတဲ့ ပရဟိတသမားတစ္ေယာက္က ျပန္လည္ေျပာျပလာခဲ့ပါတယ္။

အကိုအႀကီးျဖစ္သူဟာ ဘာမုန႔္ေလးပဲရရ ညီမေလးကို အရင္ေကြၽးၿပီး ညီမေလးကလည္း အကိုႀကီးခြံ႕ေကြၽးတာကိုပဲအၿမဲစားသူပါ။ ညီမျဖစ္သူမစားေတာ့ဘူးဆိုမွ သူကစၿပီး စားတတ္တယ္လို႔ဆိုပါတယ္။

ေနာက္ထပ္ကေလးတစ္ေယာက္ကလည္း ဘာေကြၽးေကြၽးအၿမဲတမ္းဇလုံအႀကီးတစ္လုံးနဲ႕ အဝစားတတ္တဲ့အေၾကာင္းလည္းေျပာျပခဲ့ပါေသးတယ္။ ကေလးေတြဆိုတာျဖဴစင္ရိုးသားၿပီး မေကာင္းတဲ့စိတ္ဆိုတာ ထားရေကာင္းမွန္းကိုမသိၾကေသးပါဘူး။ ဒီလိုျဖဴစင္တဲ့ကေလးေတြဟာ အ႐ြယ္နဲ႕မမွ်တဲ့ဒုကၡေတြခံစားေနရတာ စိတ္မေကာင္းစရာပါ။ အလႉရွင္ေတြရဲ႕ေစတနာေတြေၾကာင့္သာ စားေရးေသာက္ေရး တဒဂၤအဆင္ေျပနိုင္ေပမယ့္ ေရရွည္သာဒီလိုဆက္ျဖစ္ေနမယ္ဆိုရင္ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ပိုၿပီးခက္ခဲတဲ့ အေျခအေနေတြျဖစ္လာမွာပါ။

ခ်စ္စရာကေလးေလးေတြရဲ႕အျပဳအမူအေၾကာင္းကို ” ကြၽန္ေတာ္တို႔အေအးတိုက္/မိုင္လိုတိုက္တိုင္း သတိထားမိတဲ့ကေလး (၃) ေယာက္။ ပထမ (၂) ေယာက္ကေမာင္ႏွမတဲ့ အစ္ကိုျဖစ္သူက အၿမဲတမ္း မုန႔္ေလးေတြကိုခြံ႕ေကြၽးတယ္ ညီမျဖစ္သူကလည္းအစ္ကိုခြံ႕ေကြၽးတာပဲစားတယ္။ စိတ္ဝင္စားဖို႔ေကာင္း တာကအၿမဲတမ္းညီမျဖစ္သူေတာ္ၿပီဆိုမွအစ္ကိုကစၿပီးစားတာပဲ

ဒုတိယပုံက ကေလးမေလးကက်ေတာ့ အၿမဲတမ္းအဲ့ဇလုံႀကီးနဲ႕လာတာ။ ဘာတိုက္တိုက္ အဲ့ဇလုံႀကီးနဲ႕ပဲအားရပါးရကစ္တာ သူ႕ကိုသြားေမးတယ္ ခြက္အေသးမရွိဘူးလားဆိုေတာ့ ရွိတယ္တဲ့ ဒါေပမဲ့အၿမဲအဲ့ဇလုံႀကီးပဲယူလာတယ္ သူ႕ၾကည့္ရတာ ကိုယ္ပါအားျဖစ္တယ္ အားနဲ႕မာန္နဲ႕ေသာက္တာ။

ကိုယ္စိတ္ဓာတ္က်ေနတာေတာင္သူတို႔ေလးေတြကို ၾကည့္ၿပီး တကယ္ကိုျပန္အားတက္ရပါတယ္ ။ ” ဆိုၿပီး ကိုယ္စားလႉေပးသူ ပရဟိတအက်ိဳးေတာ္ေဆာင္က ခ်စ္စနိုးေျပာျပလာခဲ့ပါတယ္။
ប្រភព៖ Aung Khine Min’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *