တပ်မတော်ခွဲစိတ်ဆရာ၀န်ကြီးဗိုလ်ကြီးမင်းမောင်မောင် ပြည်သူလုထုဘက်သို့ဘက်ပြောင်းခိုလှုံ

Unicode

နွေဦးတော်လှန်ရေးမှာပါဝင်ပြီး စစ်အာဏာရှင်ဖြုတ်ချရေးအတွက် အလွှာပေါင်းစုံက နိုင်ငံဝန်ထမ်းတွေများစွာCDMပြုလုပ်နေကြကာ CDMပြုလုပ်ကြသူတွေထဲ ရဲတွေ၊တပ်မတော်သားတွေလည်းပါဝင်ကြပါတယ်။ မနေ့ကတော့ ပထမတန်းခွဲစိတ်ပါရဂူဗိုလ်ကြီးမင်းမောင်မောင်ဟာ CDMပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဓမ္မ နဲ့အဓမ္မကို ခွဲခြားသိမြင်ပြီး စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ပြည်သူ့ရင်ခွင်သို့ ခိုဝင်လာတဲ့ ခွဲစိတ်ပါရဂူဗိုလ်ကြီးမင်းမောင်မောင်ကို ပြည်သူတွေက လက်ကမ်းကြိုဆိုနေကြပါတယ်။

အမှန်တရားဘက်ကနေ ရပ်တည်ပြီး မှန်ကန်တဲ့လမ်းကိုရွေးချယ်ခဲ့တဲ့ ဗိုလ်ကြီးမင်းမောင်မောင်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း ပြည်သူတွေက ပြောဆိုနေကြပါတယ်။

ဗိုလ်ကြီးမင်းမောင်မောင်ကတော့ ယခုမှာ ဘေးကင်းရာနေရာဖြစ်တဲ့ တော်လှန်ရေးနယ်မြေထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်ဆရာဝန်ဖြစ်တဲ့ ဗိုလ်ကြီးမင်းမောင်မောင်ဟာ ” စစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုယန္တရားမှာ ခွေးသွားစိတ်ငါမဖြစ်စေရ”ဆိုတဲ့စိတ်နဲ့CDMပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြည်သူတွေကို အသိပေးပြောကြားလာခဲ့ပါတယ်။

ဗိုလ်ကြီးမင်းမောင်မောင်ကတော့ ” နွေဦးတော်လှန်ရေးအစ ကတည်းကမှန်ကန်တဲ့သတင်းစကားတွေပြည်သူတွေ စိတ်အားတက်စေမဲ့အကြောင်းအရာတွေကိုအစဉ်တစိုက် ရေးသားမျှဝေခဲ့လို့ ကျနော်ဘယ်သူလဲဆိုတာကျနော်friend တွေသိချင်ခဲ့ကြမှာပါ။

ဟုတ်ကဲ့ကျနော် မင်းမောင်မောင်ပါ ပထမတန်းခွဲစိတ်ပါရဂူဗိုလ်ကြီးပါပြည်သူ့ဘက်ကို ရပ်တည်ခဲ့တဲ့စစ်ဆရာဝန် တစ်ဦးပါ။

“စစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုယန္တရားမှာခွေးသွားစိတ် ငါမဖြစ်စေရ”ဆိုတဲ့စိတ်နဲ့ပါ။နိုင်မှာသိလို့ရွေးချယ်ခဲ့တာမဟုတ် မှန်တာသိလို့ရပ်တည်ခဲ့တာပါ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
Source : Original Uploder

Zawgyi

ေႏြဦးေတာ္လွန္ေရးမွာပါဝင္ၿပီး စစ္အာဏာရွင္ျဖဳတ္ခ်ေရးအတြက္ အလႊာေပါင္းစုံက နိုင္ငံဝန္ထမ္းေတြမ်ားစြာCDMျပဳလုပ္ေနၾကကာ CDMျပဳလုပ္ၾကသူေတြထဲ ရဲေတြ၊တပ္မေတာ္သားေတြလည္းပါဝင္ၾကပါတယ္။ မေန႕ကေတာ့ ပထမတန္းခြဲစိတ္ပါရဂူဗိုလ္ႀကီးမင္းေမာင္ေမာင္ဟာ CDMျပဳလုပ္ၿပီး ျပည္သူေတြနဲ႕အတူ ရပ္တည္ေၾကာင္း ေျပာၾကားလာခဲ့ပါတယ္။

ဓမၼ နဲ႕အဓမၼကို ခြဲျခားသိျမင္ၿပီး စစ္အာဏာရွင္ အျမစ္ျပတ္ေရးအတြက္ ျပည္သူ႕ရင္ခြင္သို႔ ခိုဝင္လာတဲ့ ခြဲစိတ္ပါရဂူဗိုလ္ႀကီးမင္းေမာင္ေမာင္ကို ျပည္သူေတြက လက္ကမ္းႀကိဳဆိုေနၾကပါတယ္။

အမွန္တရားဘက္ကေန ရပ္တည္ၿပီး မွန္ကန္တဲ့လမ္းကိုေ႐ြးခ်ယ္ခဲ့တဲ့ ဗိုလ္ႀကီးမင္းေမာင္ေမာင္အတြက္ ဝမ္းသာဂုဏ္ယူမိေၾကာင္း ျပည္သူေတြက ေျပာဆိုေနၾကပါတယ္။

ဗိုလ္ႀကီးမင္းေမာင္ေမာင္ကေတာ့ ယခုမွာ ေဘးကင္းရာေနရာျဖစ္တဲ့ ေတာ္လွန္ေရးနယ္ေျမထဲကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။

စစ္ဆရာဝန္ျဖစ္တဲ့ ဗိုလ္ႀကီးမင္းေမာင္ေမာင္ဟာ ” စစ္အာဏာရွင္ရဲ႕အုပ္ခ်ဳပ္မႈယႏၲရားမွာ ေခြးသြားစိတ္ငါမျဖစ္ေစရ”ဆိုတဲ့စိတ္နဲ႕CDMျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ျပည္သူေတြကို အသိေပးေျပာၾကားလာခဲ့ပါတယ္။

ဗိုလ္ႀကီးမင္းေမာင္ေမာင္ကေတာ့ ” ေႏြဦးေတာ္လွန္ေရးအစ ကတည္းကမွန္ကန္တဲ့သတင္းစကားေတြျပည္သူေတြ စိတ္အားတက္ေစမဲ့အေၾကာင္းအရာေတြကိုအစဥ္တစိုက္ ေရးသားမွ်ေဝခဲ့လို႔ က်ေနာ္ဘယ္သူလဲဆိုတာက်ေနာ္friend ေတြသိခ်င္ခဲ့ၾကမွာပါ။

ဟုတ္ကဲ့က်ေနာ္ မင္းေမာင္ေမာင္ပါ ပထမတန္းခြဲစိတ္ပါရဂူဗိုလ္ႀကီးပါျပည္သူ႕ဘက္ကို ရပ္တည္ခဲ့တဲ့စစ္ဆရာဝန္ တစ္ဦးပါ။

“စစ္အာဏာရွင္ရဲ႕အုပ္ခ်ဳပ္မႈယႏၲရားမွာေခြးသြားစိတ္ ငါမျဖစ္ေစရ”ဆိုတဲ့စိတ္နဲ႕ပါ။နိုင္မွာသိလို႔ေ႐ြးခ်ယ္ခဲ့တာမဟုတ္ မွန္တာသိလို႔ရပ္တည္ခဲ့တာပါ ” ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။
Source : Original Uploder

Add a Comment

Your email address will not be published. Required fields are marked *