ပညာရေးကိုပဲ အာရုံစိုက်မယ်ဆိုတဲ့ ဝါဝါဝင်းရွှေ ရဲ့မြေး ဝါရွှေနွယ်သွေးဝင်း
Unicode
ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ဝါဝါဝင်းရွှေ ရဲ့‌‌မြေးအကြီးကတော့ လက်ရှိမှာတော့ပညာရေးကိုပဲ အာရုံစိုက်ပြီး ကြိုးစားမယ်လို့ဆိုလာပါတယ်။‌
မြေးနှစ်ဦးရှိတဲ့အနက် ဝါရွှေနွယ်သွေးဝင်း ကတော့ပညာရေးကိုသာ ဦးစားပေးပြီးအွန်လိုင်းကနေ ဂျပန်စာတွေသင်ကြားနေပါတယ်။ မိခင် ဖြစ်သူကတော့ အနုပညာနဲ့ပညာရေးကို သမီးတွေစိတ်တိုင်းကျ လုပ်ခွင့်ပေးထားပါတယ်။
ဝါရွှေနွယ်သွေးဝင်း ကတော့ လောလောဆယ် တက္ကသိုလ်ပထမနှစ်ဆိုတော့ ပညာရေးကိုပဲ အာရုံစိုက်ပါတယ်တဲ့။
ကိုဗစ်ကာလလဲဖြစ်တာကတစ်ကြောင်း နိုင်ငံရေးမတည်မငြိမ်တွေဖြစ်တာကြောင့် အနုပညာဘက်ကိုဆက်မလုပ်နိုင်ပဲ ပညာရေးဘက်ကိုသာ အပြည့်အဝအာရုံစိုက်ထားပါတယ်။
မိခင် ဖြစ်သူကတော့ လက်ရှိမှာ ပညာရေးကိုသာကြိုးစားစေချင်ပြီး အနုပညာကိုပေးမလုပ်ပေမယ့် နောက်ပိုင်းအားလုံးတည်ငြိမ်ရင် အနုပညာကိုသမီးတွေစိတ်တိုင်းကျ လုပ်ခွင့်ပေးမှာပါတဲ့။
မိခင် ဖြစ်သူ ဟေနွယ်ဦးကတော့ သမီးတွေအနုပညာပြန်လည်လုပ်ကိုင်ရင် ပရိသတ်တွေကို အားပေးပါအုန်းလို့ တောင်းဆိုထားပါတယ်။ ဝါရွှေနွယ်သွေးဝင်း‌ လေးကိုဆက်လက် အားပေးလိုက်ပါအုန်းနော်။
Crd
Zawgyi
Crd
Add a Comment
Your email address will not be published. Required fields are marked *